
လူတွေဟာ မွေးဖွားလာကတည်းက ဘယ်လိုလူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ကြမလဲဆိုတာ ကံက သတ်မှတ်ပြီးသားပါ။ မွေးဖွားတဲ့ရက်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း စတာတွေကို ကြည့်ပြီးတော့ ဘယ်လိုလူလဲ ဆိုတာကို ခန့်မှန်းသိနိုင်ပါတယ်။ အခုတစ်ခါမှာတော့ သင်ရဲ့မျက်လုံးပုံစံကတစ်ဆင့် ပြောပြနေတဲ့ သင်ပိုင်ဆိုင် ထားတဲ့ အရည်အချင်းတွေကို ပြောပြသွားမှာပဲ ဖြစ်ပါတယ်။ မေးထားတဲ့မေးခွန်းလေးတွေကို သေချာဖြေပေးပြီး သင့်ရဲ့ အစွမ်းအစက ဘာလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) မျက်လုံးရဲ့အရောင်က ဘာရောင်လဲ။
(က) အညိုရင့်ရင့်
(ခ) အစိမ်း
(ဂ) အပြာ
(ဃ) အညိုဖျော့
(၂) မျက်တောင်မွှေးဘယ်လောက်ရှည်လဲ
(က) တိုတယ်
(ခ) အရမ်းတိုတယ်
(ဂ) ရှည်တယ်
(ဃ) အရမ်းရှည်တယ်
(၃) မျက်ကပ်မှန်တပ်သူလား၊ မျက်မှန်တပ်သူလား။
(က) နှစ်မျိုးလုံးတပ်တယ်။
(ခ) မျက်မှန်တပ်တယ်။
(ဂ) မျက်ကပ်မှန်တပ်တယ်
(ဃ) မတပ်ဘူး
(၄) မျက်လုံးရဲ့ ပုံစံက ဘယ်လိုရှိလဲ။
(က) ပုံမှန်ပါပဲ
(ခ) ကြီးတယ်၊ ဝိုင်းတယ်
(ဂ) ရှည်မျောမျောပုံစံလေး
(ဃ) သေးတယ်
(၅) မျက်လုံးမှာ ဘယ်အလှပြင်ပစ္စည်းကိုသုံးလေ့ရှိလဲ။
(က) Eyeliner
(ခ) Eyeshadow
(ဂ) Mascara
(ဃ) Eyebrow Pencil
(၆) ကြိုက်နှစ်သက်တဲ့ နေကာမျက်မှန်ကိုရွေးပါ

(က) A
(ခ) B
(ဂ) C
(ဃ) D
(၇) မျက်စိဆရာဝန်နဲ့ ပုံမှန်စမ်းသပ်ဖြစ်လား
(က) တစ်နှစ်တစ်ကြိမ် ပြဖြစ်တယ်
(ခ) မပြဖြစ်ဘူး
(ဂ) ၃ လတစ်ကြိမ်ပြဖြစ်တယ်။
(ဃ) ၆ လတစ်ကြိမ် ပြဖြစ်တယ်
(၈) ဘယ်လိုမျက်ကပ်မှန်မျိုးကို ကြိုက်လဲ
(က) Raindow
(ခ) Gold Glitter
(ဂ) Purple
(ဃ) Cat eye
မေးခွန်းလေးတွေကို ဖြေပြီးပြီဆိုရင်တော့ သင်ရဲ့ အစွမ်းအစက ဘာလဲဆိုတာ အောက်က အဖြေတွေမှာ ကြည့်လိုက်ရအောင်…
သင်က ခေါင်းဆောင်တစ်ယောက်အဖြစ် မွေးဖွားလာသူပါ။
(က) နဲ့ ( ခ) ကို အရွေးများတယ်ဆိုရင်တော့ သင်ဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာပါ။ ဘာလုပ်သင့်လဲ ဘယ်လိုတာဝန်ယူရမလဲဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်ထားပါတယ်။ ရာထူးရာခံရှိတဲ့ အာဏာပိုင်တွေနဲ့ အဆင်ပြေပြီး လက်အောက်ငယ်သားတွေကိုလည်း ညွှန်ကြားချက် ကောင်းကောင်းပေးနိုင်သူပါ။ လူအများရဲ့ပြောစကားတွေကို အလေးအနက်ထား နားထောင်လေ့ရှိပြီး အကြံတစ်ခုခုရလာတဲ့အခါမှာလည်း အောင်မြင်အောင် လုပ်နိုင်တဲ့ အစွမ်းအစရှိသူတစ်ယောက်ပါ။
သင်က တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းသူတစ်ယောက်ပါ။
(ဂ) နဲ့ (ဃ) ကို အရွေးများတယ်ဆိုရင်တော့ သင်ဟာ တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းသူတစ်ယောက်ပါ။ သဘာဝတရားကြီးကိုအခြေခံပြီး အရာဝတ္ထုတစ်ခုကို သဘာဝကျကျ လှလှပပနဲ့ တီထွင်နိုင်တဲ့ ထူးခြားသူ တစ်ယောက်ဖြစ်လို့ ပတ်ဝန်းကျင်က သင့်ကို နှစ်သက်သဘောကျကြပါတယ်။ ဘဝခရီးကိုလမ်းလျှောက်တဲ့အခါမှာ လည်း သူမတူဘဲ ထူးခြားတဲ့ တွေးခေါ်ဆန်းသစ်မှုတွေကြောင့် အခက်အခဲ အနည်းငယ်ရှိနိုင်ပေမယ့် သင်က အလှပဆုံး ပုံဖော်တည်ဆောက်သွားမှာပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz