
လူတွေဟာ အချစ်နဲ့မကင်းနိုင်ကြဘူးလို့ ဆိုရိုးရှိပေမယ့် အချစ်နဲ့ပတ်သက်ပြီး ဘယ်လိုခံယူထားတယ်ဆိုတာ ကွဲပြားကြပါတယ်။ သင်ကရော အချစ်နဲ့ပတ်သက်ရင် ရိုမန်တစ်ဆန်သူလား၊ ရိုးရိုးရှင်းရှင်းနဲ့ လက်တွေ့ကျသူလားဆိုတာ မေးခွန်းလေးတွေဖြေပြီး စမ်းစစ်ကြည့်လိုက်ပါ။
မေးခွန်းတိုင်းရဲ့ အဖြေတစ်ခုစီအတွက် အောက်မှာဖော်ပြထားတဲ့အတိုင်း အမှတ်ပေးပြီး စုစုပေါင်းဘယ်လောက်ရလဲ ပေါင်းကြည့်ပါ။ ပြီးရင် ရမှတ်အလိုက် သင်ကဘယ်လောက်အထိ ရိုမန်တစ်ဆန်သူလဲဆိုတာ စမ်းစစ်ကြည့်လိုက်ပါ။
က - ၀။ ခ - ၁။ ဂ - ၂။ ဃ - ၃
၁။ မြင်မြင်ချင်းအချစ်ကို ယုံကြည်လား။
က - လုံးဝယုံတယ် ခ - ဖြစ်နိုင်ပါတယ်
ဂ - နည်းနည်းပဲဖြစ်နိုင်မှာပါ ဃ- မယုံဘူး
၂။ ချစ်သူနဲ့ချိန်းတွေ့မယ်ဆို့ ဖော်ပြထားတဲ့အထဲက ဘယ်လိုပုံစံကို အကြိုက်ဆုံးလဲ။

က - စားသောက်ဆိုင်မှာ အတူတူစားပြီး ရုပ်ရှင်သွားကြည့်မယ်
ခ - ရေကူးကန်ဘေးမှာ ဘီယာလေးသောက်၊ မုန့်စားရင်း တွေ့ကြမယ်
ဂ - ကမ်းခြေမှာ နေဝင်ချိန် လမ်းအတူလျှောက်မယ်
ဃ - ကလပ်မှာ အတူသွားကကြမယ်
၃။ အချစ်ဇာတ်လမ်းကောင်းတစ်ခု ကြည့်မိတဲ့အခါ ဘယ်လိုခံစားရလဲ။
က - ကိုယ့်ကိုယ်ကိုယ် ဇာတ်လမ်းထဲကအတိုင်း စိတ်ကူးပုံဖော်မိတယ်
ခ - သဘောကျတယ်
ဂ - ထူးထူးခြားခြား မခံစားရဘူး
ဃ - အချစ်ရုပ်ရှင်တွေ မကြိုက်ဘူး
၄။ ကိုယ့်အတွက် အချစ်စစ်တွေ့မယ်လို့ ယုံကြည်ချက်ရှိလား။

က - ယုံတယ် ခ - တွေ့မယ်တော့ ထင်တယ်
ဂ _ သိပ်တော့ မမျှော်လင့်ဘူး ဃ - မယုံဘူး
၅။ ဖော်ပြထားတဲ့အထဲက ဘယ်လိုပုံစံနဲ့ လက်ထပ်ခွင့်တောင်းတာကို သဘောကျလဲ။
က - နေဝင်ချိန်မှာ ရေတံခွန်တစ်ခုကို နောက်ခံထားပြီး လက်ထပ်ခွင့်တောင်းမယ်
ခ - ခိုဖြူလေးနဲ့ စာပို့ပြီး လက်ထပ်ခွင့်တောင်းမယ်
ဂ - အထူးညစာစားပွဲလေးလုပ်ပြီး လက်ထပ်ခွင့်တောင်းမယ်
ဃ - ဘောလုံးပွဲမှာ ဆိုင်းဘုတ်ထောင်ပြီး လက်ထပ်ခွင့်တောင်းမယ်
၆။ ချစ်သူကို ချစ်ကြောင်းပြဖို့ အမြဲလိုလို လုပ်ဖြစ်တဲ့အရာ။

က - surprise လက်ဆောင်တွေ ခဏခဏပေးတယ် ခ - မွေးနေ့တိုင်း အသေအချာစီစဉ်ပြီး လက်ဆောင်ပေးတယ်
ဂ - တစ်ခါတလေတော့ အမှတ်တရတစ်ခုခု ပေးဖြစ်တယ် ဃ - ဂရုစိုက်ပေးနေတော့ သီးခြားတစ်ခုခုလုပ်ပေးဖို့ မလိုဘူးထင်တယ်
၇။ ပထမဆုံးအနမ်းကို မှတ်မိလား။
က - အသေးစိတ် မှတ်မိတယ် ခ - မှတ်မိတယ်
ဂ - နည်းနည်းတော့ မှတ်မိတယ် ဃ - မမှတ်မိဘူး
၈။ ချစ်သူက ကိုယ့်ကို ဘယ်လိုလက်ဆောင်မျိုး ပေးစေချင်လည်း

