
ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပြီး သင်က အတွေးလွန်တတ်သူ ဟုတ်၊ မဟုတ် စမ်းစစ်ကြည့် နိုင်ပါတယ်။ ကဲ … စလိုက်ရအောင်နော်။
၁။ သင်ပြောလိုက်တဲ့စကားတစ်ခွန်းက မှားများ မှားသွားလား ဒါမှမဟုတ် တခြားသူကို ဝေဖန်တိုက်ခိုက် မိသလိုဖြစ်သွားလားဆိုပြီး စိုးရိမ်စိတ်ဖြစ်လေ့ရှိလား။
(က) ဖြစ်တယ်
(ခ) မဖြစ်ဘူး
၂။ အပြင်ထွက်ဖို့ အဝတ်အစားရွေးတဲ့အခါမှာ အချိန်အကြာကြီးရွေးတတ်လား။
(က) ရွေးတယ်
(ခ) မရွေးဘူး
(၃) ကြီးမားတဲ့ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသားဆုံးဖြတ်တတ်လား၊ မှားသွားရင်ကောဆိုပြီး မတင်မကျစိတ် ဖြစ်လေ့ရှိလား။
(က) ရှိတယ်
(ခ) မရှိဘူး
(၄) လူတွေပြောတဲ့အကြောင်းအရာတစ်ခုကို သူတို့ ပြောတဲ့အတိုင်း မှန်တယ်လို့ ယုံကြည်လား။
(က) ယုံတယ်
(ခ) မယုံဘူး
(၅) အိမ်ပြင်ရောက်ကာမှ တံခါးကို သော့ခတ်မိရဲ့လား၊ မီးဖိုကို မီးပိတ်ခဲ့ရဲ့လားဆိုပြီး တွေးနေတတ်လား။

(က) တွေးတတ်တယ်
(ခ) မတွေးတတ်ဘူး
(၆) ဟောပြောပွဲတစ်ခုလို ဒါမှမဟုတ် အလုပ်အကြောင်းကို လူအများရှေ့မှာ အဆင်ပြေပြေနဲ့ ပြောနိုင်ဖို့ဆိုပြီး အိမ်မှာ အခေါက်ပေါင်းများစွာ စကားပြောလေ့ကျင့်နေတတ်လား။
(က) လေ့ကျင့်တယ်
(ခ) မလေ့ကျင့်ဘူး
(၇) ပြိုင်ပွဲတစ်ခု ပြိုင်တယ်ဆိုပါတော့၊ တစ်ဘက်လူရဲ့ တုံ့ပြန်လာနိုင်တဲ့အခြေအနေကို ခန့်မှန်းတွက်ဆပြီး ကြိုတင်လေ့ကျင့်ပြီးကာမှ ထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ စိုးရိမ်စိတ်ဖြစ်တတ်လား။
(က) စိုးရိမ်စိတ်ဖြစ်တတ်တယ်
(ခ) မစိုးရိမ်ပါဘူး
(၈) ညဘက် တရေးနိုးတဲ့အခါမှာ မနက်ဖြန်ဘာတွေတော့လုပ်ရဦးမယ်ဆိုပြီး တွေးတတ်လား။
(က) တွေးတယ်
(ခ) မတွေးဘူး
(၉) သူငယ်ချင်းတစ်ယောက်ဆီကို စာပို့လိုက်တယ်ဆိုပါတော့၊ သူက စာပြန်မပို့ဘူး။ အဲဒီ့အခါမှာ သူဘာလို့ စာပြန် မပို့ရတာလဲဆိုပြီး စဉ်းစားနေတတ်လား။
(က) စဉ်းစားတယ်
(ခ) မစဉ်းစားဘူး
(၁၀) တစ်ယောက်ယောက်က သင့်ကိုစာပို့တဲ့အခါ “အိုကေ” အစား “ကေ” တစ်လုံးတည်း ပို့လိုက်တယ်ဆိုပါတော့။ အဲဒီ့စာလုံးက ဘာလဲ၊ ဘာကို ပြောချင်တာလဲ၊ ဘာကိုပို့တာလဲဆိုပြီး အတွေးလွန်နေတတ်လား။

(က) အတွေးလွန်တတ်တယ်
(ခ) မတွေးပါဘူး
(၁၁) သင် မထင်ထားတဲ့ အဆိုးဆုံးသောအခြေအနေတွေအကြောင်းကို စာအုပ်တစ်အုပ်ရေးပါဆိုရင် ရေးနိုင်လား။
(က) ရေးနိုင်တယ်
(ခ) မရေးနိုင်ဘူး
(၁၂) ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ခဲ့တဲ့ အရမ်းရှက်စရာကောင်းတယ်လို့ ထင်ရတဲ့ အကြောင်းတစ်ခုကို ခဏခဏ ပြန်ပြီး တွေးဖြစ်လား။
(က) တွေးဖြစ်တယ်
(ခ) မတွေးဖြစ်ဘူး
(၁၃) ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ စာကိုဖတ်ပြီး သူတော့ ဘာဖြစ်နေတယ်၊ သူကတော့ ဘယ်အကြောင်း ကိုပြောနေတာပဲ ဆိုပြီး ကောက်ချက်ချတတ်လား။
(က) ချတတ်တယ်
(ခ) မချတတ်ဘူး
(၁၄) ဆိုရှယ်မီဒီယာမှာ ကိုယ်တင်လိုက်တဲ့အကြောင်းအရာကို သူများတွေ မြင်တဲ့အခါ လမ်းမှားရောက်နိုင်တယ်၊ အတွေးမှားနိုင်တယ်လို့ ထင်ပြီး တင်ထားတဲ့ Post ကို ပြန်ဖျက်တဲ့အကျင့်ရှိလား။
(က) ဖျက်တယ်
(ခ) မဖျက်ဘူး
၁၅။ အရက်သောက်အိပ်ပြီး မနက်နိုးတော့ ညက ဘာပေါက်ကရတွေ လုပ်မိပါလိမ့်ဆိုပြီး တွေးပြီး စိတ်ပူတတ်တဲ့ အကျင့်ရှိလား။
(က) စိတ်ပူတတ်တယ်
(ခ) စိတ်မပူတတ်ဘူး
မေးခွန်းလေးတွေ ဖြေပြီးပြီဆိုတော့ အဖြေလေးကို ကြည့်လိုက်ရအောင်နော်။
သင်က အတွေးလွန်တတ်တဲ့ သူတစ်ယောက်ပါ။

(က) တွေကိုပဲ အရွေးများတဲ့သင်က တကယ်ကို အတွေးလွန်နေတတ်သူပါ။ ရိုးရိုးသားသားပြောရရင် တော့ ဒါက အသွားနှစ်ဘက်ရှိတဲ့ ဓားတစ်လက်လိုပါပဲ။ အတွေးလွန်နေကြောင့် စိတ်ထိခိုက်နိုင်ပေမယ့် ဒါဟာ သင့်အကြောင်းကို သင် ပိုသိလာစေဖို့အတွက်ကိုလည်း အထောက်အပံ့ပေးပါတယ်။ ဒါ့အပြင် ဒီလို အတွေးလွန် တာတွေ မဖြစ်အောင် သင်ယူလေ့လာစရာ တစ်ခုခုကို လေ့လာပြီး အာရုံပြောင်းတာကလည်း သင်ရဲ့အရည်အချင်း တွေကို တိုးတက်စေမယ့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။
သင်က အတွေးမလွန်တတ်ဘဲ စိတ်အေးအေးနေတတ်သူတစ်ယောက်ပါ။

(ခ) တွေကိုပဲ အရွေးများတဲ့ သင်က ဘာတွေပဲဖြစ်ဖြစ် အေးဆေးပါပဲ၊ ကြုံလာတာကို ရင်ဆိုင်လိုက်မယ်၊ ဘာမှသိပ်တွေးပြီး ပူပန်မနေဘူးဆိုတဲ့ လူစားမျိုးပါ။ အလေးအနက်မရှိဘဲ ပေါ့ပေါ့တန်တန်သဘောထားတာမျိုး မဟုတ်ဘဲ ဖြေရှင်းစရာရှိတဲ့ကိစ္စတွေကို ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်တာမျိုးပါ။ သင့်ကို ဘယ်အရာကမှ ပူပန်သောကရောက်စေမှာမဟုတ်ပါဘူး။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz