ဟေး...ဒီ စကားထာ(၆)ခုကိုအားလုံးမှန်အောင်သင်ဖြေနိုင်ပါ့မလား
lotaya.mpt.com.mm
|
2019-07-08

Shutterstock/ By ESB Professional

………………………………….

သင့်ရဲ့ငယ်ဘဝမှာ စကားထာတွေနဲ့ ပတ်သက်ပြီး ကြားဖူးတာတွေအများကြီး ရှိခဲ့ပါလိမ့်မယ်။ တချို့စကားထာတွေက ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ၊ တချို့ကျတော့လည်း ကောက်ကွေ့ပြီး ရှုပ်ထွေးလွန်းလှပါတယ်။ တကယ်လို့သာ သင့်အနေနဲ့ ဒီစကားထာ (၆)ခုကိုအကုန်လုံးဖြေနိုင်ရင်တော့ တကယ့်ကို ဆရာကျလွန်းတဲ့သူတစ်ယောက်လို့ သတ်မှတ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီ (၆)ခုလုံး မှန်အောင် ဖြေဆိုနိုင်တဲ့သူက တကယ့်ကို ရှားပါးလွန်းတာကြောင့်ပါပဲ။ ကဲ… သင့်ရဲ့ စကားထာ စွမ်းရည်ကိုအခုပဲ စမ်းသပ်ကြည့်လိုက်ရအောင်။




Shutterstock/ By pendakisolo

(၁) တက်လေးစင်းနှင့်အပြင်းလှော် ၊ မယ်တော်ရှင်မ ပေါင်းထဲက

ဒယ်အိုး ၊ ကျောက်ပျဉ် ၊ ပိန်းကောလှေ ၊ လိပ်




Shutterstock/ By chittakorn59

(၂) သူ့အပင်ကတစ်ရုံကြီး ၊သူ့အသီးက တစ်လုံးသီး။

နာနတ်သီး ၊ စပျစ်သီး ၊ ပျားအုံနှင့်ပျားဘုရင်မ၊ ဆံပင်နှင့်ဆံထုံး




Shutterstock/ By Feng Lu

(၃) ဝဲလို့လည်းပျံ ပတူသံ၊ ဝဲလို့လည်းပျောက် ရွှေလင်းတောက်

မီးရှူးမီးပန်း ၊ လင်းယုန် ၊ မီးပုံးပျံ ၊ သစ်တောက်ငှက်




Shutterstock/ By Oksana Kuzmina

(၄) ငယ်ငယ်တုန်းက စားဖော်စားဖက် ၊ ကြီးလာတော့အိပ်ဖော်အိပ်ဖက်။

သူငယ်ချင်း ၊ မှို့နဲ့ခေါင်းအုံး ၊ ကျွန်းပင်နဲ့ကုတင် ၊ မျှစ်နဲ့ဝါး ၊




Shutterstock/ By mezzotint

(၅)အညာကဆင်ဖြူအမွှေးထူ

သနပ်ခါး ၊ ကြက်သွန်ဖြူ ၊ ထန်းလျက် ၊အညာစောင်




Shutterstock/ By Anna Tochennikova

ခြေထောက် (၈)ခေါင်း၊ ခေါင်းတစ်လုံး၊ လျှာထုတ်ပြတာ ဘယ်သူတုန်း။

ချိန်ခွင် ၊ ကုန်တင်ကား ၊ ထိုင်ခုံ ၊ ပင့်ကူ

အဖြေမှန်များ

(၁) လိပ်

(၂) ဆံပင်နှင့်ဆံထုံး

(၃) မီးရှူးမီးပန်း

(၄) မီးရှူးမီးပန်း

(၅) ကြက်သွန်ဖြူ

(၆) ချိန်ခွင်

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..