စိတ်နေစိတ်ထားပေါ်မူတည်ပြီး သင်နဲ့ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်စတိုင်ကို ဖော်ထုတ်ပေးမယ်
lotaya.mpt.com.mm
|
2022-06-26

Pixabay/ nastya_gepp

မိန်းကလေးတစ်ယောက်မှာ ဖက်ရှင်စတိုင်ကလည်း အရေးကြီးတဲ့အရာတစ်ခုပါပဲ။ မိန်းကလေးတိုင်းမှာ အလှကိုယ်စီရှိနေပေမယ့် ဒီအလှလေးတွေကို ပိုမိုအသက်ဝင်လာအောင် ဖက်ရှင်စတိုင်တစ်ခုက ဖန်တီးပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားပေါ်မူတည်ပြီး သူနဲ့လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်ကို ဖော်ထုတ်ပေးသွားမှာပါ။ ဒီစမ်းသပ်ချက်လေးမှာ မေးခွန်းလေး (၁၂)ခုကို မေးမြန်းသွားမှာဖြစ်ပြီး မေးခွန်းအလိုက် သင်ဖြေခဲ့တဲ့အဖြတွေက ရရှိခဲ့တဲ့ အမှတ်တွေကတစ်ဆင့် သင့်ရဲ့ဖက်ရှင်စတိုင်ကို ဖော်ထုတ်ပေးသွားမှာပါ။ ကဲ စိတ်ဝင်စားရင် အမြန်ဆုံးလေ့လာကြည့်လိုက်ရအောင်။

မေးခွန်း ၁ - သင်ကြိုက်တဲ့အရောင်ကို ရွေးချယ်ပေးပါ။

(က) ပန်းရောင် (၃မှတ်)

(ခ) အဖြူရောင် (၀မှတ်)

(ဂ) ခရမ်းရောင် (၁မှတ်)

(ဃ) အပြာရောင် (၂မှတ်)

မေးခွန်း ၂ - သင့်အဝတ်အစားတွေကို ဘယ်မှာအများဆုံး ဝယ်လေ့ရှိသလဲ။


Pixabay/ gonghuimin468

(က) စျေးဝယ်စင်တာ (၁မှတ်)

(ခ) အွန်လိုင်း (၂မှတ်)

(ဂ) ဖက်ရှင်ဆိုင် (၃မှတ်)

(ဃ) သတ်မှတ်မထားဘူး (၀မှတ်)

မေးခွန်း ၃ -  ဘယ်အချိန်ကို စိတ်အပျက်ဆုံးလဲ။


Pixabay/ RyanMcGuire

(က) မီးပျက်တဲ့အချိန် (၃မှတ်)

(ခ) ဖုန်းအားမရှိတဲ့အချိန် (၂မှတ်)

(ဂ) ဘေလ်မရှိတဲ့အချိန် (၀မှတ်)

(ဃ) နေမကောင်းတဲ့အချိန် (၁မှတ်)

မေးခွန်း ၄ - ဘယ်လိုအရာတွေကနေ ဖက်ရှင်စတိုင်ကို အတုခိုးလေ့ရှိသလဲ။

(က) ဆယ်လီတွေ (၂မှတ်)

(ခ) ဖက်ရှင်ရှိုးတွေ (၃မှတ်)

(ဂ) ဖက်ရှင်ဘလော့တွေ (၀မှတ်)

(ဃ) ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲ (၁မှတ်)

မေးခွန်း ၅ - သူငယ်ချင်းတွေနဲ့ ဘယ်နေရာမှာ အများဆုံးတွေ့ဖို့ချိန်းဖြစ်သလဲ။


Pixabay/ StockSnap

(က) စျေးဝယ်စင်တာ (၃မှတ်)

(ခ) ကော်ဖီဆိုင် (၂မှတ်)

(ဂ) အိမ် (၀မှတ်)

(ဃ) အတိအကျမရှိဘူး (၁မှတ်)

မေးခွန်း ၆ - ဆိုရှယ်မီဒီယာမှာ အများဆုံး ဘာတွေလုပ်ဖြစ်သလဲ။


Pixabay/ LoboStudioHamburg

(က) ကိုယ့်ပုံကိုယ်တင်တယ် (၃မှတ်)

(ခ) စာတွေပုံတွေရှယ်တယ် (၂မှတ်)

(ဂ) သိပ်မသုံးဖြစ်ဘူး (၀မှတ်)

(ဃ) တခြားလူတွေကို လိုက်လေ့လာတယ် (၁မှတ်)

မေးခွန်း ၇ - ပထမဆုံးချိန်းတွေ့ဖို့ မသွားခင် ဘယ်အရာကိုအချိန်ပေးပြီး အကြာကြီး လုပ်ဖြစ်မယ်ထင်လဲ။


Pixabay/ N-Y-C

(က) ဆံပင် (၀မှတ်)

(ခ) အဝတ်အစား (၂မှတ်)

(ဂ) ဖိနပ် (၁မှတ်)

(ဃ) မိတ်ကပ် (၃မှတ်)

မေးခွန်း ၈ - ဘယ်လိုအရာတွေ စုဆောင်းရတာ သဘောအကျဆုံးလဲ။


Pixabay/ domeckopol

(က) ဖိနပ် (၂မှတ်)

(ခ) အိတ် (၁မှတ်)

(ဂ) ရေမွှေး (၃မှတ်)

(ဃ) နှုတ်ခမ်းနီ (၀မှတ်)

မေးခွန်း ၉ - ဘယ်လိုအမျိုးအစားကို အများဆုံးသောက်ဖြစ်သလဲ။


Pixabay/ Engin_Akyurt

(က) ကော်ဖီ (၂မှတ်)

(ခ) bubble tea (၃မှတ်)

(ဂ) လက်ဖက်ရည် (၀မှတ်)

(ဃ) အသီးဖျော်ရည် (၁မှတ်)

မေးခွန်း ၁၀ - ဘယ်လိုဖက်ရှင်စတိုင်မျိုးကို အများဆုံးဝတ်ဆင်ဖြစ်သလဲ။


Pixabay/ StockSnap

(က) ခေတ်ဆန်ပြီးဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်စတိုင် (၀မှတ်)

(ခ) ချစ်စရာကောင်းတဲ့ ဖက်ရှင်စတိုင် (၁မှတ်)

(ဂ) ကျက်သရေရှိတဲ့ ဖက်ရှင်စတိုင် (၂မှတ်)

(ဃ) စမတ်ကျတဲ့ ဖက်ရှင်စတိုင် (၃မှတ်)

မေးခွန်း ၁၁ - ဘယ်ရာသီကို သဘောအကျဆုံးလဲ။

(က) နွေ (၀မှတ်)

(ခ) မိုး (၁မှတ်)

(ဂ) ဆောင်း (၂မှတ်)

(ဃ) သာမန်ပဲ (၃မှတ်)

(က) မပေးဘူး (၂မှတ်)

(ခ) ပေးတယ် (၁မှတ်)

ကဲ...မေးခွန်းလေးတွေ ဖြေပြီးသွားရင် သင်ရွေးချယ်ခဲ့တဲ့ အဖြေပေါ်မူတည်ပြီး ရရှိခဲ့တဲ့ အမှတ်လေးတွေရဲ့ ပေါင်းလဒ်အရ သင်နဲ့ဘယ်လိုဖက်ရှင်စတိုင်က လိုက်ဖက်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

(က) ၀မှတ် - ၇မှတ်


Pixabay/ sasint

သင်ဟာ ကျန်းမာရေးလိုက်စားပြီး လျင်မြန်ဖျက်လက်ပြီး အမြဲတက်ကြွနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သက်သောင့်သက်သာရှိတဲ့ ဝတ်စားဆင်ယင်မှုကို သဘောကျပြီး မျက်နှာပေါ်မှာ မိတ်ကပ်အများကြီး လိမ်းခြယ်ရတာမျိုးကို မနှစ်သက်ပါဘူး။ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ ရှူးဖိနပ်ကတော့ သင်အနှစ်သက်ဆုံး ဖက်ရှင်စတိုင်ပါပဲ။ သင်နဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်စတိုင်ကို ပြောရမယ်ဆိုရင် အားကစားဖက်ရှင်ပါ။ အားကစားဖက်ရှင်တွေက လွတ်လပ်ပေါ့ပါးပြီး သက်သောင့်သက်သာရှိစေတဲ့အတွက် သင်နဲ့အလိုက်ဖက်ဆုံးပါပဲ။

