ဘယ်လို‌ယောက်ျားမျိုးလဲ...
lotaya.mpt.com.mm
|
2022-12-04

ယောက်ျားလေးတွေရဲ့  လက်သူကြွယ်နဲ့ လက်ညိုးဟာ သူတို့အကြောင်းကို အများကြီးပြောပြပေးနေပါတယ်။

လက်ချောင်းအရှည်တွေဟာ  အမျိုးသားဟော်မုန်း (Testosterone)အဆင့်ကို ဖော်ပြပါတယ်။ ကိုယ်နဲ့ပတ်သက်နေတဲ့

ယောက်ျားလေးတွေအကြောင်းသိချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် ယောက်ျားလေးဖြစ်နေလို့ပဲဖြစ်ဖြစ် သိချင်တယ်ဆိုရင်

လက်ချောင်းလေးတွေဘယ်လိုအနေအထားရှိနေသလဲဆိုတာ စမ်းစစ်ကြည့်လိုက်ပါ။  A ၊ B နဲ့ C ဆိုပြီး သုံးမျိုးရှိပါတယ်။

ကိုယ်သိချင်တာက ဘယ်လိုအမျိုးအစားထဲပါနေပါသလဲ။

A. လက်သူကြွယ်ဟာ လက်ညိုးထက် ပိုရှည်သူ


ဒီလိုလူမျိုးဟာ ချောမောခန့်ညားမှုရှိတယ်။  သူတို့က ချစ်စရာကောင်းပြီး လူတိုင်းနဲ့ ပေါင်းသင်းနိုင်ပါတယ်။ ကျရာနေရာမှာလည်း

အကောင်းဆုံးရှင်သန်တတ်ကြတယ်။ ဒါပေမယ့် နည်းနည်းတော့ရန်လိုတတ်တယ်။ စွန့်စားချင်စိတ်ရှိသလို လျင်မြန်ဖြတ်လတ်မှုလည်းရှိတယ်။

လက်သူကြွယ်ပိုတိုတဲ့  လုပ်ဖော်ကိုင်ဖက်တွေထက် ဝင်ငွေပိုကောင်းနေတတ်တယ်။

B. လက်သူကြွယ်ဟာ  လက်ညိုးထက်တိုတဲ့သူ


ဒီလိုလက်တွေရှိတဲ့ အမျိုးသားတွေကတော့ ယုံကြည်မှုလွန်ကဲပြီး နည်းနည်းလေးတောင် ရူးကြောင်ကြောင်ဖြစ်နိုင်ပါတယ်။

ဒီလူတွေဟာ အေးအေးဆေးဆေး တစ်ယောက်တည်းနေတတ်ပြီး သူတို့ကို သွားနှောင့်ယှက်ရင်လည်း  မကြိုက်ကြပါဘူး။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတတ်ကြတယ်။ ဒါပေမဲ့ အချစ်နဲ့ပတ်သက်လာတဲ့အခါမှာတော့  ပထမခြေလှမ်းကိုတောင်

မနည်းစတင်အားတင်းရတဲ့သူတွေပါ။ အချစ်အတွက် အရာရာ အကောင်းအတိုင်းဖြစ်စေမယ့်သူမျိုးပေါ့။

C ။ လက်သူကြွယ်နဲ့ လက်ညိုး အရှည်တူသူ


 ဒီလက်တွေရှိတဲ့ အမျိုးသားတွေဟာ သစ္စာစောင့်သိပြီး ချစ်ဖို့ကောင်းတဲ့သူတွေဖြစ်ပါတယ်။ အနုအရွလေးတွေတော့ အမြဲတမ်း တတွတ်တွတ်ပြောနေမယ့်လူမျိုးမဟုတ်ပါဘူး။

စကားပြောခဲသလို ပြောသမျှကလည်း အရာထင်စေချင်တဲ့စိတ်အပြည့်ရှိသူတွေပါ။

 အရာရာကို စနစ်တကျလုပ်ကိုင်တတ်ပြီး ပြဿနာတွေအတွက် အကောင်းဆုံးနည်းလမ်းကိုလည်း အဲ့ဒီလက်ပိုင်ရှင်တွေပဲ တွေ့တတ်ပါတယ်။

ကဲ . . သင် ဒါမှမဟုတ် သင့်ဘေးက သူက ဘယ်လိုယာက်ျားလေးမျိုးလဲ။ ရေးပေးခဲ့ပါဦး။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..