သင့်မှာ စိုးရိမ်ပူပန်မှုတွေနဲ့စိတ်ဖိစီးမှုတွေ ဘယ်လောက်ရှိနေသလဲဆိုတာဖော်ထုတ်ပေးမယ့် စမ်းသပ်ချက်
lotaya.mpt.com.mm
|
2022-12-06

Pixabay/ Graehawk

သင့်မှာ စိုးရိမ်ပူပန်မှုတွေနဲ့စိတ်ဖိစီးမှုတွေ ဘယ်လောက်ရှိနေသလဲဆိုတာ သိချင်ပါသလား။ ဒီပင်လယ်သမုဒ္ဒရာ စိတ်စမ်းသပ်ချက်ကတစ်ဆင့် ဖော်ထုတ်ပေးသွားမှာပါ။ သင့်စိတ်ကိုအခြေခံပြီး ဖြေဆိုရမယ့်မေးခွန်းလေးတွေမို့ မေးခွန်းလေးတွေမဖြေခင် အရင်ဆုံး သင့်စိတ်ကိုရှင်းနေအောင်ထားပါ။ ပြီးသွားရင်တော့ မေးခွန်းတစ်ခုချင်းစီအတွက် သင့်စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ စိတ်ကူးအတိုင်းပဲ ရွေးလိုက်ပါ။ ပြီးရင်တော့ အောက်မှာ သင့်ပင်ကိုယ်စရိုက်တွေကို လေ့လာနိုင်ပါပြီ။

အရင်ဆုံး သင့်ကိုယ်သင် နက်ရှိုင်းတဲ့သမုဒ္ဒရာကြီးအောက်ကို ရောက်သွားတယ်လို့ စိတ်ကူးယဉ်ကြည့်ပါ။


Pixabay/ joakant

အဲဒီသမုဒ္ဒရာကြီးအောက်မှာ ရေသတ္တဝါမျိုးစုံကို တွေ့ရမှာဖြစ်ပြီး အဲဒီထဲကမှ ရေဘဝဲကို ထူးထူးခြားခြား သင်သတိထားမိသွားတယ် ဆိုပါစို့။


Pixabay/ mohamed_hassan

မေးခွန်း ၁ - ရေဘဝဲဘယ်နှကောင်တွေ့လိုက်ရသလဲ။


Pixabay/ Alexandra_Koch

မေးခွန်း ၂ - အဲဒီရေဘဝဲက ဘယ်လောက်အရွယ်အစားရှိသလဲ။


Pixabay/ Dieterich01

မေးခွန်း ၃ - အဲဒီရေဘဝဲကို ဘယ်နားမှာတွေ့တာလဲ။


Pixabay/ Hemi

မေးခွန်း ၄ - သူတို့ ဘာလုပ်နေကြသလဲ။ သူတို့ဘာသာ အေးအေးဆေးဆေး ရေကူးနေကြတာလား ဒါမှမဟုတ် တစ်ခုခုအောက်မှာ ပုန်းလျှိုနေကြတာလား။


Pixabay/ mikrob111

ကဲ...မေးခွန်းလေးတွေ ဖြေပြီးသွားရင် ဒီမေးခွန်းလေးတွေက ဘယ်လိုအဖြေလေးတွေကို ကိုယ်စားပြုသလဲဆိုတာ အောက်မှာဆက်လေ့လာကြည့်လိုက်ရအောင်နော်။

မေးခွန်း ၁ နဲ့ ၂ ကတော့ သင့်ဘဝမှာ စိုးရိမ်ပူပန်တွေ ဘယ်လောက်ရှိနေသလဲဆိုတာနဲ့ ဒီစိုးရိမ်ပူပန်မှုတွေက သင့်ဘဝမှာ ဘယ်လောက်အရေးပါနေသလဲဆိုတာ ကိုယ်စားပြုနေတာပါ။


Pixabay/ Alexandra_Koch

ရေဘဝဲတစ်ကောင်တည်းကိုပဲ မြင်မိတယ်ဆိုရင်တော့ သင်ဟာ တစ်ခုခုကို ကြီးကြီးမားမား စိုးရိမ်ပူပန်နေပြီး စိတ်ပင်ပန်းဆင်းရဲမှုတွေနဲ့ နစ်မွန်းနေတတ်ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ ရေဘဝဲပေါင်းမြောက်များစွာကို မြင်မိတယ်ဆိုရင်တော့ သင်ဟာ အရေးမကြီးတဲ့ အရာလေးတွေကို စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးနေရတာပါ။ 

မေးခွန်း ၃ ကတော့ ဒီစိုးရိမ်ပူပန်တွေနဲ့ပတ်သက်ပြီး သင့်သဘောထားကို ကိုယ်စားပြုနေပါတယ်။


Pixabay/ RyanMcGuire

သူတို့ဘာသာ အေးအေးဆေးဆေး ရေကူးနေတယ်လို့ မြင်မိရင်တော့ ဒီစိုးရိမ်ပူပန်တွေဟာ တနည်းနည်းနဲ့ သူ့အလိုလိုပြေလည်သွားမယ်လို့ သင်ဟာယုံကြည်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ခုခုအောက်မှာ ပုန်းလျှိုနေကြတယ်လို့ မြင်မိရင်တော့ သင့်ကို မြင်မိတယ်ဆိုရင်တော့ သင်ဟာ ဒီစိုးရိမ်မှုတွေကြောင့် စိတ်ပင်ပန်း လူပင်ပန်းဒဏ်တွေကို အလူးအလွန့်ခံစားနေရတတ်ပါတယ်။

မေးခွန်း ၄ ကတော့ ဒီစိုးရိမ်ပူပန်တွေက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာ ကိုယ်စားပြုနေပါတယ်။


Pixabay/ vdnhieu

ဒီရေဘဝဲတွေက သင့်ကိုရန်မပြုဘဲ သူ့ဘာသာအေးဆေးနေနေတဲ့ ရေဘဝဲကို မြင်မိတယ်ဆိုရင်တော့ အချိန်တစ်ခုလောက် စိတ်ရောကိုယ်ပါ ကောင်းမွန်စွာအနားယူပြီး မဖြစ်လာသေးတဲ့အရာတွေကို ကြိုမတွေး နေလိုက်မယ်ဆိုရင် ဒီစိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကနေ ရုန်းထွက်နိုင်ပါတယ်။ ဒါပေမယ့် ဒီရေဘဝဲတွေက သင့်ကို အန္တရာယ်ပေးဖို့လုပ်နေတယ်လို့  မြင်မိတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..