သင် ဘယ်လိုလူမျိုးနