ရေခဲမုန့်က ပြောပြမယ့် သင့်အကြောင်း
lotaya.mpt.com.mm
|
2024-04-11

ရေခဲ့မုန့်ဆိုတာ ကြီးကြီးငယ်ငယ် မကြိုက်သူမရှိသလောက်လို့ ပြောနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ကြိုက်နှစ်သက်သူ များသလို ရေခဲမုန့်တွေကလည်း အရသာအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရှိကြပါတယ်။ အခုပုံမှာတော့ မတူညီတဲ့ ရေခဲမုန့် ၃ မျိုးကို ဖော်ပြထားပြီး သင်အကြိုက်ဆုံးတစ်ခုကို ရွေးလိုက်ပါ။ သင်ရွေးလိုက်တဲ့ အကြိုက်ဆုံး ရေခဲမုန့်က သင့်အကြောင်း စိတ်ဝင်စားစရာအချက်တွေ ဖော်ပြနေပါတယ်။

၁။


တကယ်လို့ သင်ရဲ့အကြိုက်ဆုံးအဖြစ် ရွေးလိုက်တာက ပထမဆုံးရေခဲမုန့်ဖြစ်ခဲ့ရင်တော့ သင်ဟာ အကောင်းမြင်စိတ်ရှိသူလို့ ဆိုနိုင်ပါတယ်။ မျှော်လင့်ချက်နဲ့ အကောင်းမြင်မှုရဲ့ အမှတ်အသားဖြစ်တဲ့ ပထမရေခဲမုန့်က သင်ဟာ အဆုံးသတ်မှာ အကောင်းဆုံးတွေ ကြုံတွေ့ရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးရှိတာကြောင့် ဘယ်တော့မှ စိတ်ဓါတ်မကျတတ်သူလို့ ဖော်ပြနေပါတယ်။ အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ အဲဒီယုံကြည်ချက်ကပဲ သင့်ကို ခွန်အားနဲ့ ခံနိုင်ရည်တွေ ဖန်တီးပေးပါတယ်။ ဒါ့အပြင် ရည်မှန်းချက်ရောက်ရှိဖို့ စွန့်စားမှုတွေလုပ်ဖို့အတွက်လဲ သတ္တိနဲ့ယုံကြည်မှုတွေ ဖြစ်ပေါ်စေပြီး တခြားသူတွေ မစဉ်းစားမိတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်စေပါတယ်။ အကောင်းမြင်ပြီး ယုံကြည်ချက်ရှိတာကြောင့် မြင့်မားတဲ့ရည်မှန်းချက်တွေ ထားတတ်သူလည်း ဖြစ်ပါတယ်။

၂။


တကယ်လို့ သင့်အကြိုက်ဆုံး ရေခဲမုန့်က နံပါတ် ၂ ရေခဲမုန့်ဖြစ်ခဲ့ရင်တော့ သင်ဟာ ချစ်မေတ္တာကို အလေးထားပြီး ကြင်နာတတ်သူ ဖြစ်ပါတယ်။ ဒီရေခဲမုန့်ကို ရွေးချယ်သူတွေဟာ နွေးထွေးပြီး ဂရုစိုက်တတ်သူတွေဖြစ်ကာ မိသားစုနဲ့ အပေါင်းအသင်းတွေကို ခင်တွယ်တတ်ကြပါတယ်။ သူတို့က ကိုယ်တိုင်အောင်မြင်ကြီးပွားဖို့ထက် သူတို့ချစ်ခင်သူတွေ အောင်မြင်မှုရဖို့ ကူညီထောက်ပံ့ပေးရတာကို ပိုပြီးစိတ်ပါလက်ပါ ရှိသူတွေပါ။ သူတို့အတွက်ကတော့ ချစ်ခင်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာက အကောင်းဆုံးအောင်မြင်မှုပါ။ ဒီရေခဲမုန့်ကို အကြိုက်ဆုံးအဖြစ် ရွေးချယ်သူတွေဟာ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကောင်းကျိုးအတွက် ဆောင်ရွက်ရတဲ့ အလုပ်တွေမှာ ထူးချွန်ကြပါတယ်။ သူတို့ဟာ အချစ်ရေးနဲ့ပတ်သက်ရင်လည်း အချစ်ကြီးသူတွေအဖြစ် လူသိများကြပါတယ်။

၃။


ဖော်ပြထားတဲ့ပုံထဲက နောက်ဆုံးရေခဲမုန့်ကတော့ အောင်မြင်မှုနဲ့ တိုးတက်မှုတွေကို ကိုယ်စားပြုပါတယ်။ တကယ်လို့သင်က ဒီရေခဲမုန့်ကို ရွေးခဲ့ရင်တော့ ရည်မှန်းချက်ကြီးမားပြီး စိတ်ဆန္ဒပြင်းပြသူလို့ ဆိုနိုင်ပါတယ်။ အမြင့်ဆုံးအောင်မြင်မှုကို ရရှိဖို့ ဇွဲကောင်းကောင်းနဲ့ အင်တိုက်အားတိုက် ကြိုးစားတတ်သူလည်း ဖြစ်ပါတယ်။ ဘယ်အလုပ်ကိုမဆို စိတ်ရောကိုယ်ပါ ရာနှုန်းပြည့်အားစိုက်တတ်ပြီး အလွန်အလုပ်ကြိုးစားသူအဖြစ် လူသိများပါတယ်။ ဒီရေခဲမုန့်ကို ရွေးချယ်သူတွေဟာ ရည်မှန်းချက်ရောက်ရှိဖို့ဆိုရင် ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်ကျော်ဖြတ်ဖို့ အသင့်ရှိနေသူတွေပါ။ သူတို့ရဲ့ ဇွဲကောင်းမှုနဲ့ စိတ်ပြင်းပြမှုကြောင့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်သန်မာသူတွေအဖြစ် ရှုမြင်ခံရသူတွေ ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..