၃ မိနစ်အတွင်းဖြေကြည့်လိုက်ရအောင် . . .
lotaya.mpt.com.mm
|
2023-12-30

၁။ ဘယ်ကုဒ်ကို ရွေးသင့်သလဲ ...

၂။ ပီဇာလာပို့သူက ဘယ်သူဖြစ်မလဲ . . .

 
အခုဖော်ပြထားတဲ့မေးခွန်းတွေဟာ ၃ မိနစ်အတွင်း ဖြေရတဲ့မေးခွန်းတွေမို့  အခက်အခဲတစ်ခုနဲ့ရင်ဆိုင်နေရပြီဆိုရင် အတက်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားတတ်ဖို့ လေ့ကျင့်ပေးတဲ့အရာတွေပဲဖြစ်ပါတယ်။  လက်တွေ့ဘဝကအဖြစ်အပျက်တွေမှာ မမြင်နိုင်တဲ့နောက်ကွယ်ကတိမ်မြှုပ်နေတာတွေကို ရှာတွေ့ဖို့ လေ့ကျင့်ရတဲ့မေးခွန်းတွေမို့ “ ၃ မိနစ်အတွင်းဖြေကြည့်လိုက်ရအောင် ”လို့ ခေါင်းစဉ်ပေးထားတာပါ။ ဒီလိုမေးခွန်းတွေကို နောင်လည်းဆက်လက်ဖော်ပြဦးမှာမို့လို့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်. . .
 

ဘယ်ကုဒ်ကို ရွေးသင့်သလဲ


လီလီဟာ ဝေးလံခေါင်သီတဲ့ တောရွာလေးတစ်ရွာမှာ နေထိုင်ခဲ့တာဖြစ်တယ်။  ကြီးပြင်းလာတဲ့အခါမှာ အလုပ်ရှာဖို့ မြို့ကို တက်ခဲ့တော့တာပေါ့။ ပိုက်ဆံကလည်းနည်းနည်းပဲရှိတော့ ရတာလေးနဲ့ သင့်တော်မယ့်အိမ်လေးမှာ ငှားနေလိုက်တယ်။

ဖြစ်ချင်တော့ စိတ်သိပ်မူမမှန်တဲ့ မိန်းမကြီးအိမ်ဖြစ်နေပါလေရော။  ပိုင်ရှင်မိန်မကြီးက လီလီမှာပါလာတဲ့ စာရွက်စာတမ်းအကုန်လုံးကို သိမ်းယူထားပြီး သူ့အခန်းထဲယူသွားပါတော့တယ်။ အဲဒီအခန်းကိုလည်း သော့ခတ်ထားလိုက်တယ်။

 လီလီက သိပ်မသင်္ကာတော့ သူမ စာရွက်တွေကို ပြန်တောင်းပေမယ့် မပေးတော့ဘူး။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စာရွက်စာတမ်းတွေကို ပြန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။  တစ်နေ့ အဖွားကြီးဈေးသွားနေတုန်း အိမ်အနှံ့ရှာဖွေကြည်တော့ သူ့အခန်းကိုဖွင့်တဲ့ ကုဒ်နံပါတ်စာရင်းကို တွေ့လိုက်ရတာကြောင့် အရမ်းကိုပျော်ရွှင်ခဲ့ရတယ်။

ကုဒ်တွေက ၄ မျိုးတောင်ဖြစ်နေတော့ တစ်ခုမဟုတ်တစ်ခုတော့ရနိုင်လောက်ပါတယ်ဆိုပြီးဖွင့်ပေမယ့် တစ်ခုမှမပွင့်ခဲ့ဘူးဖြစ်နေပါတယ်။ ဇောချွေးတွေပြန်လာပြီး လက်တွေတောင်တုန်လာတယ်။ ဖြစ်ချင်တော့ အဘွားကြီးက ပြန်လာတာ အိမ်အောက်ကိုရောက်နေပြီဖြစ်တယ်။ ပုံလေးကို သေသေချာချာလေးကြည့်ပြီး လီလီ အခက်အခဲကို ကူညီပေးပါဦး။

အဖြေ - ကုဒ်တွေက အဘွားကြီးအခန်းကုဒ်တွေမဟုတ်ပါဘူး။ လီလီအဲလိုလုပ်မယ်ဆိုတာသိလို့ တမင်တကာထားခဲ့တာဖြစ်တယ်။ ပုံကိုသေချာလေးကြည့်တဲ့အခါ နေ့စဉ်အသုံးပြုပါများနေလို့ 1,4,5,9 ဆိုတဲ့နံပါတ်နေရာလေးတွေအရောင်ဖျော့နေပြီး သိသိသာသာလေး မှိန်နေပါတယ်။ ဒါ့ကြောင့် အဲဒီ ၄ လုံးကို  ပတ်ပြီးဖွင့်ကြည့်လိုက်ဖို့လိုပါတယ်။ အဖြေမှန်ကတော့ 1, 4, 5, 9 ဖြစ်ပါတယ်။ အဘွားကြီးထားခဲ့တဲ့ ကုဒ်စာရင်း ၄  ခုလုံးမှာ 5 , 1, 9, 4 ဆိုတဲ့နံပါတ်တွေပါဝင်နေပါတယ်။ အဲဒါ Hints ဖြစ်ချင်ဖြစ်မှာပေါ့လေ။

ပီဇာလာပို့သူက ဘယ်သူဖြစ်မလဲ . . .


အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ထမင်း ၊ ဟင်း မချက်ချင်တော့တဲ့ လီလီဟာ ပီဇာမှာစားဖို့ပြင်ဆင်နေပါတယ်။ ဗိုက်ကလဲဆာနေတာမို့ ဖုန်းကို လှမ်းယူပြီး ပီဇာဆိုင်ကို ဖုန်းဆက်လိုက်ပါတယ်။
 
လီလီ - မင်္ဂလာပါ။  "Tony's pizza" ကလား ။ ဒိန်ခဲနှစ်ထပ်နဲ့ ငရုတ်ကောင်းလေးဖြူးထားတဲ့ ပီဇာတစ်ချပ်ရနိုင်မလား။ ဖြစ်နိုင်မယ်ဆို နေ့လည် ၁၂ နာရီမတိုင်ခင်ပို့ပေးပါရှင်။  
               သူမ ပီဇာကို စောင့်နေစဉ် စုံထောက်ဆီကနေ ဖုန်းဝင်လာပါတယ်။ တစ်ချိန်ကသူမကို မကျေမနပ်ဖြစ်နေတဲ့အဘွားကြီးက လီလီကို လုပ်ကြံဖို့ ကြိုးစားနေတဲ့အကြောင်း၊ သတိဝီရိယနဲ့နေထိုင်ဖို့အတန်တန်မှာကြားနေပါတယ်။ လီလီလည်းကြောက်လန့်နေစဉ်အတောအတွင်းမှာပဲ ဘဲလ်မြည်လာပါတယ်။  ပီဇာလာပို့တယ်ဆိုရင် အဲဒီသူကို အကူအညီတောင်းပြီး သူငယ်ချင်းတစ်ယောက်အိမ်ကို လိုက်ပို့ခိုင်းမယ်လို့စိတ်ကူးရင်း ဝမ်းသာသွားတာပေါ့။  လီလီအိမ်မှာ တံခါကလည်း ၂ ပေါက်ရှိနေတယ်။ ဖြစ်ချင်တော့ တံခါး နောက်တစ်ခုကပါ ဘဲလ်မြည်လာပါတော့တယ်။  လီလီလည်း မသင်္ကာလို့ မှန်တံခါးကိုချက်ချင်းမဖွင့်သေးပဲ အသာလေးချောင်းကြည့်လိုက်တယ်။ တံခါး ၂ပေါက်လုံးမှာ ပီဇာလာပို့သူ ၂ ဦးဖြစ်နေတော့ ပိုပြီးကြောက်လန့်သွားပါတော့တယ်။ လီလီက ဘယ်တံခါးက ပီဇာကို ယူရမလဲ။ စဉ်းစားပေးပါဦး။ ပုံလေးကိုတော့ အသေးစိတ်ကြည့်ဖို့လိုအပ်ပါတယ်နော်။
 
အဖြေ- လီလီမှာထားတာက  “TONY'S PIZZA” ကို မှာထားသောကြောင့် ဒုတိယမြောက်တံခါးကိုဖွင့်ပြီး အကူအညီတောင်းရမှာဖြစ်ပါတယ်။
 
 

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..