
ကိုယ့်ကိုယ်ကိုယ် ရူးများနေလားမသိဘူးလို့ ထင်မိတဲ့အချိန် လူအများစု ကြုံဖူးကြမှာပါ။ လူရဲ့စိတ်ဟာ အခြေအနေ၊ အကြောင်းအရာ အမျိုးမျိုးကြောင့် ပြောင်းလဲမှုတွေ ကြုံတွေ့ရနိုင်တာကြောင့် လက်ရှိ ကိုယ့်ရဲ့စိတ်အခြေအနေကို စမ်းစစ်ကြည့်ချင်ရင် အောက်ကမေးခွန်း ၇ ခုကို ဖြေကြည့်လိုက်ပါ။
၁။ ဘာကြောင့် ဒီမေးခွန်းတွေ ဖြေကြည့်တာလဲ။

က - ကိုယ့်ကိုယ်ကိုယ် ရူးနေပြီထင်လို့
ခ - အဲလိုမေးခွန်းတွေ နေ့တိုင်း မဖြေရမနေနိုင်လို့
ဂ - မမြင်ရတဲ့ အသံတစ်ခုက ဖြေခိုင်းလို့
ဃ - ကိုယ်ရည်ကိုယ်သွေး စမ်းသပ်မှုတွေကို သဘောကျလို့
၂။ သူငယ်ချင်းမိတ်ဆွေ အများကြီးရှိလား

က - သိပ်မများဘူး
ခ - နည်းနည်းပဲရှိတယ်၊ အရမ်းလဲမခင်ပါဘူး
ဂ - အများကြီးပဲ၊ ဒါပေမယ့် စိတ်ကူးထဲမှာရှိတာ
ဃ - ရှိတယ်ထင်တယ်
၃။ ဒီနေ့အတွက် သဘောအကျဆုံးအရာက ဘာလဲ

က - ဘယ်သူမှ ဖုန်းမဆက်တာ၊ တော်တော် အာရုံနောက်သက်သာတယ်
ခ - ရုံးလာတုန်းက လမ်းမှာ ရေဗွက်အိုင်တွေ တစ်ခုမှမနင်းမိခဲ့တာ
ဂ - အလုပ်လား…ဆံပင်ပုံစံသစ်လား… ဘာပြောရမလဲ မသိတော့ဘူး
ဃ - ဆံပင်ပေါ်မှာ နေရောင်ဖြာကျနေတာ၊ ငှက်သံတွေနဲ့ တိမ်တွေ
၄။ ကိုယ့်ကိုယ်ကိုယ် ရူးနေတယ်လို့ ထင်မိလား

က - ရူးနေလား ?
ခ - မထင်ပါဘူး၊ နည်းနည်းထူးဆန်းတဲ့ အကျင့်တချို့ပဲ ရှိတာပါ။
ဂ - ကိုယ့်ကိုယ်ကိုယ်တော့ မထင်ဘူး၊ သူများတွေကတော့ ထင်ချင်ထင်မှာပေါ့။
ဃ - တော်တော်ကို ရူးနေတာ ။
၅။ တကယ်လို့ တိရစ္ဆာန်တစ်ကောင် ဖြစ်မယ်ဆို ဘာဖြစ်ချင်လဲ။

က - တွင်းအောင််သတ္တဝါ တစ်မျိုးမျိုးဖြစ်ပြီး မြေကြီးထဲမှာပဲ ပုန်းနေချင်တယ်။
ခ - ပင်လယ်ဇင်ယော်
ဂ - အစင်းကြားနဲ့ ရှဉ့်
ဃ - ဘာမှမဖြစ်ချင်ဘူး
၆။ ထူးထူးဆန်းဆန်းနေရာတစ်ခု သွားရမယ်ဆို ဘယ်ကိုသွားချင်လဲ

က - ဇောက်ထိုးမိုးမျှော်ကမ္ဘာကို သွားချင်တယ်။ အဲဒါတကယ်ရှိတာ သိတယ်။
ခ - ပိုးသတ်ထားတဲ့ အဖြူရောင် ဆေးရုံခန်း
ဂ - ဒစ္စနေကမ္ဘာ.. ဒါမှမဟုတ် နယူးယောက်
ဃ - လှေနဲ့သွားရတဲ့ ဘယ်နေရာမဆို
၇ - အကြိုက်ဆုံး မုန့်အချို အမျိုးအစား

က - အချိုတွေ မကြိုက်ဘူး
ခ - Oreo
ဂ - M&M
ဃ - ချိုတဲ့ဘယ်မုန့်ဖြစ်ဖြစ်
၁ ။ “က” အဖြေများသူ

တကယ်လို့ သင့်ရဲ့အဖြေတွေမှာ “က” အဖြေတွေက အများဆုံးဖြစ်ခဲ့ရင်တော့ သင့်စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ များနေတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ စိတ်ခံစားချက် အစွန်းရောက်တာတွေ ကြုံတွေ့နေပြီး တကယ့်အရှိထက်ပိုတဲ့ ထင်မြင်ယူဆမှုတွေ ရှိနေပါတယ်။ သင့်စိတ်ထဲမှာ စိုးရိမ်နေတဲ့ အရာအများစုဟာ စိတ်အေးအေးထားပြီး အသေအချာ သုံးသပ်ကြည့်မယ်ဆိုရင် သာမန်ကိစ္စရပ်တွေသာ ဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။
၂။ “ခ” အဖြေများသူ

တကယ်လို့ သင့်ရဲ့အဖြေတွေမှာ “ခ” အဖြေတွေက အများဆုံး ပါဝင်ခဲ့ရင်တော့ သင်ဟာ ဒီမေးခွန်းတွေကို အဆုံးအထိ ဖြေနိုင်တာ အောင်မြင်မှုတစ်ခုပါ။ “ခ” အဖြေ အများဆုံး ဖြေဆိုသူတွေဟာ အာရုံပျံ့လွင့်လွယ်တဲ့ စိတ်အခြေအနေ ရှိနေတတ်ပြီး တစ်စုံတစ်ခုမှာ ရေရှည်အာရုံစိုက်လို့ မရတာမျိုး ကြုံနေရတတ်ပါတယ်။ ဒါ့အပြင် လုပ်ပြီးသားအလုပ်တစ်ခုကို ထပ်လုပ်မိတာလို အဖြစ်မျိုးလည်း ကြုံရတတ်ပြီး အာရုံစူးစိုက်မှု ပိုလုပ်နိုင်ဖို့ သတိပြုသင့်ပါတယ်။
၃။ “ဂ”အဖြေ များသူ

ဖော်ပြထားတဲ့ မေးခွန်း ၇ ခုကို ဖြေဆိုရာမှာ “ဂ”အဖြေက အများဆုံး ပါဝင်ခဲ့ရင်တော့ သင်ဟာ သတိမေ့တတ်နေတယ်လို့ ဆိုနိုင်ပါတယ်။ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ပြင်ပမှာဖြစ်ဖြစ် အသေးစိတ်အချက်အလက်တွေ မှတ်မိဖို့ ခက်ခဲနေပြီး တစ်ခါတစ်ရံမှာတော့ အရေးကြီးတာတွေကိုပါ မေ့တတ်နေပါတယ်။ သင့်အနေနဲ့ အာရုံတွေမများဘဲ စိတ်တည်ငြိမ်အောင် ဂရုစိုက်တာက မေ့တတ်တဲ့ပြဿနာကို သက်သာစေနိုင်ပါတယ်။
၄။ “ဃ” အဖြေများသူ

တကယ်လို့ သင်ရဲ့အဖြေမှာ “ဃ”အဖြေက အများဆုံး ဖြစ်ခဲ့ရင်တော့ အထက်ကဖော်ပြခဲ့တဲ့ အခြေအနေ ၃ မျိုးအတွက် စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ ၃ မျိုးလုံး အနည်းငယ်စီ ကြုံနေတာလည်း ဖြစ်နိုင်ပါတယ်။ သင့်စိတ်ထဲမှာ အကြောင်းအရာတွေ မျိုးစုံရှိနေပြီး အနည်းငယ်ရှုပ်ထွေးနေနိုင်ပေမယ့် ပုံမှန်ပဲလို့ ဆိုနိုင်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz