
လူတွေဟာ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်အသက်ကြီးလာကြပေမယ့် စိတ်ခံစားချက်နဲ့ တွေးတောပုံတွေကတော့ အဲဒီလိုပုံမှန် ရင့်ကျက်အသက်ကြီးလာတာမျိုး မဟုတ်ပါဘူး။ တချို့က အသက်အရွယ်ထက် နုပျိုတဲ့စိတ်မျိုး ရှိကြပြီး တစ်ချို့ကတော့ အသက်အရွယ်ထက် ပိုရင့်ကျက်နေတတ်ပါတယ်။ သင်ရဲ့စိတ်ကရော လူငယ်၊ လူလတ်၊ လူကြီး ဘယ်အရွယ်စိတ်မျိုး ဖြစ်နေလဲဆိုတာ အောက်ကမေးခွန်းတွေဖြေပြီး စမ်းစစ်ကြည့်လိုက်ပါ။
၁။ အမှားတစ်ခု လုပ်မိရင်

က - အမှားလုပ်မိတယ်ဆိုတာ လက်ခံပြီး ပြင်ဆင်ဖို့ ကြိုးစားမယ်
ခ - ဘာကြောင့်အမှားလုပ်မိလဲဆိုတာ အရင်အဖြေရှာမယ်
ဂ - အမှားကို ဟာသလုပ်လိုက်ပြီး ဖြေရှင်းဖို့ အကူအညီရှာမယ်
၂။ သူငယ်ချင်းက ချိန်းထားတာကို အချိန်ကပ်ပြီးမှ ဖျက်လိုက်ရင်

က - “ဖြစ်တတ်ပါတယ်”လို့ပြောပြီး အဲ့အချိန်မှာ တခြားအရာတစ်ခုခု လုပ်နေလိုက်မယ်
ခ - သိပ်မကျေနပ်ပေမယ့် ထားလိုက်ပါမယ်
ဂ - နောက်တစ်ရက် ထပ်ချိန်းပြီး တွေ့ကြမယ်
၃။ တစ်ယောက်ယောက်က သင့်ကို စိတ်ဆိုးနေရင်

က - သူတို့စိတ်နည်းနည်းပြေတဲ့အထိ အချိန်စောင့်ပြီးမှ စကားသွားပြောမယ်
ခ - ပြဿနာကို ချက်ချင်းဖြေရှင်းမယ်
ဂ - ဟာသတွေပြောပြီး စိတ်ဆိုးပြေအောင်လုပ်မယ်
၄။ တကယ်လို့ ထီပေါက်ခဲ့ရင်

က - ပေးစရာရှိတာတွေပေးပြီး ကျန်တာကို ဘဏ်မှာစုမယ်
ခ - ခရီးထွက်ပြီး ပျော်စရာအမှတ်တရတွေ ဖန်တီးမယ်
ဂ - လိုချင်နေခဲ့တာတွေ အကုန်ဝယ်မယ်
၅။ အညီအမျှကောင်းမွန်တဲ့ အရာနှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ရတော့မယ်ဆိုရင်

က - အရင်ကအတွေ့အကြုံတွေကို အခြေခံပြီး သုံးသပ်ရွေးချယ်မယ်
ခ - ကောင်းကျိုး၊ ဆိုးကျိုးတွေကို စာရင်းချရေးပြီး နှိုင်းယှဉ်ရွေးချယ်မယ်
ဂ - ယုံကြည်ရသူတစ်ယောက်ယောက်ကို အကြံတောင်းပြီး ရွေးချယ်မယ်
၀ယ်ယူရန် နှိပ်ပါ
၆။ လုပ်ငန်းခွင်မှာ မကျေနပ်စရာ ကြီးကြီးမားမားတွေ့ရင်

