ဉာဏ်စမ်းကြိုက်သူတွေတောင် တော်ရုံမဖြေနိုင်မယ့် ပဟေဠိ (၆) ခု
lotaya.mpt.com.mm
|
2023-10-03

ဒီတစ်‌ခါတော့ ကိုယ်တွေလို ဉာဏ်စမ်းဝါသနာရှင်တွေတောင် ဇဝေဇဝါဖြစ်သွားနိုင်တဲ့ မေးခွန်း (၆) ခု စဉ်းစားထားပါတယ်။ အကုန်ဖြေနိုင်မလား..ဘယ်လောက်ဖြေနိုင်မလဲ စမ်းကြည့်လိုက်ရအောင်လား။


၁။ လူနှစ်ယောက်က ၂ မိနစ်အတွင်း ငါး ၂ ကောင်ဖမ်းနိုင်တယ်ဆိုရင်

အဲဒီနှုန်းနဲ့ပဲ မိနစ် ၁၀၀ အတွင်း ငါးအကောင် ၁၀၀ မိဖို့ လူဘယ်နှယောက်လိုမလဲ။


၂။ လက်နှစ်ဖက်ပါတယ်။ လက်ဖဝါးတွေတော့ မရှိဘူး။

လည်ပင်းပါတယ်။ ခေါင်းမရှိဘူး။ အဲဒါ ဘယ်သူလဲ။


၃။ ဘတ်စ်ကားတစ်စီးပေါ်မှာ အသက် ၃၀ အရွယ် ကိုယ်ဝန်သည်တစ်ယောက်၊ အသက် ၂၈ အရွယ် သံဃာတစ်ပါး၊ အသက် ၅၂ အရွယ် အဒေါ်ကြီးတစ်ယောက် လိုက်ပါလာတယ်ဆိုရင် အဲဒီကားပေါ်မှာ အသက်အငယ်ဆုံးက ဘယ်သူဖြစ်မလဲ။


၄။ လူတစ်ယောက်က ရေကူးကန်ထဲကို ဒိုင်ဗင်ပစ်ဝင်ကူးလိုက်ပေမဲ့ သူ့ဆံပင်တွေ လုံးဝရေမစိုပါဘူး။ ဘာလို့လဲ။


၅။ လူတစ်ယောက်က မုတ်ဆိတ်မွှေးတွေကို နေ့တိုင်းရိတ်နေပေမဲ့လည်း သူ့မုတ်ဆိတ်မွှေးက လုံးဝတိုမသွားပါဘူး။ ဘာလို့လဲ။


၆။ အဲဒီအရာကို လုပ်တဲ့လူက သူကိုယ်တိုင်လည်း မသုံးဘူး။ ဝယ်တဲ့လူကလည်း သူသုံးဖို့မဟုတ်ဘူး။ သုံးတဲ့လူကလည်း သူသုံးနေရမှန်းတောင် မသိဘူး။ အဲဒါ ဘာပစ္စည်းလဲ။

ကဲ...မေးခွန်းတွေပြီးပြီဆိုတော့ အဖြေတိုက်ကြည့်လိုက်ရအောင်။

(၁) ၂ ယောက်ပါပဲ

(၂) ရှပ်အင်္ကျီ

(၃) ကိုယ်ဝန်သည်ရဲ့ဗိုက်ထဲက ကလေးပါ

(၄) ကတုံးမို့ပါ

(၅) ဆံသဆရာမို့ပါ

(၆) ခေါင်းတလား

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..