
Pixabay/ Dharmah / AnnaliseArt / elaly / minorthreadsco / BilliTheCat
အများစုက “ကြောင်နက်” လေးတွေကို ကံဆိုးစေတတ်ပြီး နိမိတ်မကောင်းတဲ့ တိရစ္ဆာန်လေးတွေအဖြစ် သတ်မှတ်ထားတတ်ကြပါတယ်။ ဒါပေမယ့် “ကြောင်နက်” လေးတွေက ကံဆိုးမှုတွေကို ယူဆောင်လာတာမျိုး မဟုတ်ပဲ ဆန့်ကျင်ဘက်အနေနဲ့ သင့်အပေါ် ကျရောက်လာမယ့် ကံဆိုးမှုတွေကို ကြိုတင်ကာကွယ်နိုင်အောင် သတိပေးတတ်တဲ့ တိရစ္ဆာန်လေးတွေပါ။ ဒီနေ့မှာတော့ “ကြောင်နက်” လေးတွေရဲ့ အမူအရာတွေကတစ်ဆင့် သင့်အနာဂတ်ကို ခန့်မှန်းပေးသွားမှာပါ။
နံပါတ် ၁

Pixabay/ AnnaliseArt
ဒီကြောင်နက်လေးရဲ့ အမူအရာလေးက ပြောနေတာကတော့ မကြာခင် သင့်အနေနဲ့ ဒုက္ခအကြီးအကျယ် ကြုံတွေ့နိုင်ရကိန်း ရှိပေမယ့် ဒီဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ပြီး ကောင်းမွန်တဲ့ ပြောင်းလဲတိုးတက်မှုမျိုးနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ အခုတည်းက သင့်စိတ်အခြေအနေကို ကြိုတင်ပြင်ဆင်ထားပြီး ကောင်းမွန်စွာ အနားယူထားပါ။ ဒါမှ ကြုံလာမယ့်ပြဿနာကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်မှာပါ။
နံပါတ် ၂

Pixabay/ elaly
ဒီကြောင်နက်လေးရဲ့ အမူအရာလေးက ပြောနေတာကတော့ မကြာခင် သင့်စိတ်ကို ဇဝေဇဝါဖြစ်စေမယ့် အခြေအနေမျိုးတွေနဲ့ ကြုံလာနိုင်ပြီး ဒီကြားထဲကမှ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ရပါလိမ့်မယ်။ စိတ်မချမ်းမြေ့စရာသတင်းတွေနဲ့ ဒုက္ခတွေက သင့်ကို စောင့်မျှော်နေပါတယ်။ သင့်အနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် ဒီအခြေအနေကြီးကို သိပ်အခက်အခဲမရှိဘဲ ဖြတ်သန်းနိုင်ပါလိမ့်မယ်။
နံပါတ် ၃

Pixabay/ minorthreadsco
ဒီကြောင်နက်လေးရဲ့ အမူအရာလေးက ပြောနေတာကတော့ မကြာခင် သင်ဘဝမှာ လုံးဝမဖြစ်ချင်တဲ့ အရာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုအခြေအနေ ဖြစ်လာခဲ့ရင် သင်ဟာ ဒေါသတွေ၊ မျက်ရည်တွေနဲ့ မကျေနပ်မှုတွေကို ထိန်းချုပ်နိုင်မှာမဟုတ်ပဲ သင့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့လူတွေကို ပြန်ကလဲ့စားချေချင်စိတ်တွေ တဖွားဖွား ဖြစ်နေပါလိမ့်မယ်။
နံပါတ် ၄

Pixabay/ AnnaliseArt
ဒီကြောင်နက်လေးရဲ့ အမူအရာလေးက ပြောနေတာကတော့ မကြာခင် သင်လုံးဝမမျှော်လင့်ထားတဲ့ သတင်းတစ်ခုကို မိတ်ဆွေသူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေဆီက ကြားသိရမှာဖြစ်ပြီး ဒီသတင်းကြောင့် သင့်အနေနဲ့ လုံးဝအံ့သြတုန်လှုပ်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့။ မကောင်းတဲ့သတင်းမဟုတ်ပဲ အံ့သြစရာသတင်းသပ်သပ်ပါ။
နံပါတ် ၅

Pixabay/ BilliTheCat
ဒီကြောင်နက်လေးရဲ့ အမူအရာလေးက ပြောနေတာကတော့ မကြာခင် သင့်အမှားတွေအတွက် နောင်တရမယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ အတိတ်က အမှားတွေကို ပြန်စဥ်းစားပြီး နောင်တရနေလို့ လက်ရှိအခက်အခဲတွေကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး ရှေ့ဆက်ဖို့ကြိုးစားပါလို့ အကြံပေးချင်ပါတယ်။
နံပါတ် ၆

PIxabay/ Dharmah
ဒီကြောင်နက်လေးရဲ့ အမူအရာလေးက ပြောနေတာကတော့ အနာဂတ်မှာ သင့်အနေနဲ့ ဘာမှထူးခြားတဲ့ ပြောင်းလဲမှုမျိုး ကြုံရမှာမဟုတ်ပါဘူး။ အရာအားလုံးက သင့်အတွက် အဆင်ပြေနေလွန်းလို့ ပျင်းရိငြီးငွေ့တဲ့ ခံစားချက်မျိုးတောင် ဖြစ်နေပါလိမ့်မယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz