ဘယ်မျက်နှာက ဆွဲဆောင်မှုအရှိဆုံးလဲ
lotaya.mpt.com.mm
|
2024-07-26

ဖော်ပြထားတဲ့ မျက်နှာတွေထဲက ဘယ်အမျိုးသား(သို့) အမျိုးသမီးမျက်နှာက ဆွဲဆောင်မှုအရှိဆုံးလို့ ထင်ပါသလဲ။ သင့်ရဲ့ရွေးချယ်မှုက သင့်ကိုဆွဲဆောင်နိုင်တဲ့ အဓိကအချက်တွေကို ဖော်ပြနေပါတယ်။

၁။


ဖော်ပြထားတဲ့မျက်နှာတွေထဲက ပထမဆုံးမျက်နှာကို ဆွဲဆောင်မှုအရှိဆုံးလို့ ရွေးချယ်ခဲ့ရင်တော့ သင့်ကိုဆွဲဆောင်နိုင်တဲ့ အဓိကအချက်က အစွဲအလမ်းကင်းပြီး သင်ယူတတ်မြောက်လွယ်တာ ဖြစ်ပါတယ်။ အတွေ့အကြုံသစ်တွေ စွန့်စားရှာဖွေတတ်သူတွေကို သင်က သဘောကျ နှစ်သက်လေ့ရှိပါတယ်။ သင့်အတွက်တော့ စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးနိုင်သူဟာ အဆွဲဆောင်နိုင်ဆုံးသူ ဖြစ်ပါတယ်။

၂။


တကယ်လို့သင်က နံပါတ် ၂ မျက်နှာကို ဆွဲဆောင်မှုအရှိဆုံးလို့ ရွေးချယ်ခဲ့ရင်တော့ တခြားသူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းနဲ့ ဩဇာအာဏာတွေက သင့်ကိုဆွဲဆောင်နိုင်တဲ့ အဓိကအရာတွေလို့ ဆိုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားပြီး လူအများကို ဦးဆောင်နိုင်သူတွေကို သင်က လေးစားနှစ်သက်တတ်သူပါ။ ဦးစီးဦးဆောင်နိုင်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်သူတွေဟာ သင့်အတွက် ဆွဲဆောင်မှုအရှိဆုံးသူ ဖြစ်ပါတယ်။

၃။


တကယ်လို့သင်က နံပါတ် ၃ မျက်နှာကို ဆွဲဆောင်မှုအရှိဆုံးလို့ ရွေးချယ်ခဲ့ရင်တော့ သင့်ကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်က ယုံကြည်စိတ်ချရမှုနဲ့ အပြန်အလှန် နားလည်မှုပဲ ဖြစ်ပါတယ်။ သင်က စိတ်ရှုပ်ထွေးရတာ၊ သံသယဝင်ရတာကို မနှစ်သက်တာကြောင့် ရိုးသားပြီး ယုံကြည်ရသူတွေကိုပဲ ရွေးချယ်မယ့်သူ ဖြစ်ပါတယ်။ ဒါ့အပြင် အပြန်အလှန် နားလည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အထောင်အပံ့ဖြစ်စေနိုင်တာကလည်း သင့်ကို  ဆွဲဆောင်နိုင်ပါတယ်။

၄။


တကယ်လို့သင်က ဖော်ပြထားတဲ့မျက်နှာပုံတွေထဲက နောက်ဆုံးပုံကို ဆွဲဆောင်မှုအရှိဆုံးလို့ ရွေးချယ်ခဲ့ရင်တော့ ရဲရင့်ပြီး စိတ်ဓာတ်ခိုင်မာမှုက သင့်ကို အဆွဲဆောင်နိုင်ဆုံးအချက်တွေ ဖြစ်ပါတယ်။ ကိုယ့်ယုံကြည်ချက်ကို အခိုင်အမာ ဆွဲကိုင်ရပ်တည်သူတွေ၊ ရည်မှန်းချက်အတွက် အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်သူတွေကို သင်က နှစ်သက်သဘောကျသူပါ။ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် သင့်အတွက်တော့ ရဲရင့်မှုက ဦးစားပေးရွေးချယ်မှု ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..