
Pixabay/ darksouls1
ဒီနေ့မှာတော့ ဘဝနဲ့ပတ်သက်ပြီး သင့်မှာ ဘယ်လိုစိတ်ကူးရှုထောင့်တွေ ရှိသလဲဆိုတာ စိတ်ပညာမေးခွန်းလေးတချို့နဲ့ စမ်းသပ်ပြီး ဖော်ထုတ်ပေးသွားမှာပါ။ စိတ်နဲ့သက်ဆိုင်တဲ့ မေးခွန်းလေးတွေ မေးမှာဖြစ်တဲ့အတွက် အရင်ဆုံး သင့်စိတ်ကို ကြည်လင်ပြီး ရှင်းလင်းနေပါစေ။ ဒါမှ မေးခွန်းလေးတွေကို သေချာအာရုံစိုက်နိုင်ပြီး တိကျမှန်ကန်တဲ့ အဖြေလေးတွေကို ပေးနိုင်မှာပါ။ ကဲ..အဆင်သင့်ဖြစ်ရင်တော့ မေးခွန်းလေးတွေ စဖြေလိုက်ရအောင်နော်။
မေးခွန်း ၁ - သင်ဟာ သမုဒ္ဒရာကြီးထဲမှာ ရေကူးနေရတယ်ဆိုပါစို့။ သင်ဘယ်လိုခံစားချက်မျိုး ဖြစ်နေမလဲ။

Pixabay/ dimitrisvetsikas1969
မေးခွန်း ၂ - အဲဒီအချိန် ဇင်ယော်ငှက်တစ်အုပ် ပျံသွားတာကို မြင်လိုက်တယ်ဆိုပါစို့။ သင်ဘယ်လိုခံစားချက်မျိုး ဝင်မိမလဲ။

Pixabay/ bertvthul
မေးခွန်း ၃ - ဒီလိုနဲ့ သမုဒ္ဒရာထဲမှာ ရေကူးလာရင်း ကမ်းတစ်ခုကိုတွေ့တယ်ဆိုပါစို့။ အဲဒီကမ်းပေါ်ရောက်တဲ့အခါ မှောင်မည်းနေတဲ့ တောနက်ကြီးတစ်ခုကို တွေ့လိုက်ရပြီး အဲဒီတောနက်ကြီးထဲကို ဖြတ်သန်းသွားရမယ်ဆိုရင် သင် ဘယ်လိုစိတ်မျိုးဖြစ်သွားမလဲ။

Pixabay/ jplenio
မေးခွန်း ၄ - ဒီလိုနဲ့ တောနက်ကြီးကို ဖြတ်ကျော်လာပြီး သဲကန္တရတစ်ခုကို ထပ်ဖြတ်သန်းရပြန်ပါရော။ အဲဒီအချိန် သဲကန္တရထဲ လမ်းလျှောက်နေရင်း သင့်ဘေးကနေ တောရိုင်းမြင်းတစ်အုပ် ပြေးသွားတာကို မြင်လိုက်တဲ့အခါ သင့်စိတ်ထဲ ဘယ်လိုဖြစ်သွားမလဲ။

Pixabay/ kudybadorota
မေးခွန်း ၅ - ဒီလိုနဲ့ သဲကန္တရာထဲမှာ လမ်းလျှောက်လာရင်း အိုအေစစ်လေးတစ်ခုကို တွေ့လိုက်ရတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။

Pixabay/ WikiImages
မေးခွန်း ၆ - ဒီလိုနဲ့ သဲကန္တရထဲမှာ ခရီးဆက်လာရင်း အရမ်းမောပြီး ပင်ပန်းလာတယ်ဆိုပါစို့။ အဲဒီအချိန် လမ်းမှာ ရေအိုးတစ်လုံးကို ထပ်တွေ့တယ်ဆိုရင် သင်အဲဒါကိုဘာလုပ်မလဲ။

Pixabay/ carlosatrechu
မေးခွန်း ၇ - တကယ်လို့ သင်ဟာ အစောနကတောနက်ကြီးထဲမှာ ဆက်ပြီးလမ်းပျော်နေဦးမယ်ဆိုပါစို့။ အဲဒီအချိန် မီးထွန်းထားတဲ့ အိမ်လေးတစ်အိမ်ကို တွေ့လိုက်ရရင် သင်ဘာလုပ်မလဲ။

Pixabay/ darksouls1
မေးခွန်း ၈ - ဒီလိုမှမဟုတ်ဘဲ မြူနှင်းတွေကျလာပြီး မြူတွေကြားထဲမှာ လမ်းပျောက်နေတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။

Pixabay/ jplenio
ကဲ...မေးခွန်းလေးတွေ ဖြေပြီးသွားရင် မေးခွန်းတစ်ခုချင်းစီက ဘယ်လိုအဖြေလေးတွေကို ကိုယ်စားပြုနေသလဲဆိုတာ အောက်မှာဆက်လေ့လာကြည့်လိုက်ရအောင်နော်။
မေးခွန်း ၁ ကတော့ သင့်ဘဝနဲ့ ခံစားချက်တွေအပေါ် သင်ထားရှိတဲ့ သဘောထားတွေကို ကိုယ်စားပြုပါတယ်။
မေးခွန်း ၂ ကတော့ အမျိုးသမီးတွေအပေါ် သင်ထားရှိတဲ့ ခံစားချက်တွေကို ကိုယ်စားပြုပါတယ်။
မေးခွန်း ၃ ကတော့ သင့်မိသားစုအပေါ် သင်ထားရှိတဲ့ ခံစားချက်တွေကို ကိုယ်စားပြုပါတယ်။
မေးခွန်း ၄ ကတော့ အမျိုးသားတွေအပေါ် သင်ထားရှိတဲ့ ခံစားချက်တွေကို ကိုယ်စားပြုပါတယ်။
မေးခွန်း ၅ ကတော့ သင့်ဘဝမှာကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ ဘဝရည်မှန်းချက်တွေကို ဘယ်လိုပုံဖော်ဖြေရှင်းသလဲဆိုတာ ကိုယ်စားပြုပါတယ်။
မေးခွန်း ၆ ကတော့ သင့်ဘဝလက်တွဲဖော်ကို ကိုယ်စားပြုပါတယ်။
မေးခွန်း ၇ ကတော့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သင့်သဘောထားကို ကိုယ်စားပြုပါတယ်။
မေးခွန်း ၈ ကတော့ သေခြင်းတရားနဲ့ပတ်သက်ပြီး သင့်ခံစားချက်တွေကို ကိုယ်စားပြုပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz