
သင်ရဲ့အနာဂတ်မှာ ဘယ်လိုကံကြမ္မာတွေ ကြုံလာမလဲဆိုတာ သိချင်နေလား။ ဒါဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ တားရော့ကတ်တွေထဲက တစ်ခုကို ရွေးချယ်လိုက်ပါ။ ရွေးချယ်လိုက်တဲ့ တားရော့ကတ်က သင်ရဲ့အနာဂတ် ကံကြမ္မာအကြောင်းကို ပြောပြပါလိမ့်မယ်။
၁။ The Hanged Man

နံပါတ် ၁ တားရော့ကတ်ကတော့ ဇောက်ထိုးဖြစ်နေတဲ့လူပုံ ဖော်ပြထားတဲ့ The Hanged Man ကတ် ဖြစ်ပါတယ်။ ဒီကတ်က သင်ဟာ အနာဂတ်မှာ ပိုကောင်းတဲ့အရာတွေ ရရှိဖို့အတွက် တချို့အရာတွေကို စွန့်လွှတ် အနစ်နာ ခံရမယ်လို့ ဖော်ပြနေပါတယ်။ လက်ရှိအခြေအနေမှာ အခက်အခဲဖြစ်စေတဲ့ အကြောင်းရင်းတွေက ထိန်းချုပ်ဖို့ ခက်ခဲတာကြောင့် တချို့အရာတွေကို လက်လွှတ်လိုက်မှသာ ရှေ့ဆက်ဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
၂။ The Wheel of Fortune

နံပါတ် ၂ ကတ်ကို ရွေးချယ်ခဲ့ရင်တော့ သင့်အတွက် ကံကြမ္မာကောင်းတွေ ယူဆောင်လာမယ့် The Wheel of Fortune ကတ်ကို တွေ့ရပါမယ်။ ဘဝရဲ့ အရေးပါတဲ့မှတ်တိုင်တွေ ချမှတ်နိုင်တော့မှာဖြစ်ပြီး အခွင့်အလမ်း သစ်တွေ၊ ပြောင်းလဲမှုတွေက သင့်ကိုစောင့်ကြိုနေပါတယ်။ အရင်အချိန်တွေက ကြိုးစားခဲ့တာတွေရဲ့ အသီး အပွင့်တွေကို ခံစားရတော့မှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ချမှတ်နိုင်ရင် ပိုပြီး ရလဒ်ကောင်း တွေ ရရှိနိုင်ပါတယ်။
၃။ The Sun

နံပါတ် ၃ တားရော့ကတ်က The Sun ဖြစ်ပြီး အသစ်တစ်ဖန် စတင်ခြင်း၊ ပြန်လည်မွေးဖွားခြင်းတွေကို ကိုယ်စား ပြုပါတယ်။ အခက်အခဲ၊ အတားအဆီးတွေ ကွယ်ပျောက်ပြီး ပျော်ရွှင်မှုတွေ ကြုံတွေ့ရမယ့် အမှတ်လက္ခဏာလည်း ဖြစ်ပါတယ်။ ငွေကြေးပြဿနာတွေ ပြေလည်တာ၊ ချစ်သူရရှိတာ၊ လက်ထပ်တာတွေ မကြာခင် ကြုံတွေ့ရဖို့ ရှိနေပါတယ်။
၄။ The Magician

တကယ်လို့သင်ဟာ နံပါတ် ၄ ဖြစ်တဲ့ The Magician ကတ်ကို ရွေးချယ်ခဲ့ရင်တော့ ဘဝအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အသေအချာ သတိထားဖို့ လိုအပ်နေပြီလို့ ဖော်ပြနေပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်း ကိုလည်း တစိုက်မတ်မတ် လျှောက်လှမ်းဖို့ လိုပါတယ်။ လက်ရှိအချိန်မှာတော့ အာရုံစူးစိုက်မှုနဲ့ အသေအချာ သုံးသပ်မှုတွေက ဘဝရှေ့ရေးအတွက် အရေးပါနေပါတယ်။
၅။ The Lovers

ချစ်သူနှစ်ဦးပုံကို ဖော်ပြထားတဲ့ The Lover တားရော့ကတ်ကတော့ သင့်အနေနဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မကြာခင် ထူးခြားမှုကြုံတွေ့ရမယ်လို့ ဖော်ပြနေပါတယ်။ The Lover ကတ်ဟာ ပြန်လည်ကုစားမှုကိုလည်း ကိုယ်စားပြုပြီး အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာကြုံနေရရင် ပြန်လည်အဆင်ပြေဖို့ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သင့်အပေါ် အချစ်ရေးက လွှမ်းမိုးမှုများနေပြီး တခြားကိစ္စရပ်တွေအတွက် ဆုံးဖြတ်ရာမှာ အမှားအယွင်းရှိနိုင်တာကို သတိပြုရပါမယ်။
၆။ The Fool

နောက်ဆုံးနံပါတ် ၆ တားရော့ကတ်က The Fool ဖြစ်ပြီး ပျော်ရွှင်မှု၊ အကောင်းမြင်မှုတွေနဲ့အတူ ရူးရူးမိုက်မိုက် လုပ်ဆောင်မှုတွေကို ကိုယ်စားပြုပါတယ်။ သင့်အနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့အရာတွေကို မကြာခင် အကောင် အထည်ဖော်နိုင်မှာဖြစ်ပြီး အစဉ်အလာပုံစံဟောင်း၊ ကန့်သတ်ချက်တွေကို ကျော်လွန်လုပ်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz