၃ မိနစ်အတွင်းဖော်ထုတ်ရမယ့် ကမ်းခြေကအမှု
lotaya.mpt.com.mm
|
2024-04-25

အခုဖော်ပြထားတဲ့မေးခွန်းတွေဟာ ၃ မိနစ်အတွင်း ဖြေရတဲ့မေးခွန်းတွေမို့  အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်နေရပြီဆိုရင် အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားတတ်ဖို့ လေ့ကျင့်ပေးတဲ့ အရာတွေပဲ ဖြစ်ပါ တယ်။  လက်တွေ့ဘဝကအဖြစ်အပျက်တွေမှာ မမြင်နိုင်တဲ့နောက်ကွယ်က တိမ်မြုပ်နေတာတွေကို ရှာတွေ့ဖို့လေ့ကျင့်ရတဲ့မေးခွန်းတွေမို့ “ ၃ မိနစ်အဖြေ” လို့ ခေါင်းစဉ်ပေးထားတာပါ။ ဒီလိုမေးခွန်းတွေကို နောင်လည်းဆက်လက်ဖော်ပြဦးမှာမို့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်. . . 

 ၁။ နာရီပိုင်ရှင်က ဘယ်သူလဲ . . . ( အချိန် ၁ မိနစ် ၃၀ စက္ကန့် ) 

၂။ ဟိုတယ်ထဲ သေဆုံးနေတဲ့ လီဆာ . . ( အချိန် ၁ မိနစ် ၃၀ စက္ကန့်) 

 နာရီပိုင်ရှင်က ဘယ်သူလဲ 


အောင်အောင် ဟာအားလပ်ရက်ရတာမို့ ကမ်းခြေကို သူငယ်ချင်းတွေနဲ့အလည်သွားခဲ့တယ်။ ကမ်းခြေကို လမ်းလျှောက်နေရင်း တန်ဖိုးကြီးတဲ့နာရီတစ်လုံးကောက်ရခဲ့တယ်။ အဲဒါနဲ့ ပိုင်ရှင် လက်ထဲထည့်ဖို့ နာရီ ဘယ်သူပျောက်လဲဆိုတာကို စုံစမ်းလိုက်တဲ့အခါ ပိုင်ရှင်က ၃ ယောက်ဖြစ်နေပါလေရော။ ဘယ်လိုလုပ်ရမယ်မှန်း မသိလို့ ကူညီဖြေရှင်းပေးပါဦး။  

1 ။ သူငယ်ချင်းတွေနဲ့ဆော့ကစားနေတဲ့ဇော်ဇော် 

2 ။ ပြုံးပြီးနာရီပြန်တောင်းနေတဲ့ ကျော်ကျော် 

3 ။ ကမ်းခြေမှာ လမ်းလျှောက်ရင်းလေရှုနေတဲ့ ကိုကို 

သူတို့ ၃ ဦးလုံးက သူတို့နာရီပါလို့ပြောလာ ကြတာဖြစ်ပါ တယ်။ ပုံလေးကိုသေချာလေးကြည့်ပြီး ဖြေရှင်း ပေးလိုက်ပါ။  အချိန် ၁ မိနစ် ၃၀ စက္ကန့် အတွင်းဖြေရမှာမို့ အချိန်တော့ သိပ်မကြာစေနဲ့နော်။  

အဖြေ  - ပိုင်ရှင်ကတော့ နံပါတ် 2 ဖြစ်တဲ့ ပြုံပြုံးကြီးနဲ့မုန့်စားနေတဲ့ ကျော်ကျော် ပဲဖြစ်ပါတယ်။ ကိုကို က မျက်မမြင်ဖြစ်တာကြောင့် နာရီဘယ်ပတ်မလဲနော်။ သေချာ ကြည့်ရင် ကျော်ကျော့် လက်မှာ နာရီအမြဲ တမ်းဝတ်ထားလို့ ဖြူနေတဲ့ အသားအရာ တစ်ခုတွေ့ပါလိမ့်မယ်။ အဲ့ဒါကြောင့် နာရီပိုင်ရှင်က ကျော်ကျော် လို့ ကောက်ချက်ချ ပါတယ်။  အချိန်ဘယ်လောက်ကြသွားပါသလဲ။ ၃ မိနစ်အတွင်းဖြေနိုင် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။  

ဟိုတယ်ထဲ သေဆုံးနေတဲ့ လီဆာ  


အောင်အောင် ဟာ ကောက်ရတဲ့နာရီကို ပိုင်ရှင်ဆီပြန်လည်ပေးအပ်ပြီးတော့ ကမ်းခြေမှာလမ်းဆက် လျှောက်ရင်း ဟိုတယ်ကိုပြန်လာခဲ့တယ်။ ဟိုတယ်ရှေ့ ရောက်တော့ အောင်အောင်နဲ့ အတူကမ်းခြေကို ခရီးထွက်လာတဲ့ သူငယ်ချင်းထဲက တစ်ဦးဖြစ်သူ လီဆာ့ အခန်းရှေ့မှာ ရဲတွေကိုတွေ့လိုက်ရပါတယ်။ အမှုအခင်းတစ်ခု ဖြစ်နေပြီဆိုတာ အောင်အောင် သိလိုက်ရပါပြီ။ စုံစမ်းကြည့်တော့ သူ့သူငယ်ချင်း လီဆာ အသတ်ခံလိုက်ရပြီဆိုတာ သိလိုက်ရတယ်။ လီဆာ အခန်းကိုရဲတွေက ရှာဖွေကြည့်တော့ နေ့စဉ် မှတ်တမ်းရေးတတ်တဲ့ လီဆာရဲ့ဒိုင်ယာရီကို တွေ့ခဲ့ပါတယ်။ စာအုပ်ထဲမှာ သူမကို အမြဲလိုက်နှောက်ယှက်နေတဲ့ သူအကြောင်း တွေရေးထားပါတယ်။ နာမည်မပါတော့ အခက်တွေ့နေပေမယ့် အဲဒီသူဟာ ဘယ်သန်တစ်ဦးဖြစ်တယ်ဆိုတာကိုတော့ မှတ်တမ်း အရတွေ့ရပါတယ်။ ဒါ့ကြောင့် ရဲတွေက သံသယ ဖြစ်ဖွယ်အခန်း ၃ ခန်းကိုရှာဖွေခဲ့ပါတယ်။ ကဲ . . လီဆာကို သတ်တာ ဘယ်သူဖြစ်မလဲ။ အောင်အောင့်ကို ကူညီဖော်ထုတ်ပေးပါဦး။  

သံသယဖြစ်စရာအခန်းတွေကတော့ -  

ဂျင်းနီအခန်း 

တင်တင် အခန်း 

ပီတာ အခန်း 

အဖြေ - လီဆာ ကိုသတ်လိုက်တဲ့သူက တင်တင် ပဲဖြစ်ပါလိမ့်မယ်။ တင်တင်ရဲ့အခန်းမှာ အသုံး အဆောင် အားလုံးက ဘယ်ဘက်မှာပဲထားထားတာမို့ တင်တင် က ဘယ်သန်လို့ ကောက်ချက်ချပါတယ်။ ကော်ဖီခွက်ကို ဘယ်ဘက်လက်နဲ့သောက်ထားတဲ့ပုံစံပေါ်ပါတယ်။ကွန်ပြူတာသုံတဲ့အခါမှာလည်း mouse ကို ဘယ်ဘက်လက်နဲ့ပဲသုံးတာတွေ့ရတယ်။ ဒါ့ကြောင့် လူသတ်သမားက တင်တင် ပါ။ အဖြေတွေ အကုန်လုံးအချိန်မီဖြေနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။  

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..