က - အမြင်မတူတာတွေကို အပေးအယူလုပ် ညှိနှိုင်းမယ်
ခ - ဖြေရှင်းနိုင်မယ့် အခွင့်အာဏာရှိသူကို ပြောပြဖြေရှင်းစေမယ်
ဂ - ကိုယ့်ဘက်က လိုက်ပြောပေးမယ့်သူ ရှာမယ်
၇။ မနက်ဖြန်မှာ အလုပ်ကြီးတစ်ခု အပြီးသတ်ပေးရဖို့ ရှိနေရင်

က - အခုစလုပ်ပြီး အလုပ်ပြီးမှ အနားယူမယ်
ခ - ခနအနားယူပြီးတာနဲ့ စလုပ်တော့မယ်
ဂ- အလုပ်လုပ်တာနဲ့ နားတာနဲ့ တစ်လှည့်စီ လုပ်မယ်
၈။ ကိုယ့်တာဝန်တွေထဲက ဘယ်ဟာကို မလုပ်ချင်ဆုံးလဲ

က - ဘေလ်တွေဆောင်ရတာ
ခ - အဝတ်လျှော်ရတာ
ဂ - အမှိုက်ရှင်းရတာ
၉ ။ တစ်ယောက်ယောက်က သင့်ကိုချီးကျူးရင်

က - ချီးကျူးတာကို လက်ခံပြီး သူ့ကိုလည်း ပြန်ချီးကျူးမယ်
ခ - ချီးကျူးတာကို လက်ခံပြီး ကျေးဇူးတင်ကြောင်း ပြောမယ်
ဂ - အဲဒီလောက်မဟုတ်လို့ ချီးကျူးတာ လက်မခံပါရစေနဲ့လို့ ပြောမယ်
၁၀ ။ အရှက်ရစရာတစ်ခုခု လုပ်မိရင်

က - အရှက်ရမိပေမယ့် ရေရှည်အတွက် အရေးမပါဘူးလို့ တွေးမယ်
ခ - အရှက်ရမိပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်မယ်
ဂ - အံ့အားသင့်ပြီး အလွန်ရှက်မိမယ်
၁ ။ လူကြီးစိတ်အရွယ်
တကယ်လို့ သင်ရဲ့အဖြေတွေမှာ “က”အဖြေတွေက အများဆုံးဖြစ်ခဲ့ရင်တော့ သင်ရဲ့စိတ်အသက်က ၄၀ နဲ့အထက် လူကြီးစိတ်အရွယ်ပါ။ သင်က ဘယ်အရာကိုဖြစ်ဖြစ် ရင့်ကျက်မှုနဲ့ အတွေ့အကြုံကို အခြေခံပြီး ရှုမြင်လေ့ရှိသူ ဖြစ်ပါတယ်။
၂။ လူလတ်ပိုင်းစိတ်အရွယ်
တကယ်လို့ အဖြေတွေမှာ “ခ”အဖြေက အများဆုံးပါဝင်ခဲ့ရင်တော့ သင်ရဲ့စိတ်အသက်အရွယ်က အသက် ၂၅ နှစ်ကနေ ၄၀ ကြား လူလတ်ပိုင်းစိတ် ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံတွေ့ရပေမယ့် ကိုယ့်ရည်မှန်းတဲ့အတိုင်း ကြိုးစားရှေ့ဆက်တတ်တဲ့ စိတ်မျိုးရှိသူပါ။
၃။ လူငယ်စိတ်အရွယ်
တကယ်လို့ သင်ရဲ့အဖြေတွေမှာ “ဂ”အဖြေက အများဆုံးပါခဲ့ရင်တော့ သင်ဟာ နုပျိုတဲ့လူငယ်စိတ်အရွယ်ဖြစ်တဲ့ စိတ်သက် ၂၅ နှစ်အောက်ရှိသူ ဖြစ်ပါတယ်။ သင်ဟာ လောကကြီးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရှုမြင်တတ်သလို သင်ယူလေ့လာစရာတွေလည်း ရှိနေပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz