တူမလိုနဲ့လုံးဝမတူကြတဲ့ တိရိစ္ဆာန်လေးတွေရဲ့အင်္ဂလိပ်နာမည်(၆) မျိုးကို မှန်အောင်ဖြေကြမယ်
lotaya.mpt.com.mm
|
2019-06-25

congerdesign/Pixabay, Ane 11e/Pixabay

ဦးနှောက်အလုပ်လုပ်ရတာ ဝါသနာပါသူတွေနဲ့အင်္ဂလိပ်ဘာသာကို လေ့လာနေဆဲလူတွေ၊ တတ်ကျွမ်းပြီလို့ ယူဆကြတဲ့ ပရိတ်သတ်တွေဖို့ ဉာဏ်စမ်းမေးခွန်းလေးတွေပဲဖြစ်ပါတယ်။ မြန်မာမှာ ကြွက်လို့ ရေဘုံယျခေါ်လိုက်ပေမယ့်လို့အင်္ဂလိပ်စာမှာဆိုရင်အိမ်ကြွက် “Mouse” လား ဒါမှမဟုတ် မြေကြွက် “Rat” လား စသည်ဖြင့်အမျိုးအစားပေါ်လိုက်ပြီးအခေါ်အဝေါ်တွေ ပြောင်းလဲတတ်ပါတယ်။ ဒါဆိုအပေါ်မှာဥပမာပြထားတဲ့ “Mouse” နဲ့ “Rat” လိုပဲ တခြားရော ဘယ်လိုသတ္တဝါမျိုးတွေ ရှိဦးမလဲဆိုတာ ဉာဏ်စမ်းမေးခွန်းလေးတွေဖြေရင်း ဗဟုသုတလေးတွေကိုအဖြေရှာကြရအောင်ပါနော်..




မေးခွန်း (၁)အပေါ်မှာပြထားတဲ့ပုံနှစ်ပုံထဲ ညာဖက်ကပုံဟာ “Turtle” ဖြစ်မလား၊ “Tortoise” ဖြစ်မလား။

(က) Turtle (ခ) Tortoise




Skeeze/Pixabay, strengthinnumbers/Pixabay

မေးခွန်း (၂) ပြထားတဲ့ပုံရဲ့ ဘယ်ဖက်က နားရွက်ပိုရှည်တဲ့အကောင်လေးက “Hare” ဖြစ်မလား “Rabbit” ဖြစ်မလား။

(က) Hare (ခ) Rabbit




Skeeze/Pixabay, fxuu/Pixabay

မေးခွန်း (၃) ခန္ဓာကိုယ်မှာအပြောက်အပြောက်နဲ့အပြေးမြန်တဲ့တိရိစ္ဆာန်လေးနှစ်ကောင်မှာ ဘယ်ဖက်ကတိရိစ္ဆာန်လေးကို ဘယ်လိုခေါ်မလဲ။ “Cheetah” လား “Leopard” လား။

(က) Leopard (ခ) Cheetah




Heidelbergerin/Pixabay, connie_sf/Pixabay

မေးခွန်း (၄) တစ်ကိုယ်လုံးမည်းနက်နေတဲ့ငှက်နှစ်ကောင်ထဲက ညာဖက်ကတစ်ကောင်ကို ခေါ်နေကျ “Crow” လို့ပဲ ခေါ်မလား၊ “Raven” လို့ခေါ်မလား။

(က) Crow (ခ) Raven




Sasint/Pixabay, diego_torres/Pixabay

မေးခွန်း (၅) “Chimpanzee” နဲ့ “Gorilla” မှာ ဘယ်ဖက်ကတိရိစ္ဆာန်လေးကို ဘယ်လိုခေါ်သလဲ။

(က) Chimpanzee (ခ) Gorilla




Illuvis/Pixabay, PublicDomainPictures/Pixabay

မေးခွန်း (၆) တောင်ပံနှစ်ခုဖြန့်ထားတဲ့ ကောင်လေးက “Butterfly” လား “Moth” လား။

(က) Butterfly (ခ) Moth

မေးခွန်း (၆) ခုလုံးလည်း ပြီးသွားပြီဆိုတော့ တစ်ခုချင်းစီရဲ့အဖြေမှန်လေးတွေကို ကြည့်လိုက်ရအောင်ပါနော်။

အဖြေမှန်များ

(၁) (က) Turtle ပါ။ “Turtle” တွေဟာ ရေကြိုက်ပြီး ရေငန်တွေဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာတွေမှာ နေထိုင်တတ်ကြကာအသားရော၊အရွက်ရောစားပေမယ့် “Tortoise” တွေကတော့ ရေသိပ်မကြိုက်ဘဲအရွက်သာစားလေ့ရှိကြပါတယ်။

(၂)အဖြေမှန်ကတော့ (က) Hare ဖြစ်ပါတယ်။ “Rabbit” တွေက “Hare” ထက်နားရွက်ပိုတိုပြီးအကောင်လည်း ပိုသေးတတ်ကြပါတယ်။ “Hare” ကို လွယ်လွယ်အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့ တောယုန်ရိုင်းတွေပေါ့။အပြေးလည်းပိုမြန်ပါတယ်။

(၃) နံပါတ် ၃အတွက်အဖြေကတော့ (ခ) Cheetah ပဲဖြစ်ပါတယ်။ “Leopard” နဲ့ “Cheetah” တို့ဟာအပြေးမြန်တယ်၊ ခန္ဓာကိုယ်အပြောက်တွေနဲ့ ကျားသစ်ချင်းတူတာဖြစ်ပေမယ်လို့ “Leopard” ရဲ့အကွက်တွေဟာအညိုရောင်အပျောက်ကိုအမည်းကွန့်ထားတာမျိုးဖြစ်ပြီး “Cheetah” တွေကတော့ လုံးဝအမည်းရောင်အစက်တွေပဲရှိတာပါ။ “Cheetah” တွေကတော့ ကမ္ဘာ့နို့တိုက်သတ္တဝါတွေထဲအပြေးအမြန်ဆုံးပါပဲတဲ့။

(၄) ကျီးကန်းလို့ပဲအလွယ်ခေါ်တတ်ကြပေမယ့် ဒီနေရာမှာ တကယ့်အဖြေမှန်ကတော့ (က) Crow ပဲဖြစ်ပါတယ်။ “Crow” နဲ့ “Raven” တွေရဲ့ ထူးခြားတဲ့ကွာခြားချက်ကတော့အမြီးပါ။အုပ်စုခပ်တောင့်တောင့်နဲ့ ကျက်စားတတ်တဲ့ “Crow” တွေရဲ့အမြီးဟာ ယပ်တောင်ပုံသဏ္ဍာန်ရှိပြီး နှစ်ကောင်တွဲသာ ခရီးနှင်တတ်တဲ့ “Raven” တွေရဲ့အမြီးကတော့အောက်ဖျားခပ်ရှုးရှုးရှိနေပါတယ်။

(၅)အဖြေက (က) Chimpanzee ပါ။ “Chimpanzee” တွေဟာ “Gorilla” တွေထက်ယှဉ်ရင် ပိုအကောင်သေးတတ်ကြပါတယ်။ လူဝံတွေဖြစ်တဲ့ “Gorilla” တွေဟာ လူထက်ပိုအင်အားကြီးပြီးအခန့်မသင့်ရင်မသင့်သလို ရန်လိုတတ်ပါသေးတယ်။

(၆) (ခ) Moth ဖြစ်ပါတယ်။ ပိုးဖလံလို့အလွယ်တူကူသိနိုင်ပေမယ့် တချို့ပိုးဖလံတွေက လိပ်ပြာနဲ့ဆင်တူလွန်းတာကြောင့် သိသာမြင်သာတဲ့ကွဲပြားချက်ကတော့ လိပ်ပြာတွေဟာ တောင်ပံကိုဒေါင်လိုက်ပူးကတ်နိုင်ပေမယ့် ပိုးဖလံတွေကတော့ တောင်ပံကိုဖြန်ကျက်ပြီးသာ နားနိုင်ပါတယ်။

ကဲ.. မေးခွန်းလေးတွေရဲ့အဖြေကိုလည်း သိပြီးပြီဆိုတော့ တခြားလူတွေကိုလည်း ဗဟုသုတလေးတွေ တစ်ဆင့်မျှဝေပေးနိုင်ပါစေနော်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..