သင့်စိတ်ကူးထဲကအခန်းလေးတစ်ခုက ဖော်ပြနေတဲ့ သင့်ရဲ့ ဘဝအကြောင်းများ
lotaya.mpt.com.mm
|
2019-07-10

Shutterstock/By archideaphoto

ဒီတစ်ခေါက် စမ်းသပ်ချက်လေးကလည်း သင့်ကို စိတ်ကူးပုံဖော်ခိုင်းပြီး သင့်စိတ်ကူးထဲက ပုံရိပ်တွေကို ပြန်ဖတ်ပြီး သင့်ဘဝအကြောင်းကို ဖြေကြားပေးမှာဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်လေးကို ဖြေဆိုဖို့အတွက် ခဲတံနဲ့စာရွက်တစ်ရွက်ပေါ်မှာ ကိုယ့်အဖြေလေးတွေကို ရေးမှတ်ထားနိုင်ရင်တော့ ပိုကောင်းပါတယ်။ (မရှိလည်း ရပါတယ်။)

ကဲ…အဆင့်သင့်ဖြစ်ပြီဆို စလိုက်ပါမယ်။



Shutterstock/ By Vectorpocket

မနက်ခင်းတစ်ခုမှာ သင်နိုးထလာခဲ့တယ်။ ထူးဆန်းတာက သင့်အခန်းမဟုတ်ဘဲ ဘယ်ကမှန်းမသိတဲ့အခန်းတစ်ခုထဲကို သင်ရောက်နေတယ်။ ဒါပေမဲ့ ဒီအခန်းလေးက သင်နဲ့ရင်းနှီးနေသလိုခံစားနေရတယ်။

မေးခွန်း (၁) သင့်စိတ်ကူးထဲကအခန်းက ဘယ်လိုမျိုးလဲ။အဲ့အခန်းထဲရောက်နေရတာ သင်ဘယ်လိုခံစားရလဲ။

(၂)အခန်းထဲမှာ ပရိဘောဂတွေ ဘယ်လောက်များများရှိလဲ။

(၃)အခန်းထဲက ထထွက်သွားချင်စိတ်ပေါက်လား။



Shutterstock/ By ibom

(၄) ဆက်ပြီးတွေးကြည့်ပါ။ သင် ကမ်းခြေတစ်ခုဆီကို လမ်းလျှောက်ထွက်လာခဲ့တယ်။ သင့်စိတ်ကူးပုံရိပ်ထဲမှာ လူတွေဘယ်လောက်များများ ကမ်းခြေမှာရှိနေလဲ။

(၅) လူတွေနဲ့ သင်ဘယ်လောက်ကွာဝေးနေသလဲ။

သင့်စိတ်ကူးထဲကအဖြေတွေက သင့်ရဲ့လက်တွေ့ဘဝကို ဒီလိုထင်ဟပ်နေပါတယ်။

(၁)အခန်း - ဒီအခန်းက သင့်ရဲ့ငယ်ဘဝကို ကိုယ်စားပြုပါတယ်။အခန်းလေးက နေရထိုင်ရတာ သက်သောင့်သက်သာ ရှိတယ်လို့ စိတ်ကူးမိရင် သင့်ငယ်ဘဝက သာယာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။

(၂) ပရိဘောဂ -အခန်းထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းတွေ သင့်ရဲ့ ငယ်ဘဝအမှတ်တရတွေလို့အဓိပ္ပါယ်ရပါတယ်။ ပရိဘောဂတွေအများကြီးရှိနေတယ်ဆိုရင် သင့်မှာ ငယ်ဘဝအမှတ်တရများစွာ ပိုင်ဆိုင်ထားတယ်လို့ သတ်မှတ်နိုင်ပြီး နည်းနည်းသာရှိခဲ့ရင်တော့အမှတ်တရတချို့သာ ရှိတယ်လို့အဓိပ္ပါယ်ရပါတယ်။

(၃)အခန်းထဲက ထွက်လိုခြင်း - သင့်အတွေးထဲမှာအဲ့ဒီအခန်းထဲကအမြန်ထွက်သွားလိုခဲ့တယ်ဆိုရင် သင်ဟာခပ်မြန်မြန်လေးအရွယ်ရောက်လိုခဲ့သူတစ်ယောက်ဖြစ်ပြီး၊ ဆက်နေချင်သေးတယ်ဆိုရင်တော့ ကလေးဘဝကိုပဲ ကုန်လွန်မသွားစေချင်လိုစိတ် ရှိသူတစ်ယောက်ဖြစ်တယ်လို့ ညွှန်ပြနေပါတယ်။

(၄) ကမ်းခြေမြင်ကွင်း - ကမ်းခြေရဲ့မြင်ကွင်းကတော့ သင့်ရဲ့ လူမှုဆက်ဆံရေးကို ကိုယ်စားပြုပါတယ်။ ကမ်းခြေမှာ လူတွေအများကြီးရှိနေခဲ့တယ်လို့ သင်တွေးခဲ့ရင် သင်ဟာ မိတ်ဆွေအပေါင်းအဖော် များသူတစ်ယောက်ဖြစ်နိုင်ပြီး၊ လူခပ်ကြဲကြဲပဲရှိတယ်လို့ တွေးခဲ့ရင်လည်းအဲ့ဒါ သင့်မှာအပေါင်းအသင်းနည်းတယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

(၅) လူတွေနဲ့အကွာအဝေး - လူတွေနဲ့ သင်ဘယ်လောက်ဝေးကွာနေလဲဆိုတာက သင်နဲ့ သင့်သူငယ်ချင်းတွေကြား ပြောဆိုဆက်ဆံပုံကို ကိုယ်စားပြုပါတယ်။ သင့်အတွေးထဲမှာ လူတွေက သင်နဲ့ နီးစပ်နေမယ်ဆိုရင်တော့ သင်ဟာ လူတွေနဲ့ပြောဆိုပေါင်းသင်းတတ်သူတစ်ယောက်ဖြစ်ပြီး များသောအားဖြင့် စကားများသူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ သင့်အတွေးထဲမှာ လူတွေက ခပ်လှမ်းလှမ်းမှာရှိနေမယ်ဆိုရင်တော့ သင်က စကားကို လိုသလောက်သာ ပြောလေ့ရှိပြီး များသောအားဖြင့် တိတ်ဆိတ်နေလေ့ရှိသူတစ်ယောက်သာ ဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့အဖြေတွေအားလုံးကို သိရှိပြီးဖြစ်ပါလိမ့်မယ်။အဖြေတွေက ကိုယ်နဲ့တကယ်ကိုက်ညီမှု ရှိ၊မရှိကိုတော့ comment မှာ ပြန်လည်ဖြေကြားခဲ့ပါဦး။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..