မေးခွန်း(၄)ခုမေးပြီး လူတစ်ယောက်ရဲ့အကြောင်းကိုအနီးစပ်ဆုံး ခန့်မှန်းကြည့်မယ်
lotaya.mpt.com.mm
|
2019-06-18

Shutterstock/Anneka

ဒီမေးခွန်းလေးတွေကို ကိုယ်ကိုယ်တိုင်အတွက်လည်း စမ်းသပ်ကြည့်နိုင်သလို…ကိုယ့်ရဲ့ချစ်သူ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း စမ်းသပ်ကြည့်နိုင်ပါတယ်။

ဘာတွေလုပ်ဖို့လိုမလဲဆိုတော့ ဇာတ်လမ်းလေးတစ်ခုကို သင့်စိတ်ကူးထဲမှာ ပုံဖော်စီးမျောပေးရမှာပါ။ မေးခွန်းတစ်ခုချင်းစီမှာအချိန်အကြာကြီး စဉ်းစားဖို့မလိုဘဲ သင့်စိတ်ထဲပေါ်လာတဲ့အတွေးအတိုင်း လိုက်ပါစီးမျောရုံပါပဲ။

သဘောပေါက်ပြီဆိုရင်အောက်မှာ စကြည့်လို့ရပါပြီ။



Shutterstock/Rich Carey

မေးခွန်း(၁) သင်က ကမ်းခြေတစ်ခုကို ရောက်နေတယ်။ သင်တစ်ယောက်ထဲ ရေငုပ်နေရင်း ရေအောက်ကြမ်းပြင်တော်တော် နက်နက်ကို ရောက်လာခဲ့တယ်။ ရုတ်တရက် ရေသူမတစ်ယောက် သင့်ရှေ့ကိုရောက်လာခဲ့တယ်။ ဟုတ်ပြီ…သင့်စိတ်ကူးထဲက ရေသူမရဲ့အမြီးက ဘာအရောင်လဲ။ (မှတ်ထားပေးပါ)

မေးခွန်း (၂)အဲ့ဒီရေသူမရဲ့ ဘေးမှာအစောင့်အရှောက်ပုံစံမျိုး ငါးတစ်ကောင်လည်း ပါလာတယ်။ သင်စိတ်ကူးလိုက်တဲ့ငါးက ဘယ်လိုမျိုးလဲ။ သေးသေးလား၊ ကြီးကြီးလား၊ ကြောက်ဖို့ကောင်းလား၊ချစ်ဖို့ကောင်းလား။ (မှတ်ထားပေးပါ)

မေးခွန်း (၃) ဒီလိုနဲ့ သင်ဆက်ပြီး ထွက်လာခဲ့ရင်း ရေအောက်ကြမ်းပြင်ထိ ရောက်လာခဲ့တယ်။အဲ့ဒီမှာ ပင်လယ်ခရုခွံလေးတွေ သင်တွေ့လိုက်ရတယ်။ ဘယ်လို ခရုခွံမျိုးကို တွေးမိလဲ။ (မှတ်ထားပေးပါဦး)

မေးခွန်း (၄) နောက်ဆုံးတော့ သင်ကုန်းမြေပေါ်ကို ပြန်တက်လာခဲ့တယ်။ ရေထဲကလည်း တက်လိုက်ရော ကမ်းခြေမှာ ဘယ်လိုမြင်ကွင်းမျိုး မြင်ရမလဲ။ လူတွေအုံနေမလား၊ ခပ်ကြဲကြဲပဲလား။ (ထပ်မှတ်ထားပေးပါဦး)

ကဲ…မေးခွန်းတွေအားလုံးဖြေပြီးပြီဆိုရင်တော့ သင့်အဖြေတွေရဲ့အဓိပ္ပာယ်ကိုအောက်မှာ တိုက်ကြည့်နိုင်ပါပြီ။



Shutterstock/Luma creative

အဖြေ (၁) သင်တွေးလိုက်တဲ့ ရေသူမရဲ့အမြီးဟာ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကို ကိုယ်စားပြုပါတယ်။

*အစိမ်းရောင်၊အပြာရောင်တို့လိုအရောင်အေးအေးလေးတွေ ရွေးချယ်ခဲ့တယ်ဆိုရင်တော့

သင်ဟာအနေအေးပြီး ရှက်တတ်သူတစ်ယောက်ပါ။

*အဝါရောင်၊အနီရောင်တို့လို ရင့်ရင့်၊ တောက်တောက်တွေကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့

သင်ဟာ စကားပြော ပွင့်လင်းပြီးအပေါင်းအသင်းဝင်ဆံ့သူတစ်ယောက်ဖြစ်ပါတယ်။

(၂) သင့်စိတ်ကူးထဲက ရေသူမရဲ့အဖော်ငါးဟာ သင်ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်း တတ်သလဲဆိုတာကို ဖော်ပြပါတယ်။

*ကြောက်စရာကောင်းတဲ့အစောင့်အရှောက်ငါးမျိုးကို တွေးမိခဲ့တယ်ဆိုရင်တော့

သင်ဟာ ပြဿနာတွေ ကြုံတဲ့အခါ ချက်ချင်းမဖြေရှင်းဘဲ ရှောင်ခွာတတ်လေ့ရှိသူတစ်ယောက်ပါ။

* ချစ်စရာအဖော်ငါးလေးလို့ တွေးမိခဲ့ရင်တော့ သင်ဟာ ပြဿနာတစ်ခုခုဖြစ်လာရင် ကိုယ်ယုံကြည်ရာအမြင်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောရဲသူတစ်ယောက်ပါ။

(၃) သင့်စိတ်ကူးထဲက ခရုခွံပုံစံဟာ သင်ဘယ်လောက်ပွင့်ပွင့်လင်းလင်းရှိလဲ ဆိုတာကို ညွှန်ပြပါတယ်။

*အပြင်မှာ မြင်နေကြအတိုင်း ရိုးရိုးခရုခွံတွေပဲ တွေးခဲ့မိတယ်ဆိုရင် သင်ဟာ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမဆို ပြောပြဖို့ ဝန်မလေးတတ်သူပါ။

* ဆန်းဆန်းပြားပြား ခရုခွံပုံစံတွေကို တွေးမိခဲ့ရင်တော့ သင်ဟာ တော်ရုံမရင်းနှီးသူကို ကိုယ့်အတွင်းရေးတွေ ပြောပြလေ့မရှိပါဘူး။

(၄) သင့်အတွေးထဲက ကမ်းခြေမှာ ရှိတဲ့လူအရေအတွက်က သင့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေကို ကိုယ်စားပြုပါတယ်။

* သင်ရေပေါ်ပြန်ပေါ်လာတဲ့အချိန် ကမ်းခြေမှာ လူတွေအများကြီး ပြည့်နှက်နေတယ်ဆိုရင်တော့ သင်ဟာ ဘော်ဒါအပေါင်းအသင်းများသူ တစ်ယောက်ပါ။

* သင်ရေပေါ်ပြန်ပေါ်လာတဲ့အချိန် ကမ်းခြေမှာ လူလေးငါး ဆယ်ယောက်လောက် စုပြုံနေတယ်ဆိုရင်တော့ သင့်မှာအပေါင်းအသင်းအရမ်းမများပေမယ့် ရင်းနှီးနွေးထွေးတဲ့အသိုင်းအဝိုင်းလေးတစ်ခုတော့ ပိုင်ဆိုင်ထားပါတယ်။

* သင်ရေပေါ်ပြန်ပေါ်လာတဲ့အချိန် ကမ်းခြေမှာ ဘယ်သူမှမရှိတော့ဘူးဆိုရင်တော့ သင်ဟာ လူတွေအပေါ်မှာ သံသယများသူဖြစ်ပြီး မိတ်ဆွေလည်း နည်းပါတယ်။

#lotaya_quiz




Some text some message..