သင့်ရဲ့ကံကြမ္မာက ဘယ်လိုမျိုးသတ်မှတ်ထားပြီးသားလဲ။ ပုံတစ်ပုံကို ရွေးချယ်ပြီး အဖြေရှာကြည့်ပါ။
lotaya.mpt.com.mm
|
2023-09-12

လူတိုင်းမှာ မွေးကတည်းက သတ်မှတ်ထားပြီးသား  ကံကြမ္မာဆိုတာ ပါလာတတ်ပါတယ်။ ဒီလိုကံကြမ္မာမျိုးကို ပြောင်းလဲပစ်ဖို့ဆိုတာ အတော်လေးခက်ခဲတတ်ပြီး သတ်မှတ်ထားပြီးသား ကံကြမ္မာဆိုတာ ဖြစ်လာရမယ့်အချိန်အတိအကျမှာ သေချာပေါက်ဖြစ်လာတတ်တာပါ။ ဒါဆို သင်ကံကြမ္မာကရော ဘယ်လိုမျိုးသတ်မှတ်ထားပြီးသားလဲဆိုတာကို ရှာဖွေကြည့်လိုက်ပါ။


သင့်ရဲ့ရွေးချယ်မှုအရ သင့်ရဲ့ကံကြမ္မာကတော့ သင့်ကိုယ်ပိုင်မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ်ဘဝကို အသက်ရှည်ရှည်နဲ့ ဖြတ်သန်းရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သင့်ဘဝက အရမ်းကိုခက်ခဲပင်ပန်းတယ်လို့ ခံစားရမှာပေမယ့် ဒါဟာ သင့်ရဲ့တောက်ပကောင်းမွန်တဲ့ အနာဂတ်အတွက် ပေးဆပ်မှုသာဖြစ်ပါတယ်။


သင်ဟာ နောက်ဆယ်နှစ်အတွင်းမှာ ကမ္ဘာကြီးရဲ့ နေရာသစ်တစ်ခုကို ရောက်ရှိနေမှာပါ။ အဲဒီနေရာသစ်မှာ သင်ဟာ အခြေချနေထိုင်နေပြီး သင့်ရဲ့ကိုယ်ပိုင်ဘဝသစ်ကို စတင်ရမှာဖြစ်ပါတယ်။


သင့်ရဲ့သတ်မှတ်ထားတဲ့ ကံကြမ္မာကတော့ သင်ဟာ တစ်စုံတစ်ယောက်ရဲ့ အသက်ကိုကယ်တင်ပေးမယ့် သူရဲကောင်းတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်။ နောက်ပြီး သင်ကယ်တင်ပေးလိုက်တဲ့ တစ်စုံတစ်ယောက်ဟာ သင့်ဘဝအတွက် အကောင်းဆုံး သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်။ 


သင်ရဲ့ဘဝမှာ သင်ဟာ ပိုအရေးပါအရာရောက်ပြီး ပိုစွမ်းအားကြီးတဲ့ သူတစ်ယောက်ဖြစ်လာမှာဖြစ်ပြီး အများကလေးစားအားကျရတဲ့ သူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ တကယ်လု့ိ သင်ပျောက်ကွယ်သွားခဲ့ရင်တောင် လူတိုင်းက သင့်ကိုအမှတ်ရနေမယ့် သူမျိုးဖြစ်လာမှာ ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..