(ခ) ၈မှတ် - ၁၄မှတ်


Pixabay/ icsilviu

သင်ဟာ သူများနဲ့မတူတဲ့ စိတ်ကူးအကြံာဏ်တွေကို ဖန်တီးနိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ရတာကို သဘောကျပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ တမူထူးဆန်းအောင် ဖန်တီးဝတ်စားနိုင်တဲ့ အမျိုးသမီးဆိုလည်း မမှားပါဘူး။ ပြောရမယ်ဆိုရင် သင့်ဖက်ရှင်စတိုင်တွေက ရိုးရိုးယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိနေတာမျိုးပေါ့။ ထူးခြားတဲ့ အရောင်အဆင်းနဲ့ ဒီဇိုင်းပန်းပြောက်တို့ကို သဘောကျပြီး ခေါင်းမှာအလှဆင်ရတာမျိုးကိုလည်း နှစ်သက်ပါတယ်။ ဒါကြောင့် သင်နဲ့လိုက်ဖက်ပြီးဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်စတိုင်ကို ပြောရမယ်ဆိုရင် အနုပညာရှင်ဆန်တဲ့ ဖက်ရှင်မျိုးပါ။

(ဂ) ၁၅မှတ် - ၂၁မှတ်


Pixabay/ annafill28

သင်ဟာ ပိုးသားလေးလို အပြစ်ကင်းစင်ပြီး မိန်းကလေးပီပီ နူးညံ့သိမ်မွေ့စွာ ပြောဆိုနေထိုင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် သင်နဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ဖက်ရှင်စတိုင်ကို ပြောရမယ်ဆိုရင် ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျက်သရေရှိတဲ့ဝတ်စားဆင်ယင်မှုမျိုးပါ။ ဒီဖက်ရှင်စတိုင်က သင့်ရဲ့မိန်းမပီသတဲ့ အရည်အသွေးကို ပိုမိုပေါ်လွင်စေပြီး သင့်ရဲ့အလှကိုလည်း ပိုမိုအသက်ဝင်လာစေမှာ အမှန်ပါပဲ။

(ဃ) ၂၂မှတ် - ၂၈မှတ်


Pixabay/ TieuBaoTruong

သင်ဟာ ခေတ်နဲ့အညီ ပြောဆိုနေထိုင်တတ်ပေမယ့် မိမိရဲ့ရိုးရာယဉ်ကျေးမှုကိုလည်း မပျောက်မပျက်အောင် အစဉ်ထိန်းသိမ်းနေထိုင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် သင်နဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ဖက်ရှင်စတိုင်ကို ပြောရမယ်ဆိုရင် ခေတ်ဆန်နေပေမယ့် မျက်စိအမြင်မရိုင်း မိမိရဲ့ရိုးရာယဥ်ကျေးမှု အငွေ့အသက်လေးတွေ ပါဝင်နေတဲ့ ဖက်ရှင်မျိုးပါ။

(င) ၂၉ မှတ်အထက်


Pixabay/ nastya_gepp

သင်ဟာ ဆွဲဆောင်မှုရှိပြီး သင့်အလှကြောင့် ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါ့အပြင် လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ အမျိုးသမီးဆိုလည်း မမှားပါဘူး။ ဒါကြောင့် သင်နဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ဖက်ရှင်စတိုင်ကို ပြောရမယ်ဆိုရင် ဆွဲဆောင်မှုရှိရှိ လှပစေမယ့် ဖက်ရှင်မျိုးပါ။ ပြောရမယ်ဆိုရင် သင့်ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပေါ်လွင်စေမယ့် ဖက်ရှင်စတိုင်မျိုးပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..