က - သူကိုယ်တိုင်လုပ်ထားတဲ့ တစ်ခုခု ခ - ချိန်းတွေ့ပြီး ရုပ်ရှင်လိုက်ပြတာ
ဂ - ကိုယ်ကြိုက်တတ်တဲ့ လက်ဆောင်ကတ် ဃ- ချောကလက်
၉။ အချစ်ရေးမှာ ကံတရားက ဘယ်လောက်အထိ အရေးပါတယ်ထင်လဲ။
က- ရာနှုန်းပြည့်နီးပါးပဲ ခ- အတော်လေး အရေးပါတယ်
ဂ - သိပ်တော့အရေးမပါဘူးထင်တယ် ဃ- အရေးမကြီးပါဘူး
၁၀။ ဘယ်လိုမင်္ဂလာပွဲမျိုး လုပ်ချင်လဲ။

က - ပျော်စရာပွဲလမ်းသဘင်တွေနဲ့ ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲ
ခ - သီးသန့်အပမ်းဖြေစခန်းတစ်ခုမှာ လူနည်းနည်းပဲဖိတ်တဲ့ မင်္ဂလာပွဲ
ဂ - ရင်းနှီးတဲ့ မိသားစုဝင်တွေပဲပါတဲ့ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲ
ဃ - ရိုးရာအတိုင်း မိသားစုတွေ၊ ဧည့်ပရိသတ်တွေနဲ့
၁၁ ။ Valentine’s Day ကို ဘယ်လိုသဘောထားလဲ
က - ချစ်မေတ္တာနဲ့ပတ်သက်ပြီး အရေးပါတဲ့နေ့
ခ - အရူးအမူးမဟုတ်ပေမယ့် အမှတ်တရတစ်ခုခုတော့ လုပ်ဖြစ်တယ်
ဂ - သိပ်တော့စိတ်မဝင်စားပေမယ့် ချစ်သူကလုပ်ချင်တာတွေ လုပ်ပေးဖြစ်တယ်
ဃ - Valentine’s Day ဆိုတာ စီးပွားရေးသမားတွေ လုပ်စားကြတာပါ
၁၂ ။ ကိုယ့်ရဲ့အချစ်ရေးမှာ အရေးအပါဆုံးနေ့က ဘယ်နေ့ဖြစ်မလဲ။
က - ချစ်သူနဲ့ စတွေ့တဲ့နေ့ ခ - ပထမဆုံးအနမ်းပေးတဲ့နေ့
ဂ - ချစ်သူစဖြစ်တဲ့နေ့ ဃ - လက်ထပ်တဲ့နေ့
၁ ။ ရမှတ် ၀ - ၉

သင်က အချစ်ကိုကိုးကွယ်တယ်လို့ ပြောရလောက်တဲ့အထိ ရိုမန်တစ်ဆန်သူပါ။ ချစ်သူလက်ကို ကိုင်စွဲထားရရင် အရာရာပြည့်စုံတယ်လို့ ခံယူထားသူလည်း ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချရာမှာလည်း စိတ်ခံစားချက်ကို ဦးစားပေးတတ်သူ ဖြစ်ပါတယ်။
၂ ။ ရမှတ် ၁၀ - ၁၈

သင်က ရိုမန်တစ်ဆန်သူ ဖြစ်ပေမယ့် ဘဝမှာ အချစ်ထက်အရေးကြီးတာတွေ ရှိသေးတယ်လို့ ခံယူထားသူပါ။ အချစ်ရေးမှာ နှလုံးသားနဲ့ဦးနှောက် နှစ်မျိုးလုံး ဟန်ချက်ညီဖို့ ကြိုးစားသူလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချရာမှာ ဦးနှောက်နဲ့ စဉ်းစားသူဖြစ်ပေမယ့် ရွေးချယ်ထားတဲ့အချစ်ရေးမှာတော့ ရိုမန်တစ်ဆန်ဖို့ ကြိုးစားတတ်ပါတယ်။
၃။ ရမှတ် ၁၉ -၂၇

သင်က အချစ်ဆိုတာ ဘဝအတွက် မရှိမဖြစ် မဟုတ်ဘဲ အခြေခံလိုအပ်ချက်တွေ ပြည့်စုံချိန်မှ စဉ်းစားသင့်တဲ့အရာလို့ ခံယူထားသူပါ။ အချစ်ရေးမှာ စိတ်ခံစားချက်ကို အလိုမလိုက်ဘဲ အရာရာကို အချက်အလက်တွေ အခြေခံကာ စဉ်းစားဆုံးဖြတ်တတ်သူလည်း ဖြစ်ပါတယ်။
၄။ ရမှတ် ၂၈ -၃၆

သင်က အချစ်ဆိုတာ လူတွေစိတ်က ထင်ယောင်ထင်မှားဖြစ်တဲ့ အပိုသက်သက်လို့ ခံယူသူဖြစ်ပါတယ်။ ဒါ့အပြင် အချစ်ရေးကိစ္စရပ်တွေက ဘဝခရီးလမ်းမှာ အနှောက်အယှက်တစ်ခုလို့ တစ်ခါတလေ ရှုမြင်တတ်သူပါ။ လက်တွဲဖော်ရွေးချယ်ရာမှာလည်း ဦးနှောက်နဲ့သာ ဆုံးဖြတ်လေ့ရှိသူ ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz