သင့်အိပ်မက်တွေက ဖော်ပြတဲ့ သင့်အကြောင်း
lotaya.mpt.com.mm
|
2024-07-22

လူတွေရဲ့ အိပ်မက်တွေက စိတ်ခံစားချက်၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဆက်စပ်နေပြီး အဲဒီလူအကြောင်းကို ဖော်ပြနေတတ်ပါတယ်။ သင့်ရဲ့အိပ်မက်တွေကရော ဘာတွေဖော်ပြနေလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

၁။ အိပ်မက်ဆိုး


တကယ်လို့သင်က အိပ်မက်ဆိုးတွေ မက်လေ့ရှိတတ်သူ ဆိုရင်တော့ စိတ်ခံစားချက် ပြင်းထန်သူတစ်ဦးလို့ ဆိုရမှာပါ။ အရာရာကို အလေးအနက်ထား ခံစားတတ်သလို စိတ်လှုပ်ရှားလွယ်သလို စိုးရိမ်စိတ်များတတ်သူ ဖြစ်ပါတယ်။ သင်က တခြားသူတွေအတွက်လည်း တွေးပေး၊ ခံစားပေး၊ နားလည်ပေးတတ်သူပါ။ အပေါင်းအသင်းနည်းပေမယ့် ရှိတဲ့မိတ်ဆွေသူငယ်ချင်းတွေကို စိတ်ရင်းနဲ့ခင်မင်ပြီး စိုးရိမ်တတ်သူလည်း ဖြစ်ပါတယ်။

၂။ ချစ်ခင်နှစ်သက်သူ


တကယ်လို့သင်က ကိုယ်ချစ်ခင်နှစ်သက်သူတွေကို အိမ်မက်မက်လေ့ရှိရင်တော့ ရက်ရောပြီး စိတ်သဘောထားကောင်းသူ ဖြစ်ပါတယ်။ အမြဲလိုလို တက်ကြွနေတတ်ပြီး ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါတယ်။ ဘယ်အရာကိုမှ ပြင်းပြင်းထန်ထန် ခံစားလေ့မရှိဘဲ အလွယ်တကူ မေ့ပျောက် ဖြတ်ကျော်နိုင်သူလည်း ဖြစ်ပါတယ်။ အပေါင်းအသင်းများပြီး လူအများရဲ့ ချစ်ခင်နှစ်သက်မှု ခံရသူလည်း ဖြစ်ပါတယ်။

၃။ ရှင်းရှင်းလင်းလင်း မှတ်မိနေတဲ့ အိပ်မက်


အိပ်မက်အများစုက နိုးလာချိန်မှာ မပြတ်မသား၊ ဝေဝါးဝါးသာ မှတ်မိလေ့ရှိပေမယ့် တချို့အိပ်မက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေတတ်ပါတယ်။ အဲဒီလိုအိပ်မက်တွေ မက်လေ့ရှိသူတွေဟာ အစွဲအလမ်းနည်းပြီး စိတ်ကူးစိတ်သန်း ကောင်းသူတွေပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အနုပညာနဲ့ ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေကို ဝါသနာပါတတ်ပါတယ်။

၄။ အဖြစ်မှန်


တကယ်လို့သင်က အပြင်လက်တွေ့ဘဝမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို အိပ်မက်အဖြစ် မက်လေ့ရှိတတ်ရင်တော့ အလုပ်ကြိုးစားပြီး စိတ်အားထက်သန်သူ ဖြစ်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းသလို ဆုံးဖြတ်ချက်ချပြီးရင် မဖြစ်မနေ အကောင်အထည်ဖော်တတ်သူလည်း ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကာ တိုးတက်မှုရဖို့ အမြဲကြိုးစားနေတတ်သူလည်း ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..