သင့်ရဲ့အထွေထွေဗဟုသုတဉာဏ်ကို စမ်းသပ်ပေးမယ့် မေးခွန်း (၈) ခု
lotaya.mpt.com.mm
|
2019-07-06

Shutterstock/By Milles Studio

လူတိုင်းမှာအထွေထွေဗဟုသုတဉာဏ်အနည်းနဲ့အများတော့ ရှိကြပါတယ်။ သင်ရော ကမ္ဘာပေါ်မှာ ရှိတဲ့အရာတွေအကြောင်း ဘယ်လောက်သိတယ်လို့ ထင်ပါသလဲ။ ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပြီး ကိုယ့်ကိုယ်ကို စမ်းသပ်လို့ရပါတယ်နော်။ မလွယ်မခက် ဗဟုသုတမေးခွန်း (၈) ခု ပေးထားတာမို့ ဖြေကြည့်ကြည့်လိုက်ပါဦး။



Shutterstock/By Ovocim


မေးခွန်း (၁) လူ့ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းကအကြီးမားဆုံး ဖြစ်ပါသလဲ။

(က)အသည်း (ခ)အရေပြား (ဂ)အူ



Shutterstock/By Denis Cristo


မေးခွန်း (၂) မခုန်နိုင်တဲ့ တစ်မျိုးတည်းသော နို့တိုက်သတ္တဝါက ဘာဖြစ်မလဲ။

(က) လင်းပိုင် (ခ) ဝက်ဝံ (ဂ) ဆင်



Shutterstock/By ic36006


မေးခွန်း (၃) မတော်တဆဖြစ်ပွားမှုနှုန်းအနိမ့်ဆုံးဖြစ်တဲ့အလုံခြုံဆုံး ကားအရောင်က ဘာဖြစ်မလဲ။

(က)အနီရောင် (ခ)အပြာရောင် (ဂ)အဖြူရောင်



Shutterstock/By Eugene Onischenko


မေးခွန်း (၄) ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအားကစားက ဘယ်တစ်မျိုးဖြစ်မလဲ။

(က) လက်ဝှေ့အားကစား (ခ) ဘောလုံးအားကစား (ဂ) ဘတ်စကတ်ဘောအားကစား



Shutterstock/By margouillat photo


မေးခွန်း (၅) ဘယ်တော့မှ မပုပ်သိုးနိုင်တဲ့ သဘာဝအစားအစာက ဘာဖြစ်မလဲ။

(က) ပျားရည် (ခ) သစ်ကြားသီး (ဂ)အာလူး



Shutterstock/By ju_see


မေးခွန်း (၆) အင်းဆက်တွေမှာ ခြေဘယ်နှချောင်းပါရှိပါသလဲ။

(က) ၄ ချောင်း (ခ) ၆ ချောင်း (ဂ) ၈ ချောင်း



Shutterstock/By Nalaphotos


မေးခွန်း (၇) သဘာဝပစ္စည်းတွေအနက် ဘယ်အရာကအမာကြောဆုံး ဖြစ်ပါသလဲ။

(က) ပြဒါး (ခ) ပုလဲ (ဂ) စိန်



Shutterstock/By LuckyN


မေးခွန်း (၈) ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကောင်က စိတ်ကူးယဉ်ဇာတ်ကောင်လား တကယ်ရှိခဲ့သူလား။

(က) တကယ်ရှိခဲ့သူ (ခ) စိတ်ကူးယဉ်ဇာတ်ကောင်

အဖြေမှန်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) [ခ]အရေပြား

(၂) [ဂ] ဆင်

(၃) [ဂ]အဖြူရောင်

(၄) [ခ] ဘောလုံးအားကစား

(၅) [က] သစ်ကြားသီး

(၆) [ခ] ၆ ချောင်း (အင်းဆက်တိုင်းမှာ ခြေ ၆ ချောင်း ပါရှိပါတယ်။)

(၇) [ဂ] စိန်

(၈) [က] တကယ်ရှိခဲ့သူ (ဂျိမ်းစ်ချားလ်စ်ဘွန်းဟာ တကယ်ရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။အင်္ဂလိပ်လူမျိုးတစ်ယောက်ပါ။ ဒုတိယကမ္ဘာစစ်ကာလတုန်းကအထူးအေးဂျင့်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။)

ကဲ.. ဒီတစ်ခါမှာတော့ သင့်ရဲ့အထွေထွေဗဟုသုတစွမ်းရည်ကို စမ်းသပ်ပြီးပြီလို့ ထင်ပါတယ်။ နောက်နောင်လည်း ဉာဏ်စမ်းမေးခွန်းအသစ်လေးတွေ ထပ်လာဦးမှာနော်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..