ဘယ်လောက်ဆက်စပ်တွေးတတ်လဲ . . .
lotaya.mpt.com.mm
|
2024-07-03

အခုဖော်ပြမယ့်ပုံတွေကတော့ အခြေအနေတစ်ခုမှာဘယ်လောက်ထိ ကိုယ်ကဆက်စပ်တွေးခေါ်နိုင်သလဲဆိုတာကိုစမ်းသပ်ပေမယ့်ပုံတွေပဲဖြစ်ပါတယ်။ ဘယ်အကြောင်းအရာမဆို အကျိုးအကြောင်း၊ အဆိုးအကောင်း တွဲယှက်ရှိတတ်တာသဘာဝပါ။ အပေါ်ယံမြင်ရတဲ့အရာကိုပဲတွေ့ပြီး ဆုံးဖြတ်မယ်ဆိုရင် နေပျော်တဲ့ဘဝနေထိုင်မှုမျိုးရရှိနိုင်မှာမဟုတ်ပါဘူး။ လက်တွေ့ဘဝမှာ ရှုထောင့်ပေါင်းစုံက တွေးခေါ်တတ်စေဖို့ လေ့ကျင့်ပေးမယ့် ပဟေဠိတွေပဲဖြစ်ပါတယ်။ တစ်ပုဒ်ကို ၅ မှတ်စီနဲ့ အချိန်က ၂ မိနစ်ရပါမယ်။ ကဲ . . သင် ဘယ်နှမှတ်ရသလဲဆိုတာ ဖြေကြည့်လိုက်ရအောင်။

၁။


အဘိုးအိုတစ်ဦးက သန့်ရှင်းတဲ့လေကိုရှုရှိုက်ဖို့ နံနက်စောစော လမ်းထလျှောက် တာဖြစ်ပါတယ်။ ဒီပုံက သာယာပေမယ့်မဖြစ်နိုင်တဲ့အရာတစ်ခု ရှိနေပါတယ်။ ဘာများပါလိမ့်။

အဖြေ -


ချောင်းကိုဖြတ်ပြီးတည်ဆောက်ထားတဲ့တံတားကိုကြည့်ပါ။ အဘိုးအိုရဲ့ ညာဘက်အခြမ်းမှာ ချောင်းက ရှိမနေပါဘူး။ ဒါ. . ဘယ်လိုလုပ်ဖြစ်နိုင်ပါမလဲနော်။

၂။


အားလုံးသိကြ၊ ချစ်ကြတဲ့ ပိုလာဝက်ဝံလေးနဲ့ ပင်ဂွင်းမိသားစု ၂ စုဖြစ်ပါတယ်။ သူတို့က ရေခဲမြစ်အရေပျော်နေတဲ့ ရေခဲပြင်တစ်ခုပေါ်မှာ တူတူစကားလက်ဆုံကြနေကြလေရဲ့။ ချစ်ခင်ရင်းနှီးမှုက အင်မတန်မှကြည်နူးဖို့ကောင်းတာပါနော်။ ဒါပေမယ် မဖြစ်နိုင်တာတစ်ခုကို ရှာခိုင်းထားပြန်တယ်။ ရှာဖွေပေးပါဦး။

အဖြေ -
 


ဒီပုံရဲ့အဖြေကိုရှာဖို့ဆိုရင် ပိုလာဝက်ဝံတွေက မြောက်ဝင်ရိုးစွန်းနားမှာနေတယ်၊   ပင်ဂွင်းငှက်တွေက တောင်ဝန်ရိုးစွန်းနားမှာနေတယ်ဆိုတာကို သိရပါမယ်။ ဒါမှ သူတို့တူတူရှိနေတာ မဖြစ်နိုင်ဘူးဆိုတဲ့အတွေးကို တွေးလို့ရမှာဖြစ်တယ်။ ကိစ္စတစ်ခုကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့အတွေ့အကြုံနဲ့အတွေးအခေါ်လိုအပ်တယ်ဆိုတာ သက်သေပြသွားတဲ့ပုံလေးတစ်ပုံဖြစ်ပါတယ်။  မြောက်ဝင်ရိုးစွန်းဆိုတာ တောင်ဝင်ရိုးစွန်းကို ဆန့်ကျင်ဘက်ပြုထားတဲ့ ကမ္ဘာပေါ်မှာ မြောက်ဘက်အကျဆုံးနေရာဖြစ်တယ်။  မြောက်ဘက်မှာနေတဲ့ပိုလာလေးနဲ့တောင်ဘက်မှာပျော်တဲ့ ပင်ဂွင်းတို့ တူတူတွေ့ဆုံဖို့ဆိုတာ ကမ္ဘာကြီး ပြားသွားမှဖြစ်နိုင်ပါလိမ့်မယ်နော်။
 

၃။
 


သဲသောင်ပြင်ပေါ်မှာ တွေ့ရတဲ့ ကုလားအုတ် ၂ကောင်။ ဖြာကျနေတဲ့နေရောင်အောက်မှာ သူတို့ကိုကြည့်ရတာ တစ်မျိုးလှနေသလိုပါပဲ။ မဖြစ်နိုင်တာလေးရှာဖွေပေးပါ။
အဖြေ -
 


ကုလားအုတ်တွေရဲ့နောက်က သစ်ပင်ကိုကြည့်ပါ၊ နေထိုးထားတဲ့အတွက် အဲဒီသစ်ပင်မှာ အရိပ်ရှိနေပါတယ်။ ကုလားအုတ်တွေမှာ အရိပ်မတွေ့ရပါဘူး။ တစ်ချိုစဉ်းစားတာကကြတော့ သဲသောင်ပြင်ပေါ်မှာ သစ်ပင်ပေါက်နေတာ မဖြစ်နိုင်ဘူးလို့ပြောကြပါတယ်။ ဒါပေမယ့် အရိပ်မရှိတာက ပိုပြီးမဖြစ်နိုင်တာလို့ ယူဆမိပါတယ်။
၄။


သာယာတဲ့လယ်တောအိမ်ကလေးတစ်လုံး။ တောင်ခြေတောစပ်နားမှာတည်ရှိတာကြောင့် လေကောင်းလေသန့်ရပြီး နေချင်စရာအိမ်လေးပါ။ ဘာမှားနေလဲ။
အဖြေ -
 


သာယာတဲ့အိမ်ကလေးမှာ လေကြောင်းမတည်ငြိမ်တာကိုတွေ့ရပါတယ်။ လေတိုက်ခတ်ရာ လမ်းကြောင်းက မတူညီပါဘူး။ ဝိုင်းပြထားတဲ့ သစ်ပင်ထိပ်ဖျားက ညာဘက်ကိုတိုက်ခတ်နေပြီး မီးခိုးခေါင်းတိုင်မီးခိုးတွေက ဘယ်ဘက်ကိုလွင့်နေပါတယ်။
၅။


အပြင်ထွက်ခါနီးအလှပြင်၊ မှန်ကြည့်နေတဲ့ ကောင်မလေးပုံမှာ ဘာများ လွဲနေပါသလဲ။
အဖြေ -
 


သေချာကြည့်မယ်ဆိုရင် မှန်ထဲမှာပေါ်နေတဲ့ လက်အနေအထားက မှားနေတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒီပုံလေးကတော့ အကြောင်းအရာတစ်ခုကို ဆုံးဖြတ်တော့မယ်ဆိုရင် သေသေချာချာစူးစမ်းတတ်ဖို့ အဓိကရည်ရွယ်တဲ့ပုံဖြစ်တယ်။
၂ မိနစ်အတွင်း ဘယ်နှစ်မှတ်ရပါသလဲရှင်။ စုစုပေါင်း ၂၅ မှတ်ရှိရမှာဖြစ်ပြီး ဘယ်လောက်ရရ ပြဿနာ မဟုတ်ပါဘူးနော်။ ဆက်စပ်တွေးတတ်တဲ့အကျင့်ရဖို့ လေ့ကျင့်ခန်းသက်သက်ပဲဖြစ်ပါတယ်။
 

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..