သင့်စိတ်နေစိတ်ထားကို ဒီတိဗက်စမ်းသပ်ချက်လေးကတစ်ဆင့် ဖော်ထုတ်ပေးမယ်
lotaya.mpt.com.mm
|
2022-09-20

Pixabay/ meravlux

ဒီနေ့မှာတော့ သင့်ရဲ့စိတ်နေစိတ်ထားကို တိဗက်လူမျိုးတွေရဲ့ စမ်းသပ်ချက်လေးနဲ့ ဖော်ထုတ်ပေးသွားမှာပါ။ မေးခွန်းလေး ၃ခုကို အဓိကထားမေးသွားမှာဖြစ်ပြီး မေးခွန်းတစ်ခုချင်းစီအလိုက် သင်ဖြေလိုက်တဲ့အဖြေလေးတွေက သင့်ရဲ့စိတ်နေစိတ်ထားကို ဖော်ထုတ်ပေးသွားမှာပါ။ ကဲ စိတ်ဝင်စားရင်တော့ အခုပဲ လေ့လာကြည့်လိုက်ရအောင်နော်။

မေးခွန်း ၁ - သင်နှစ်သက်တဲ့ တိရစ္ဆာန်တစ်ကောင်ကို ရွေးချယ်ပေးပါ။


Pixabay/ GraphicMama-team

(က) နွား

(ခ) ကျား

(ဂ) သိုး

(ဃ) မြင်း

မေးခွန်း ၂ - ပေးထားတဲ့အဖြေတွေထဲက သင့်စိတ်ထဲက သဘောကျတဲ့တစ်ခုကို ရွေးချယ်လိုက်ပါ။


Pixabay/ GraphicMama-team

(က) ခွေး

(ခ) ကြောင်

(ဂ) ကြွက်

(ဃ) ကော်ဖီ

(င) ပင်လယ်သမုဒ္ဒရာ

မေးခွန်း ၃ - သင့်အတွက် အရေးကြီးဆုံးလူတစ်ယောက်ကို စဥ်းစားပြီး သူ့စိတ်နေစိတ်ထားကို ဒီပေးထားတဲ့အရောင်တွေထဲ ဘယ်အရောင်နဲ့ ရည်ညွှန်းချင်သလဲ။


Pixabay/ chermitove

(က) အဝါ

(ခ) လိမ္မော်

(ဂ) အနီ

(ဃ) အစိမ်း

(င) အဖြူ

ကဲ...မေးခွန်းလေးတွေ ဖြေပြီးသွားရင် သင်ဖြေခဲ့တဲ့အဖြေတွေအလိုက် ဘယ်လိုစိတ်နေစိတ်ထားလေးတွေ သင်ပိုင်ဆိုင်ထားလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။

မေးခွန်း ၁ လေးကတော့ သင့်ဘဝမှာ ဘယ်လိုအရာတွေကို ဦးစားပေးသလဲဆိုတာ ရည်ညွှန်းနေတာပါ။

(က) “နွား” ကိုရွေးချယ်ခဲ့ရင်တော့ သင့်ဘဝမှာ သင်ဟာ မိမိရဲ့အသက်မွေးဝမ်းကျောင်း (ဥပမာ-အလုပ်) ကို အရမ်းအလေးထားတဲ့ လူတစ်ယောက်ပါ။

(ခ) “ကျား” ကိုရွေးချယ်ခဲ့ရင်တော့ သင့်ဘဝမှာ သင်ဟာ မိမိရဲ့မာနကို တန်ဖိုးထားတဲ့ လူတစ်ယောက်ပါ။ သူတစ်ပါးကို အောက်ကျို့ပြီး ပြောဆိုဆက်ဆံရတာမျိုးကို မနှစ်သက်တဲ့အပြင် လူမှုဆက်ဆံရေး သိပ်ပြေလည်တဲ့ထဲမှာ မပါပါဘူး။

(ဂ) “သိုး” ကိုရွေးချယ်ခဲ့ရင်တော့ သင့်ဘဝမှာ အချစ်က အရေးကြီးဆုံးဆိုပြီး တခြားအရာတွေထက် အချစ်ကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်လုပ်ဆောင်တတ်တဲ့ လူတစ်ယောက်ပါ။

(ဃ) “မြင်း” ကိုရွေးချယ်ခဲ့ရင်တော့ သင့်ဘဝမှာ သင့်မိသားစုက အရေးကြီးဆုံးဆိုပြီး သတ်မှတ်ထားတဲ့ လူတစ်ယောက်ပါ။

မေးခွန်း ၂ လေးကတော့ လက်တလော သင်တွေးနေတဲ့အရာကို ရည်ညွှန်းနေပါတယ်။

(က) “ခွေး” ကိုရွေးချယ်ခဲ့ရင်တော့ သင့်စိတ်နေစိတ်ထား ဘယ်လိုရှိနေမလဲဆိုတာ လောလောဆယ် အရမ်းသိချင်နေပါတယ်။

(ခ) “ကြောင်” ကိုရွေးချယ်ခဲ့ရင်တော့ ချစ်သူနဲ့ပတ်သက်ပြီး တစ်ခုခုကို စဥ်းစားနေမိပါလိမ့်မယ်။

(ဂ) “ကြွက်” ကိုရွေးချယ်ခဲ့ရင်တော့ အခက်အခဲတစ်ခုနဲ့ ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ အဖြေရှာနေပါလိမ့်မယ်။

(ဃ) “ကော်ဖီ” ကိုရွေးချယ်ခဲ့ရင်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တစ်ခုခုကို စဥ်းစားနေပါလိမ့်မယ်။

(င) “ပင်လယ်သမုဒ္ဒရာ” ကိုရွေးချယ်ခဲ့ရင်တော့ ပုံမှန်ပါပဲ။ တစ်နေ့တစ်နေ့ ဘာလုပ်မယ်။ ဘာစားမယ် အစရှိသဖြင့် ရိုးရိုးလေးတွေးနေပါလိမ့်မယ်။

မေးခွန်း ၃ လေးကတော့ သင့်ဘဝအတွက် အဲဒီလူက ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ ရည်ညွှန်းနေတာပါ။

(က) “အဝါ” ကိုရွေးချယ်ခဲ့ရင်တော့ သင့်ဘဝမှာ အရေးကြီးဆုံးလူတစ်ယောက်ပါ။

(ခ) “လိမ္မော်” ကိုရွေးချယ်ခဲ့ရင်တော့ သင့်အတွက် အရမ်းချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ပါ။

(ဂ) “အနီ” ကိုရွေးချယ်ခဲ့ရင်တော့ သင်အရမ်းချစ်ရတဲ့ချစ်သူပါ။

(ဃ) “အစိမ်း” ကိုရွေးချယ်ခဲ့ရင်တော့ သင့်ဘေးမှာ ကောင်းအတူဆိုးဖက် အမြဲရှိပေးနေတဲ့လူတစ်ယောက်ပါ။

(င) “အဖြူ” ကိုရွေးချယ်ခဲ့ရင်တော့ သင့်ဘဝလက်တွဲဖော်ပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..