
လက်ဖဝါးပေါ်က လက္ခဏာအရေးအကြောင်းတွေဟာ လူတစ်ယောက်ရဲ့ ဘဝကံကြမ္မာကို ဖော်ပြနေတယ်လို့ ယုံကြည်ကြပါတယ်။ လက္ခဏာလမ်းကြောင်းတွေထဲက အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ အသက်လမ်းကြောင်းဟာလည်း သင့်အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တွေ ဖော်ပြနေပါတယ်။ အသက်လမ်းကြောင်းရဲ့ ပုံစံအလိုက် ဘာတွေဖော်ပြနေလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။
၁။ ရှည်လျားပြီး နက်ရှိုင်းတဲ့ လမ်းကြောင်း

ရှည်းလျားပြီး နက်ရှိုင်းတဲ့ အသက်လမ်းကြောင်းရှိသူတွေဟာ အများအားဖြင့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ကြပါတယ်။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းကြသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုအပြည့်ရှိသူတွေ ဖြစ်ပါတယ်။
၂။ တိုပြီးနက်ရှိုင်းတဲ့ လမ်းကြောင်း

တကယ်လို့ အသက်လမ်းကြောင်းက တိုပြီးနက်ရှိုင်းတယ်ဆိုရင်တော့ ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ရပေမယ့် ကျော်ဖြတ်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ဒီလိုအသက်လမ်းကြောင်း ရှိသူတွေဟာ တခြားသူတွေရဲ့ လိမ်လည်လှည့်ဖြားမှု ခံရတတ်ပါတယ်။
၃။ ထူထဲတဲ့ လမ်းကြောင်း

ထူထဲတဲ့ အသက်လမ်းကြောင်းမျိုး ပိုင်ဆိုင်ထားရင်တော့ ကျန်းမာသန်စွမ်းပြီး အားကစားထူးချွန်သူတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို အသုံးပြုရတဲ့ လုပ်ငန်းတွေမှာ အောင်မြင်သူတွေလည်း ဖြစ်ပါတယ်။
၄။ မထင်ရှားတဲ့ လမ်းကြောင်း

တကယ်လို့ အသက်လမ်းကြောင်းက မထင်ရှားဘဲ မှိန်နေမယ်ဆိုရင်တော့ လှုပ်လှုပ်ရှားရှားလုပ်ရတာတွေကို မနှစ်သက်တဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်အားတက်ကြွမှု နည်းပါးတတ်ပြီး ငြီးငွေ့တတ်သူလည်း ဖြစ်ပါတယ်။
၅။ တိုပြီး ပါးတဲ့လမ်းကြောင်း

တိုပြီးပါးတဲ့ အသက်လမ်းကြောင်းရှိသူတွေကတော့ ဘဝရဲ့လိုအပ်ချက်တွေကို စဉ်းစဉ်းစားစားနဲ့ ရွေးချယ်တတ်သူပါ။ ကြီးမားတဲ့အောင်မြင်မှုတွေ ရယူမယ့်အစား သက်တောင့်သက်သာရှိတဲ့ ဘဝကို ရွေးချယ်မယ့်သူ ဖြစ်ပါတယ်။
၆။ ပြတ်နေတဲ့ လမ်းကြောင်း

တကယ်လို့ အသက်လမ်းကြောင်းမှာ ပြတ်နေတဲ့အမှတ်အသား ပါခဲ့ရင်တော့ ဘဝမှာ ကြီးမားတဲ့ တစ်ဆစ်ချိုးပြောင်းလဲမှု ကြုံတွေ့ရနိုင်ပါတယ်။ ငယ်ရွယ်ချိန်နဲ့ ဘဝရဲ့နှောင်းပိုင်းအချိန်တွေကို လုံးဝကွဲပြာတဲ့ နေရာဒေသ၊ အခြေအနေတွေနဲ့ ဖြတ်သန်းရနိုင်ပါတယ်။
၇။ တစ်ခုထက်ပိုနေတဲ့ လမ်းကြောင်း

တကယ်လို့ တစ်ခုထက်ပိုတဲ့ အသက်လမ်းကြောင်းမျိုး ပါရှိခဲ့ရင်တော့ လျှို့ဝှက်ပြီးဆန်းကြယ်တဲ့ ဘဝမျိုး ပိုင်ဆိုင်ရတတ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိပြီး အချစ်ရေးမှာ ကံကောင်းသူတွေ ဖြစ်ပါတယ်။
၈။ ချိန်းကြိုးလို အဆက်တွေဖြစ်နေတဲ့ လမ်းကြောင်း

အသက်လမ်းကြောင်းဟာ ချောမွေ့မနေဘဲ ချိန်းကြိုးလို အဆက်တွေဖြစ်နေခဲ့ရင်တော့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးကြောင့် ကိုယ့်အစွမ်းအစတွေ ဖော်ထုတ်ပြသခွင့်တွေ အတားအဆီးကြုံးရတတ်ပါတယ်။
၉။ ကျွန်းအမှတ်ပါတဲ့ လမ်းကြောင်း

အသက်လမ်းကြောင်းမှာ ကျွန်းအမှတ်အသား ပါခဲ့ရင်တော့ ကြီးမားတဲ့ အခက်အခဲ၊ ပြဿနာတစ်ခုကို ဘဝမှာ ကြုံတွေ့ရမယ်လို့ ဆိုပါတယ်။ ဒါဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာမျိုး ဖြစ်နိုင်သလို အမှုအခင်းဖြစ်တာ၊ အကျဉ်းကျခံရတာလို ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။
၁၀။ အဆုံးမှာ ခက်ရင်းခွဖြစ်နေတဲ့ လမ်းကြောင်း

တကယ်လို့ အသက်လမ်းကြောင်းရဲ့ အဆုံးမှာ ခက်ရင်းခွလိုပုံစံ ဖြစ်နေခဲ့ရင်တော့ ဘဝနှောင်းပိုင်းမှာ အပြောင်းအလဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ အများအားဖြင့် အကောင်းဘက်ကို ပြောင်းလဲမှုတွေဖြစ်ပြီး လုပ်ငန်းတွေ အောင်မြင်တာမျိုး ဖြစ်နိုင်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz