သင့်ဆံပင်အရှည်က ပြောပြနေတဲ့ ကိုယ်ရည်ကိုယ်သွေး
lotaya.mpt.com.mm
|
2024-04-20

ဒီမေးခွန်းကတော့ မိန်းကလေးတွေအတွက်ပါ။ သင်ရဲ့ လက်ရှိဆံပင်အရှည်က ဘယ်လောက်ရှိလဲ။ အခုရှိနေတဲ့ ဆံပင်အရှည်က သင်ရဲ့ လက်ရှိကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး ဖော်ပြနေပါတယ်။ 

၁။ ဆံပင်အတိုအကပ်


သင့်ရဲ့ လက်ရှိဆံပင်က အလွန်တိုတဲ့ပုံဆံမျိုး ဖြစ်ခဲ့ရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လွတ်လွတ်လပ်လပ်နေရတာကို နှစ်သက်သူ ဖြစ်ပါတယ်။ သင်က လူအများလက်ခံထားတဲ့ ပုံသေစံညွှန်းတွေကို သိပ်ပြီး ဂရုမစိုက်တတ်ဘဲ ကိုယ့်စိတ်တိုင်းကျပုံစံနဲ့ နေထိုင်တတ်သူပါ။ ဒီဆံပင်ပုံမျိုး ထားရှိသူတွေဟာ တည်ငြိမ်နေတဲ့အခြေအနေကို စွန့်လွှတ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နောက်မတွန့်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူအများကြားမှာ ထင်ပေါ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးလည်း ပိုင်ဆိုင်ကြပါတယ်။ ဆုံးဖြတ်ချက်တွေချရာမှာလည်း တွေဝေတုန့်ဆိုင်းတာမျိုး မရှိဘဲ သတ္တိကောင်းသူတွေပါ။ အမြဲတက်ကြွပြီး အင်အားအပြည့်ရှိနေသူတွေလည်း ဖြစ်ပါတယ်။

၂။ ဘော့ကတ်ဆံပင်


တကယ်လို့ သင့်ရဲ့ဆံပင်အရှည်က ဘော့ကတ်ဆံပင်ပုံလို့ လူသိများတဲ့ မေးစေ့အောက်အရှည်မျိုး ဖြစ်ခဲ့ရင်တော့ သပ်ရပ်သန့်ရှင်းမှုကို နှစ်သက်ပြီး အမြဲကြော့ကြော့ရှင်းရှင်းနေတတ်သူလို့ ဆိုနိုင်ပါတယ်။ သင်ဟာ ဖက်ရှင်ဒီဇိုင်း ရွေးချယ်ရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်ရာမှာဖြစ်ဖြစ် အသေးစိတ် ဂရုတစိုက် ရှိတတ်သူလည်း ဖြစ်ပါတယ်။ သင်က ရိုးရိုးရှင်းရှင်း၊ ဟန်ချက်ညီညီနဲ့ အရည်အသွေးမြင့်တဲ့ နေထိုင်မှုပုံစံမျိုးကို နှစ်သက်ပါတယ်။ သင့်ရဲ့ အဲဒီလိုနေထိုင်ပုံက မြင်သူတိုင်း သဘောကျနှစ်သက်စေပါတယ်။ သင်ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အရည်အသွေးကို ကိုယ်စားပြုသူအဖြစ် ရှုမြင်ခံရသူလည်း ဖြစ်ပါတယ်။

၃။ ပခုံးထိအရှည်ပုံစံ


တကယ်လို့ သင့်ရဲ့ဆံပင်အရှည်က ပခုံးအထိရှိတဲ့ ပုံစံမျိုးဆိုရင်တော့ သင်ဟာ သွက်လက်ထက်မြက်ပြီး ခင်မင်တတ်သူ ဖြစ်ပါတယ်။ သင်က ဘယ်လိုနေရာ၊ အခြေအနေမျိုးမှာမဆို အလွယ်တကူ အသားကျနိုင်တဲ့ ပြောင်းလွယ်ပြင်လွယ်ရှိသူလည်း ဖြစ်ပါတယ်။ သင်ရဲ့အဲဒီအရည်အချင်းတွေက မိတ်ဆွေသူငယ်ချင်း ပေါများစေပြီး အခက်အခဲတွေ ကြုံတွေ့ချိန်မှာလည်း ကူညီသူတွေ ပေါများစေပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်က စိတ်ကူးစိတ်သန်း ကောင်းမွန်တာကြောင့် ပြဿနာတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်သူ ဖြစ်ပါတယ်။ သင်ဟာ ပတ်ဝန်းကျင်ကို ပျော်ရွှင်မှုနဲ့ ကောင်းမွန်တဲ့စိတ်သဘောထားတွေ ဖြန့်ဝေသူအဖြစ်လည်း သတ်မှတ်ခံရပါတယ်။

၄။ ဆံပင်ရှည်ပုံစံ


သင့်ရဲ့ဆံပင်ပုံစံက ကျောလယ်ထက်ရှည်တဲ့ ဆံပင်ရှည်ပုံစံ ဖြစ်ခဲ့ရင်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူတွေလှည့်ကြည့်ရတဲ့ ဆွဲဆောင်မှုမျိုး ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ လွတ်လပ်ပြီး စိတ်လှုပ်ရှားစရာတွေကို နှစ်ခြိုက်တဲ့ စိတ်ထားရှိပြီး ဆန်းသစ်တဲ့အတွေးအခေါ်တွေ ရှိသူလည်း ဖြစ်ပါတယ်။ သဘာဝတရားနဲ့ အနုပညာကို ချစ်မြတ်နိုးပြီး စိတ်ကူးယဉ်ရတာကို သဘောကျသူပါ။ ဒါ့အပြင် လူတွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းတွေကို အလေးထားနားထောင်ပေးတတ်ပြီး အားပေးနှစ်သိမ့်တတ်သူလည်း ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..