သင်လက်စွပ်ဝတ်ထားတဲ့ လက်ချောင်းလေးကပြောမယ့် သင့်ပုံစံ
lotaya.mpt.com.mm
|
2024-01-13

သင်ဝတ်တဲ့ လက်ဝတ်ရတနာတွေကတဆင့် သင်ဟာ ဘယ်လိုလူမျိုးဖြစ်နိုင်သလဲ၊ သင်ရဲ့အချစ်ပေါ်မှာ ထားတဲ့ သဘောထားနဲ့ တခြားသော ကိုယ်ရည်ကိုယ်သွေးတွေအကြောင်းကို ပြောပြပေးနိုင်ပါတယ်။ ဒီသီအိုရီဟာ သမိုင်းကြောင်းပေါ်အခြေခံပြီး မိရိုးဖလာယုံကြည်သက်ဝင်မှုတစ်ခု ဖြစ်လာတာပါ။ လက်စွပ်ကို မဝတ်ခင်မှာ သင့်ဘဝလူနေမှုဘဝပုံစံနဲ့အတူ လက်ချောင်းတစ်ချောင်းချင်းစီက ဘာတွေပြောနေတယ်ဆိုတာကို နားလည်ဖို့ အထောက်အကူပေးနိုင်ပါတယ်။

လက်မ  


လက်မမှာ လက်စွပ်ဝတ်တဲ့အဓိပ္ပာယ်က သင်ဟာ သန်မာသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွဲလုံ့လနဲ့ ခေါင်းမာခြင်းလိုမျိုး အမျိုးသားဆန်တဲ့ ပုံစံ သင့်မှာရှိပါတယ်။ လက်မဟာ မိမိကိုယ်ကိုယ်လေးစားမှုနဲ့ စိတ်အားထက်သန်မှုကို ကိုယ်စားပြုပါတယ်။

ဘယ်ဘက်လက်မ

            ဘယ်ဘက်လက်မမှာ လက်စွပ်ဝတ်ထားတယ်ဆိုရင် သင်က အချစ်ရေး၊ အလုပ် ဒါမှမဟုတ် နေ့စဉ်ဘဝရဲ့ အရေးကြီးတဲ့အရာတွေကို ထုတ်ဖော်မပြောတတ်သူပါ။ ဒါပေမဲ့ ဒီလို လက်မမှာ လက်စွပ်ဝတ်တဲ့ ပုံစံက ဖက်ရှင်ကျလွန်းတဲ့ သဘောရှိပါတယ်။ သင့်လှုပ်ရှားမှုကို အဟန့်အတားမဖြစ်စေမယ့် ကွင်းလုံးသေးသေးနဲ့ လက်စွပ်မျိုးကို ရွေးချယ်ပါ။ လက်မမှာဝတ်ထားတဲ့ လက်စွပ်ကိုကြည့်ပြီး လူအများက သင့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ခေတ်မီသောသူလို့ မြင်ကြပါလိမ့်မယ်။

ညာဘက်လက်မမှာ ဝတ်ထားတဲ့ လက်စွပ်ကနေတဆင့် သင့်အကြောင်းကို တိတိကျကျမဖော်ပြ ထားပါဘူး။

လက်ညှိုး


လက်ညှိုးပေါ်က လက်စွပ်က သင်ဟာ အဆုံးအစမရှိတဲ့ စိတ်အားထက်သန်မှုနဲ့အတူ အာဏာတွေ ပါဝါတွေလိုမျိုး အင်အား ပိုကြီးဖို့ ကြိုးစားနေကြောင်းဖော်ပြနေပါတယ်။ ဒီလက်ချောင်းက မိမိကိုယ်ကိုယ် ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ ရည်မှန်းချက်နဲ့ စိတ်စွမ်းအင်ပိုင်းဆိုင်ရာ သင်္ကေတဖြစ်တဲ့ ဂျူပီတာကို ကိုယ်စားပြု ပါတယ်။ lapis lazuli၊ amethyst (ခရမ်းစွဲ) သို့မဟုတ် blue topaz ကျောက်တွေပါတဲ့ လက်စွပ်ကို ရွေးချယ် ဝတ်ဆင်ပါ။

ဘယ်ဘက်လက်ညှိုး

            ဘယ်ဘက်လက်ညှိုးက တန်ဖိုးကြီးတဲ့လက်စွပ်ကို ပြသဖို့ နေရာကောင်းဖြစ်ပါတယ်။ လက်ညှိုးမှာ ဝတ် တာက ဘယ်လိုသဘောသက်ရောက်တယ်ဆိုတဲ့ သင်္ကေတလက္ခဏာတွေ မသတ်မှတ်ထားပါဘူး။ လက်ညှိုး နေရာမှာ သင်အကြိုက်ဆုံးလက်စွပ် (ဒါမှမဟုတ်) သင့်အဆင့်အတန်းကိုဖော်ပြနိုင်တဲ့ လက်စွပ် (ဒါမှမဟုတ်) တခြားသော အကျိုးသက်ရောက်မှုတွေ အားကောင်းစေတဲ့ အဆောင်လက်စွပ်ကို ဒီလက်ညှိုးနေရာမှာ ဝတ်ဆင်နိုင်ပါတယ်။

ညာဘက်လက်ညှိုး

            တချို့သော ထုံးတမ်းအစဉ်အလာတွေမှာ ညာဘက်လက်ညှိုးတွင် လက်စွပ်ဝတ်တာဟာ အိမ်ထောင်ပြု ပြီးတဲ့ သင်္ကေတပါ။ ဂျူးရိုးရာမင်္ဂလာပွဲတွေမှာ ညာဘက်လက်ညှိုးကို မင်္ဂလာလက်စွပ်ဝတ်ဖို့အတွက် သင့်တော်တဲ့ လက်ချောင်းလို့ ယူဆကြပါတယ်။ ပုံမှန်အားဖြင့်လည်း မင်္ဂလာလက်စွပ်တွေကို လက်ညှိုးမှာဝတ်တာဟာ အသင့် တော်ဆုံးပါ၊ ဒါပေမဲ့ တချို့သတို့သမီးတွေက မင်္ဂလာပွဲကျင်းပပြီးနောက်မှာ လက်သူကြွယ်ကို ပြောင်းဝတ်လေ့ ရှိပါ တယ်။

လက်ခလယ်


လက်ခလယ်ဟာ လက်စွပ်ဝတ်ဖို့အတွက် အကောင်းဆုံးလက်ချောင်းလို့ သတ်မှတ်ထားကြပါတယ်။ လက်ခလယ်မှာလက်စွပ်ဝတ်ထားတဲ့ သင်ဟာ ယုံကြည်စိတ်ချရပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောပြနေပါတယ်။ လက်ခလယ်(သို့မဟုတ်) စေတန်ဂြိုလ်ဟာ ဟန်ချက်ညီမျှမှု၊ တရားမျှတမှု၊ ဥပဒေ၊ တာဝန်နဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ရှာဖွေမှုတွေကို ကိုယ်စားပြုပါတယ်။ Rose quartz (သူယောင်ကျောက်) ၊ Coral (သန္တာကျောက်) နဲ့ Aquamarine (မြပြာ) လိုမျိုး ကျောက်လက်စွပ်တွေ ဝတ်လို့ ရပါတယ်။

ဘယ်ဘက်လက်ခလယ်

            ဘယ်ဘက်လက်ခလယ်မှာ ဝတ်ဆင်ထားတဲ့လက်စွပ်က ဘယ်လိုသက်ရောက်မှုမျိုးမှ မရှိပါဘူး။ ဒါပေမဲ့ လက်ချောင်းတွေအားလုံးထဲမှာ အရှည်ဆုံးလက်ချောင်းဖြစ်တဲ့ လက်ခလယ်မှာ လက်စွပ်ဝတ်တာကြောင့် အာဏာနဲ့ တာဝန်ကို ကိုယ်စားပြုတယ်လို့ ဆိုချင်ရင် ဆိုလို့ရပါတယ်။ သင့်ဘဝအကြောင်းဖော်ပြချက်တွေမပါဘဲ လက်စွပ်ကိုပဲ ပြသချင်တာဆိုရင် ဘယ်ဘက်လက်ခလယ်ကို ရွေးချယ်တာက အကောင်းဆုံးသော ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။

ညာဘက်လက်ခလယ်

            ညာဘက်လက်ခလယ်ကလည်း ဘယ်ဘက်လက်ခလယ်လိုပါပဲ လက်စွပ်ဝတ်တာနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အဓိပ္ပာယ်မရှိပါဘူး။ ဒီညာဘက်လက်ခလယ်မှာ သင့်ကိုယ်ပိုင်သင်္ကေတဖြစ်မယ့် လက်စွပ်ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

လက်သူကြွယ်


များသောအားဖြင့် လက်သူကြွယ်ကို ကြည့်ပြီး အိမ်ထောင်ရှိ၊ မရှိ ဆုံးဖြတ်တတ်ကြပါတယ်။ ရှေးခေတ် လူကြီးတွေဟာ လက်သူကြွယ်မှာ နှလုံးဆီကို တည့်တည့်ကြီးဖြတ်သွားတဲ့ အာရုံကြောရှိတယ်လို့ ယုံကြည် ထားကြပါတယ်။ ဒါကြောင့် လက်ထပ်လက်စွပ် မဟုတ်ဘဲ လက်သူကြွယ်မှာ လက်စွပ်စွပ်ထားတဲ့သင်က ရိုမန်တစ် ဆန်သူတစ်ယောက်လို့ အဓိပ္ပာယ်ရပါတယ်။ လက်သူကြွယ်ဟာ ဂရိနဲ့ ရောမနတ်ဘုရား Apollo ကို ကိုယ်စားပြုပြီး ပေါင်းသင်းဆက်ဆံရေး၊ တီထွင်ဖန်တီးမှု၊ အလှတရားကို ချစ်မြတ်နိုးမှု စတာတွေကို ဖော်ပြပါတယ်။ လက်သူ ကြွယ်မှာ မြောကျောက် (moonstone )၊ ကျောက်စိမ်း ( jade )၊ ခရမ်းစွဲ ( amethyst )၊ နီလာ ( sapphire ) နဲ့ စိမ်းပြာရောင်ကျောက် (turquoise) တို့ကို ဝတ်ဆင်နိုင်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..