ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်ဘယ်လောက်သိလဲဆိုတာ ဆန်းစစ်ပေးမယ့်မေးခွန်း ၆ ခု
lotaya.mpt.com.mm
|
2019-07-04

Shutterstock/By svtdesign

ဗဟုသုတဆိုတာ ပိုသိထားလို့မကောင်းဘူးဆိုတာမျိုး မရှိပါဘူးနော်။ ဒီတစ်ခေါက် ဉာဏ်စမ်းမေးခွန်းကဏ္ဍမှာတော့ မိမိခန္ဓာကိုယ်အကြောင်း မိမိဘယ်လောက်သိသလဲဆိုတာ ဆန်းစစ်ကြည့်လို့ရနိုင်မယ့် မေးခွန်းလေး (၆) ခုကို ပြင်ဆင်ပေးထားပါတယ်။ မေးခွန်းလေးတွေကိုအပေါ်ယံကြည့်မယ်ဆိုရင်တော့ လွယ်သယောင်ထင်ရမှာဖြစ်ပေမယ့် တကယ်တမ်းဖြေကြည့်လိုက်တဲ့အခါမှာ ဇဝေဇဝါတွေဖြစ်နိုင်တာမလို့ လျှော့တော့မတွက်စေချင်ပါဘူးနော်။ စဖြေကြည့်လိုုက်ကြပါစို့လား။



Shutterstock/By Roman Samborskyi

မေးခွန်း (၁) ဖွံ့ဖြိုးပြီးသားလူတစ်ယောက်မှာ ပုံမှန် သွားစုစုပေါင်း ဘယ်နချောင်းရှိသလဲ။

(က) ၃၂ ချောင်း (ခ) ၃၆ ချောင်း (ဂ) ၄၂ ချောင်း (ဃ) ၂၆ ချောင်း



Shutterstock/By fizkes

မေးခွန်း (၂) သာမန်လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပျမ်းမျှေရေဓာတ်ပါဝင်မှုရာခိုင်နှုန်းက..

(က) ၈၀% (ခ) ၄၀% (ဂ) ၆၀% (ဃ) ၉၂%



Shutterstock/By Life science

မေးခွန်း (၃) သင့်ဦးနှောက်အလေးချိန်ကို ပေါင်နဲ့ဖော်ပြပါဆိုရင်အဖြေမှန်ကိုအောက်မှာရွေးပေးပါ။

(က) ၄.၈၇ ပေါင် (ခ) ၂ ပေါင် (ဂ) ၃ ပေါင် (ဃ) ၁.၇ ပေါင်



Shutterstock/By LightField Studios

မေးခွန်း (၄)အစာခြေတဲ့အူလမ်းကြောင်းအသေးလေးရဲ့အရှည်ဟာ ဖွံ့ဖြိုးပြီးလူကြီးတစ်ယောက်မှာဆိုရင်..

(က) ၁၅ ပေ (ခ) ၃၂ ပေ (ဂ) ၃၄ ပေ (ဃ) ၄၁ ပေ



Shutterstock/By Catherine Glazkova

မေးခွန်း (၅) လူ့ခန္ဓာကိုယ်တွင်းရဲ့အလေးချိန်အစီးဆုံးကိုယ်တွင်းကလီစာက ဘာဖြစ်မလဲ။

(က)အဆုတ် (ခ)အစာအိမ် (ဂ)အူ (ဃ)အသည်း



Shutterstock/By Crevis

မေးခွန်း (၆) လူကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာအရိုးပေါင်းဘယ်လောက်ရှိသလဲ ခန့်မှန်းကြည့်ပါ။

(က) ၂၀၆ ခု (ခ) ၃၀၄ ခု (ဂ) ၁၄၆ ခု (ဃ) ၄၁၁ ခု

အဖြေတွေကိုတိုက်ကြည့်ကြမယ်။

အဖြေမှန်တွေကတော့

(၁) (က) ၃၂ ချောင်းပဲဖြစ်ပါတယ်။

(၂) ပျမ်းမျှရေဓာတ်ပါဝင်မှုကတော့ (ဂ) ၆၀% ပါ။အမျိုးသား၊အမျိုးသမီးနဲ့ နေထိုင်စေားသောက်မှုပေါ်မှာ မူတည်ပြီးတော့ ၅၀% မှ ၆၅% လောက်မှာ ရှိနေပါတယ်။

(၃) ဖွံ့ဖြိုးပြီးသားလူတစ်ယောက်ရဲ့ ဦးနှောက်ဟာ ၃ ပေါင်အလေးချိန်ရှိတာကြောင့်အဖြေမှန်ကတော့ (ဂ) ၃ ပေါင် ပဲဖြစ်ပါတယ်။ ဦးနှောက်ရဲ့အမြင့်ကိုကြည့်မယ်ဆိုရင်တော့ ၁၅ စင်တီမီတာရှိပြီး ဝ.၇၇ ပေါင် မှ ဝ.၈၈ ပေါင်သာရှိခဲ့တဲ့ မွေးခင်းစဦးနှောက်နဲ့ ယှဉ်မယ်ဆိုရင်တော့ တော်တော်လေးဖွံ့ဖြိုးကြီးထွားလာတာကို တွေ့ရမှာပါ။

(၄)အစာခြေအူလမ်းကြောင်းဆိုရင်တော့ ၃၂ ပေရှည်ပြီးအာဟာရတွေကို စုပ်ယူတဲ့အူလမ်းကြောင်းဟာ ၅ ပေရှိတာမလို့အဖြေမှန်ကတော့ (ခ) ၃၂ ပေ ပဲဖြစ်ပါတယ်။

(၅)အဖြေမှန်ကတော့ ၃.၅ ပေါင်ရှိနေတဲ့ (ဃ)အသည်းပဲဖြစ်ပါတယ်။ ကိုယ်တွင်းကလီစာမဟုတ်ဘဲ ခန္ဓကိုယ်ရဲ့အကြီးဆုံးအစိတ်အပိုင်းဆိုရင်တော့အရေပြားပါ။

(၆) ဖွံ့ဖြိုးပြီးသားလူတစ်ယောက်ရဲ့အရိုးစုစုပေါင်းဟာ သူမန်ဆိုရင်တော့ (က) ၂၀၆ ခုရှိပါတယ်။ မွေးခင်းစမှာတုန်းကအရိုးအဆစ်ပေါင်း ၂၇၀ ပါခဲ့ပေမယ့်အရွယ်ရောက်လာတာနဲ့မျှ ဆက်ကုန်တဲ့အရိုးတွေက ဆက်ကုန်ကြတာမလို့ ၂၁ နှစ်လောက်မှာတော့ ပြီးပြည့်စုံတဲ့အရိုးအဆစ်ပေါင်း ၂၀၆ ခုကို ရရှိသွားလေ့ရှိကြပါတယ်။

မေးခွန်းလေးတွေကိုဖြေပြီး မှန်တာတွေလည်းရှိသလို မှားတဲ့ဟာလေးတွေမှာလည်းအလွယ်တကူမှတ်မိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..