စကားထာနဲ့ပတ်သက်ရင် သင်ဘယ်လောက်ကျွမ်းသလဲ
lotaya.mpt.com.mm
|
2019-07-07

Shutterstock/By Hafiez Razali

စကားထာတွေဆိုတာ ကျွန်တော်တို့ ငယ်စဉ်လူမှန်းသိတတ်စထဲက မိသားစုစကားဝိုင်းထဲမှာ၊ ကစားဖော်သူငယ်ချင်းတွေကြားမှာအချင်းချင်းမေးကြမြန်းကြ၊ ဉာဏ်စမ်းကြနဲ့ သိပ်ကို ပျော်ဖို့ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။အခုလည်း ငယ်ငယ်ကလို ပြန်ကစားနိုင်အောင်လို့ စကားထာလေး (၆)ခုကို တင်ဆက်ပေးလိုက်ပါတယ်။ တစ်ခုချင်းစီကို ဖြေကြည့်ပြီးအောက်ဆုံးမှာ ကိုယ့်အဖြေတွေ ဘယ်လောက်မှန်လဲ ပြန်တိုက်ကြည့်လိုက်နော်။



Shutterstock/By Asier Romero

(၁) ခေါင်းကြီးလို့ လည်လိမ်၊ ဖင်ပိန်တဲ့ယောကျ်ား၊ မိုးပေါ်ပျံကာသွား၊ သိကြားလား၊ နတ်လား။

(က) ပုစဉ်း

(ခ) မိုးပျံပူပေါင်း

(ဂ) ကြက်ဖ

(ဃ) ဇော်ဂျီ



Shutterstock/By violetkaipa

(၂) ရွေ့လျားသောအိမ်၊အငြိမ်မနေသောအခန်း၊ ခရီးသွားအဆောင်ကြီး။

(က) ငှက်သိုက်

(ခ) ငှက်လှောင်အိမ်

(ဂ) ဘတ်စ်ကား

(ဃ) ခြေတံရှည်အိမ်



Shutterstock/By suntorn somtong

(၃) မာရင်ကျောက်ခဲ၊ ပျော့ရင် ဖယောင်း။

(က) ဒိန်ခဲ

(ခ) ကတ္တရာ

(ဂ) ကြွက်သား

(ဃ) ရေခဲ



Shutterstock/By Anton Starikov

(၄) နွားနို့တစ်မြူ တစ်ပြည်လုံးဖြူ။

(က) ထုံး

(ခ)အိမ်သုတ်ဆေး

(ဂ) ထန်းရေ

(ဃ) လ



Shutterstock/By Joe Therasakdhi

(၅) တောင်တစ်ရိုး၊ ဂူနှစ်ပေါက်၊ နဂါးပြုတင်းပေါက်။

(က) နှာခေါင်း

(ခ) ပုလွေ

(ဂ) နှဲ

(ဃ) မီးပြောင်း



Shutterstock/By Pushkin

(၆) ရှေးဘုန်းရှေးကံနည်းလို့သာ ခြေလက်တို့မပါ၊သို့ပါသော်ငြား ရာဇာမျိုး၊ ၁၆ ပြည်ထောင်စိုး။

(က) ရှင်ဘုရင်

(ခ) ပြည်တောင်း

(ဂ)အိုးစည်

(ဃ) တင်းတောင်း


အဖြေမှန်များ


(၁) ပုစဉ်း


(၂) ဘတ်စ်ကား


(၃) ကြွက်သား


(၄) လ


(၅) နှာခေါင်း


(၆) တင်းတောင်း

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..