စိတ်တူကိုယ်တူ ဖြစ်မယ့်သူရဲ့နာမည်အစ စာလုံးကိုပြောပြမယ်
lotaya.mpt.com.mm
|
2024-07-10

အောက်မှာဖော်ပြထားတဲ့ပုံတွေကတော့ စေ့စပ်လက်စွပ်တွေဖြစ်ပါတယ်။ ဒီလက်စွပ်တွေဟာ တန်ဖိုးကြီးကျောက်မြတ်ရတနာမျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့လှပဆန်းကြယ်တာတွေချည်းဖြစ်ပါတယ်။ ဒီထဲကမှ တစ်ပုံချင်းစီမှာ သင့်စိတ်ကြိုက်စေ့စပ်လက်စွပ်ကိုရွေးချယ်ပြီး ရမှတ်အားလုံးကိုပေါင်းပေးရမှာဖြစ်ပါတယ်။ ရမှတ်အလိုက် သင်နဲ့စိတ်တူကိုယ်တူဖြစ်မယ့်သူရဲ့ နာမည်ကို အဖြေမှာရှာဖွေကြည့်လိုက်ပါနော်။

A = ၁ မှတ်

B =  ၂ မှတ်

C = ၃ မှတ်

D = ၄ မှတ်

၁။ အောက်မှာဖော်ပြထားတဲ့ စိန်လက်စွပ်တွေထဲမှာ သင်အကြိုက်ဆုံးလက်စွပ်က ဘာဖြစ်မလဲ။


၂။ နောက် စိန်လက်စွပ်တစ်ကွင်း ထပ်ရွေးပေးပါဦး။


၃။ ဒါကတော့ ဖိတ်ဖိတ်တောက်နေတဲ့ နီလာလက်စွပ်လေးတွေဖြစ်ပါတယ်။ စိန်လည်းစီထားလိုက်သေးတယ်။ စိတ်ကြိုက်တစ်ကွင်းရွေးလိုက်ပါဦး။


၄။ အရောင်ပြေးလေးတွေနဲ့လှပနေတဲ့ စေ့စပ်လက်စွပ်လေးတွေဖြစ်ပါတယ်။ ဘာကျောက်လဲသိပါသလား။ ကြောင်ကျောက်နဲ့ရှားရှားပါးပါးဖန်တီးထားတဲ့ လက်စွပ်လေးတွေဖြစ်ပါတယ်။ နှစ်သက်ရာ တစ်ခုရွေးလိုက်ပါ။


၅။ နီလာကိုမှ ခရမ်းရောင်မို့လို့ ခရမ်းနီလာလို့ခေါ်ကြပါတယ်။ တစ်နည်းအားဖြင့် ခရမ်းဆွဲ ကျောက်အလှလေးတွေဖြစ်တယ်။ တစ်ခုရွေးပေးပါ။


၆။ စိမ်းစိမ်းစိုနေတဲ့ ပြောင်ခေါင်းစိမ်းလက်စွပ်လေးတွေဖြစ်ပါတယ်။ စိန်ရံပြီး ခန့်ထည်လွန်းတဲ့စေ့စပ်လက်စွပ်တွေပါ။ တစ်ကွင်းရွေးလိုက်ပါနော်။


၇။ ဖြူစင်ပြီးပွဲလည်တင့်တဲ့ ပုလဲကို စေ့စပ်လက်စွပ်အဖြစ် ဆင်မြန်းထားကြတာဖြစ်ပါတယ်။ သင်ဆိုရင် ဘယ်လိုပုံစံမျိုးဝတ်ချင်ပါသလဲ။ တစ်ကွင်းလောက်စမ်းဝတ်ကြည့်ပါဦး။


၈။ စိမ်းဖန့်ဖန့်အရောင်က မြင်သူတကာစိတ်ကို အေးချမ်းစေသလို တည်ငြိမ်မှုအစွမ်းကိုပေးတဲ့ကျောက်က “မြ” ဆိုရင် အားလုံးပဲလက်ခံကြမယ်ထင်ပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ မြလက်စွပ်တစ်ကွင်းရွေးချယ်လိုက်ပါ။


၉။ ဥဿဖရားနဲ့ပြုလုပ်ထားတဲ့ စေ့စပ်လက်စွပ်တွေထဲက တစ်ကွင်းရွေးပေးပါ။


၁၀။ ကျောက်စိမ်းကိုစိန်ရံထားမှတော့ ကြီးကျယ်ခမ်းနားမှုက အတိုင်းအဆမဲ့ပြီပေါ့။ ကဲ  တစ်ကွင်းရွေးလိုက်ပါ။


၁၁။ မဟူရာလို့ဆိုလိုက်တာနဲ့ အနက်ရောင်ကို တန်းသိကြပါတယ်။ ငွေနဲ့ပေါင်းစပ်ထားတဲ့ မဟူရာစေ့စပ်လက်စွပ်ကိုယူမလား၊ စိန်ကာရံထားတဲ့ မဟူရာစိန်ရံကိုယူမလား။ တစ်ကွင်းတော့ရွေးလိုက်ပါ။


၁၂။ မျော‌ကျောက်က တော်ဝင်တယ်။ ခန့်ညားတယ်။ မှော်ဆန်တယ်လေ။ ဒီလိုကျောက်ကို သေသပ်လှပအောင်ထုဆစ်လိုက်တော့ တန်ဖိုးက အံမခန်းပါပဲ။ ဘယ်လက်ရာကိုရွေးချယ်မလဲ။


အဖြေ

ရမှတ် ၁၂ မှတ်ကနေ ၂၀


သင့်အပေါင်းအသင်းမိတ်ဆွေတွေထဲမှာ A,J,L  နဲ့စတဲ့သူတွေရှိပါသလား။ သူတို့တွေက သင့်ရဲ့ စိတ်တူကိုယ်တူဖြစ်စေမယ့် ဘဝလက်တွဲဖော်ဖြစ်လာနိုင်ပါတယ်။

ရမှတ် ၂၁ မှတ်ကနေ ၃၀


သင်နဲ့စိတ်တူကိုယ်တူဖြစ်စေတဲ့ဘဝလက်တွဲဖော်ရဲ့ ရှေ့စာလုံးတစ်လုံးက C,D,F ပဲဖြစ်ပါတယ်။

ရမှတ် ၃၁ မှတ်ကနေ ၄၀


စိတ်ဝင်စားစရာပါပဲ။ သင်နဲ့စိတ်ချင်းထပ်တူကျနေတဲ့သူက သူရဲ့ရှေ့စာလုံးမှာ B,E,W ပါဝင်နေတာပါတယ်နော်။

ရမှတ် ၄၁ မှတ်ကနေ ၄၈မှတ်


သူ့ရဲ့အစစာလုံးမှာ G,I,M နဲ့စပါတယ်။ သူက သင့်ရဲ့  soulmate ပါပဲ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..