
ဖော်ပြထားတဲ့ပုံမှာ မတူညီတဲ့ နဖူးပုံစံ ၄ မျိုး ပါဝင်ပါတယ်။ သင့်ရဲ့နဖူးပုံစံက အဲဒီ ၄ မျိုးထဲက ဘယ်တစ်ခုနဲ့ တူနေပါလဲ။ နဖူးပုံစံက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း စိတ်ဝင်စားစရာ အချက်တွေ ဖော်ပြပေးနေပါတယ်။ ကိုယ့်နဖူးပုံစံအလိုက် ဘာတွေဖော်ပြထားလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။
၁။ ကျယ်တဲ့နဖူး

ကျယ်ဝန်းတဲ့နဖူးရှိသိတွေဟာ ဉာဏ်ကောင်းသူတွေလို့ အစဉ်အလာလက်ခံယုံကြည်ထားကြပါတယ်။ သူတို့ဟာ နက်နက်ရှိုင်းရှိုင်း တွေးခေါ်ရတာတွေ၊ သုံးသပ်ဆင်ခြင်ရတာတွေမှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့နဖူးပိုင်ရှင်တွေဟာ ပညာရေးနယ်ပယ်မှာ လူလေးစားခံရလောက်တဲ့သူတွေ ဖြစ်တဲ့အပြင် အသိပညာသစ်တွေ ဖော်ထုတ်နိုင်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ရှုပ်ထွေးတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရလွယ်တဲ့ အစိတ်အပိုင်းတွေအဖြစ် ခွဲဖြာပြီး ဖြေရှင်းနိုင်ကြပါတယ်။ အမြင်ကျယ်ပြီး ဉာဏ်ကောင်းတဲ့အတွက် လူတွေက အကြံဉာဏ်တောင်းဖို့ အားကိုးခံရသူတွေလည်း ဖြစ်ပါတယ်။
၂၊ ကျဉ်းတဲ့နဖူး

တကယ်လို့ သင့်ရဲ့နဖူးပုံစံက ကျဉ်းတဲ့နဖူးဖြစ်ခဲ့ရင်တော့ သင်ဟာ စိတ်ကူးကွန့်မြူးမှုနဲ့ ဖန်တီးမှုကောင်းမွန်တဲ့ အနုပညာသမားလို့ ဆိုနိုင်ပါတယ်။ လူအများစုနဲ့ ကွဲပြားတဲ့ အတွေးအမြင်ရှိပြီး တခြားသူတွေ မမြင်နိုင်တဲ့ အသေးစိတ်အချက်အလက်တွေ၊ ကွဲပြားတဲ့ရှုထောင့်တွေကို မြင်နိုင်သူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးနဲ့ ခံစားချက်တွေကို ပန်းချီ၊ ဂီတ စတဲ့ အနုပညာဖန်တီးမှုတွေနဲ့ ဖော်ပြရာမှာလည်း ထူးချွန်ကြပါတယ်။ ဘဝမှာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ဟန်နဲ့ နေထိုင်လှုပ်ရှားကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားကြပါတယ်။ သူတို့ရဲ့ နေထိုင်မှုပုံစံက ဖက်ရှင်နဲ့ အနုပညာနယ်ပယ်မှာ လမ်းသစ်ဖောက်သူတွေအဖြစ် သတ်မှတ်ခံရလေ့ ရှိပါတယ်။
၃။ ဝိုင်းတဲ့အနားသတ်နဲ့ နဖူး

နဖူးရဲ့အနားသတ်က အလယ်မှာကျယ်ပြီး ဘေးနှစ်ဖက်မှာ ကျဉ်းသွားကာ ဝိုင်းတဲ့အနားသတ်ပုံစံရှိသူတွေကတော့ နူးညံ့သိမ်မွေ့ပြီး နွေးထွေးကြင်နာတတ်သူတွေ ဖြစ်ပါတယ်။ သူတို့က တခြားသူတွေရဲ့ ခံစားချက်ကို နားလည်နိုင်ကြပြီး ဂရုစိုက်ပေးတတ်သူတွေပါ။ ဒါ့အပြင် စိတ်သဘောထားကောင်းပြီး အများအကျိုးပြု လုပ်ငန်းတွေကို အားတက်သရော လုပ်ကိုင်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ လူတွေကို ဂရုစိုက်တတ်တဲ့ အလေ့အကျင့်ကြောင့် လူအများရဲ့ ချစ်ခင်နှစ်သက်မှု ခံရသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အနားမှာရှိသူတိုင်းကို ပိုမိုသာယာစေသူတွေအဖြစ် သတ်မှတ်ခံရပါတယ်။
၄။ M ပုံစံနဖူး

တကယ်လို့ နဖူးပုံစံက အင်္ဂလိပ်အက္ခရာ M ပုံစံမျိုး ဖြစ်ခဲ့ရင်တော့ သင်ဟာ ရည်မှန်းချက်ကြီးပြီး စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပါတယ်။ ဘဝမှာ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက်တစ်ခု ထားရှိပြီး အဲဒီရည်မှန်းချက် အောင်မြင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားတတ်ကြပါတယ်။ ကြုံလာတဲ့ အန္တရာယ်အခက်အခဲတွေကို နောက်မဆုတ်တမ်း ရင်ဆိုင်ဖို့ အသင့်ရှိနေသူလည်း ဖြစ်ပါတယ်။ ဒီလိုနဖူးပုံစံရှိသူတွေဟာ ကိုယ့်ယုံကြည်ချက်ကို အခိုင်အမာ ကိုင်စွဲထားတတ်ကြပြီး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် တွန့်ဆုတ်နေတာမျိုးမရှိဘဲ ထုတ်ဖော်ပြောတတ်သူတွေပါ။ သူတို့ဟာ ဆွဲဆောင်မှုရှိသူတွေအဖြစ်လည်း သတ်မှတ်ခံကြရပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz