သင်နဲ့လိုက်ဖက်မယ့် ဖက်ရှင်စတိုင်ကို ရွေးချယ်ပေးမယ်
lotaya.mpt.com.mm
|
2022-09-22

Pixabay/ Jupilu

လူတစ်ယောက်မှာ ဖက်ရှင်ကအရေးကြီးဆုံးပါ။ ဖက်ရှင်က လူတစ်ယောက်ကို အမျိုးမျိုး ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီနေ့မှာတော့ သင်နဲ့ဘယ်လိုဖက်ရှင်စတိုင်မျိုးက အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ မေးခွန်းလေးတွေမေးပြီး ဖော်ထုတ်ပေးသွားမှာပါ။ ကဲ...သင်နဲ့လိုက်ဖက်တဲ့ဖက်ရှင်က ဘယ်လိုဖြစ်မလဲဆိုတာ အခုပဲလေ့လာကြည့်လိုက်ရအောင်နော်။

မေးခွန်း ၁ - သင်နှစ်သက်တဲ့ ဖက်ရှင်တစ်ခုကို ရွေးချယ်ပေးပါ။


Pixabay/ Chuotanhls/solomia2016shoping/Prosident004

နံပါတ် ၂ - သင်နှစ်သက်တဲ့ မိတ်ကပ်အပြင်အဆင်တစ်ခုကို ရွေးချယ်ပေးပါ။


Pixabay/ JerzyGorecki/ tuanfoto/ Gromovataya

နံပါတ် ၃ - သင်လိုချင်နေတဲ့ပစ္စည်းတစ်ခုက ဘာဖြစ်မလဲ။


Pixabay/ KTRYNA

(၁) တန်ဖိုးကြီး မိတ်ကပ်ပစ္စည်းတွေ

(၂) တန်ဖိုးကြီး လက်ကိုင်အိတ်တွေ

(၃) တန်ဖိုးကြီး ရှူးဖိနပ်တွေ

နံပါတ် ၄ - သင်နှစ်သက်တဲ့ ဖိနပ်တစ်ရံကို ရွေးချယ်ပေးပါ။


Pixabay/ simonlees / betsisman/ OpenClipart-Vectors

နံပါတ် ၅ - သင်နှစ်သက်တဲ့ အရောင်တစ်ခုကို ရွေးချယ်ပေးပါ။

(၁) ပန်းရောင်လို အရောင်ဖျော့ဖျော့လေးတွေ

(၂) အညိုရောင်၊ အနီရောင်လို အရောင်တောက်တောက်လေးတွေ

(၃) အနက်ရောင်လို အစွန်းအထင်းခံတဲ့အရောင်လေးတွေ

နံပါတ် ၆ - သင်ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ဘယ်အရာကို ပိုင်ဆိုင်ချင်လဲ။

(၁) စျေးကြီးတဲ့ အလှပြင်ပစ္စည်းနဲ့ skincare တွေ

(၂) လက်ဝတ်လက်စားတွေ

(၃) ဖုန်း ကွန်ပြူတာလို အီလက်ထရောနစ်ပစ္စည်းတွေ

ကဲ မေးခွန်းလေးတွေ ဖြေပြီးသွားရင် မေးခွန်းတစ်ခုချင်းစီမှာ သင်ရရှိခဲ့တဲ့အမှတ်လေးတွေကို ပေါင်းပြီး ရရှိလာတဲ့အမှတ်ပေါင်းတွေကတစ်ဆင့် အောက်ကအဖြေလေးတွေကို လေ့လာနိုင်ပါပြီ။ (၁)

နူးညံ့တဲ့မိန်းကလေး


Pixabay/ ngongoctuanvnn

(၁) ကို အများဆုံးရွေးချယ်ရင်တော့ သင်ဟာ နူးညံ့ပြီးချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ နူးညံ့တဲ့မိန်းကလေးတွေက နူးညံ့ပြီးလှပတဲ့အရာလေးတွေကို သဘောကျတတ်ပါတယ်။ တချို့မိန်းကလေးတွေက ချစ်ဖို့ကောင်းပြီး ရိုးရှင်းတဲ့အရာလေးတွေကို သဘောကျတတ်သလို တချို့ကျတော့လည်း ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့အရာလေးတွေကို သဘောကျတတ်ပါတယ်။ ဒါကြောင့် သူတို့နဲ့လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကတော့ floral dress လေးတွေ၊ အရောင်လွင်လွင်လေးတွေနဲ့ ဖန်တီးထားတဲ့ သိုးမွှေးအင်္ကျီလေးတွေ၊ ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့ စကပ်တိုလေးတွေပဲ ဖြစ်ပါတယ်။

ရင့်ကျက်တဲ့မိန်းကလေး


Pixabay/ Gromovataya

(၂) ကို အများဆုံးရွေးချယ်ရင်တော့ သင်ဟာ ရင့်ကျက်ပြီးထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ပါ။

ရင့်ကျက်တဲ့မိန်းကလေးတွေဆိုတာ သူတို့ရဲ့အလှ၊ စိတ်နေစိတ်ထားနဲ့ အရည်အချင်းကို ယုံကြည်မှုအပြည့်ရှိတဲ့သူတွေပေ့ါ။ ခေတ်နဲ့အညီ ဆွဲဆောင်မှုရှိပြီး မိန်းမဆန်တဲ့ဖက်ရှင်စတိုင်တွေကို သဘောကျတတ်ပါတယ်။ ဒါကြောင့် သူတို့နဲ့လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကတော့ သူတို့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ဆွဲဆောင်မှုရှိရှိ ပုံဖော်ပေးနိုင်မယ့် ဖက်ရှင်စတိုင်လေးတွေပဲဖြစ်ပါတယ်။ အရောင်အနေနဲ့ဆိုရင် အမဲရောင်၊ အနီရောင်စသဖြင့် အရောင်တောက်တောက်လေးတွေက သူတို့ကို ပိုယုံကြည်မှုရှိစေပြီး သူတို့အလှကို ပိုပေါ်လွင်စေပါတယ်။

ယောကျာ်းဆန်တဲ့မိန်းကလေး


Pixabay/ jonas-svidras

(၃) ကိုအများဆုံးရွေးချယ်ရင်တော့ သင်ဟာ ယောကျာ်းဆန်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ယောကျာ်းဆန်တဲ့မိန်းကလေးတွေဆိုတာ အလှအပတွေကို သိပ်စိတ်မဝင်စားတတ်ပဲ လွတ်လပ်တဲ့အတွေးအခေါ်တွေနဲ့ ရှင်သန်နေထိုင်တဲ့သူတွေပေါ့။ ဒါကြောင့် သူတို့နဲ့လိုက်ဖက်တဲ့စတိုင်တွေကတော့ သူတို့ကိုချုပ်နှောင်မနေပဲ လွတ်လပ်မှုကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ဂျင်းဘောင်းဘီ၊ ရှပ်အင်္ကျီအပွနဲ့ ခေါင်းစွပ်လက်ရှည်တွေပဲ ဖြစ်ပါတယ်။ မိတ်ကပ်ဆိုရင်လည်း အရမ်းအထူကြိး လိမ်းတာမျိုးထက် သဘောဝဆန်ဆန် လိမ်းခြယ်တာမျိုးက သူတို့နဲ့ ပိုလိုက်ဖက်စေပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..