သင်လက်ထပ်ရမယ့် အသက်အရွယ်ကို ဖော်ပြနေတဲ့ စေ့စပ်လက်စွပ်
lotaya.mpt.com.mm
|
2024-07-31

ဖော်ပြထားတဲ့ စေ့စပ်လက်စွပ်တွေထဲက တစ်ခုကို ရွေးလိုက်ပါ။ သင်ရွေးလိုက်တဲ့ လက်စွပ်က သင်လက်ထပ်ရမယ့် အသက်အရွယ်ကို ဖော်ပြနေပါတယ်။

၁။


ပထမဆုံးလက်စွပ်ကို ရွေးခဲ့ရင်တော့ သင်ဟာ အသက် ၂၇ နဲ့ ၃၀ ကြားမှာ လက်ထပ်ရနိုင်ပါတယ်။ သင်က လက်မထပ်ခင်မှာ ကိုယ့်ရည်မှန်းချက်ရဲ့ လမ်းကြောင်းပေါ် အခိုင်အမာ ခြေချနိုင်အောင် ကြိုးစားမယ့်သူပါ။ ပြီးတော့ လူငယ်ဘဝရဲ့ လွတ်လပ်မှုကိုလည်း နှစ်သက်သူ ဖြစ်ပါတယ်။

၂။


တကယ်လို့သင့်က နံပါတ် ၂ လက်စွပ်ကို ရွေးခဲ့ရင်တော့ သင်လက်ထပ်ရမယ့် အသက်အရွယ်က ၄၀ ဝန်းကျင် ဖြစ်ပါမယ်။ သင်ကတော့ ဘဝမှာ အခိုင်အမာရည်မှန်းထားတဲ့ နေရာတစ်ခုကို ရောက်ရှိအောင်မြင်မှ လက်ထပ်ဖို့ စိတ်ကူးတတ်သူမျိုး ဖြစ်ပါတယ်။

၃။


တကယ်လို့ သင်ရွေးလိုက်တာက နံပါတ် ၃ လက်စွပ် ဖြစ်ခဲ့ရင်တော့ သင်ဟာ အသက် ၁၉ ကနေ ၂၂ ကြား ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်မယ့်သူပါ။ သင့်အတွက်တော့ လက်ထပ်တာဟာ ဘဝရဲ့ အရေးအကြီးဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အဖြစ်အပျက်လို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။

၄။


ဖော်ပြထားတဲ့ စေ့စပ်လက်စွပ်တွေထဲက နံပါတ် ၄ ကို ရွေးခဲ့ရင်တော့ သင့်အသက် ၂၃ ကနေ ၂၆ ကြားမှာ လက်ထပ်ရနိုင်ပါတယ်။ သင်က ပညာရေးပြီးဆုံးပြီးတာနဲ့ ဘဝခရီးကို လက်တွဲဖော်နဲ့အတူ ရင်ဆိုင်လျှောက်လှမ်းဖို့ ရည်ရွယ်ထားသူပါ။

၅။


တကယ်လို့သင်က နံပါတ် ၅ လက်စွပ်ကို ရွေးခဲ့ရင်တော့ အသက် ၃၀ နဲ့ ၃၃ ကြားမှာ လက်ထပ်မယ့်သူလို့ ဆိုနိုင်ပါတယ်။ သင်က ဘဝရည်မှန်းချက်နဲ့ အချစ်ရေးကို ဟန်ချက်ညီအောင် ကြိုးစားသူဖြစ်ပြီး အသင့်တော်ဆုံးအချိန်ကို ရွေးချယ်သူ ဖြစ်ပါတယ်။

၆။


တကယ်လို့သင်က နံပါတ် ၆ လက်စွပ်ကို ရွေးချယ်ခဲ့တယ်ဆိုရင် အသက် ၄၁ နဲ့ ၄၅ ကြားမှာ လက်ထပ်မယ့်သူ ဖြစ်ပါတယ်။ သင်က ဘဝကို နှောင်ကြိုးတွေနဲ့ မဖြတ်သန်းချင်သူဖြစ်ပြီး လက်ထပ်ခြင်းဟာ သင့်အတွက်တော့ ဦးစားပေးအစီအစဉ်တွေထဲမှာ မပါဝင်ဘူးလို့ ဆိုနိုင်ပါတယ်။

၇။


ဖော်ပြထားတဲ့ လက်စွပ်တွေထဲက နံပါတ် ၇ လက်ထက်လက်စွပ်ကို ရွေးခဲ့ရင်တော့ သင်ဟာ အသက် ၃၄ နဲ့ ၃၇ ကြားမှာ လက်ထပ်မယ့်သူပါ။ သင်က ဘဝကို အခြေတကျဖြစ်တဲ့အထိ တည်ဆောက်ချင်တဲ့အပြင် ကိုယ့်အတွက် အမှန်တကယ် သင့်တော်သူကို အချိန်ပေး ရွေးချယ်မယ့်သူ ဖြစ်ပါတယ်။

၈။


တကယ်လို့သင်က နောက်ဆုံးနံပါတ် ၈ လက်စွပ်ကို ရွေးခဲ့ရင်တော့ အသက် ၄၅ နောက်ပိုင်းမှာ လက်ထပ်မယ့်သူပါ။ တကယ်တော့ သင်က လက်ထပ်ဖို့ထက် တခြားအရာတွေကို စိတ်ဝင်စား ဦးစားပေးသူ ဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝအတွက် အထူးတလည် မျှော်လင့်ချက်မထားသူလည်း ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..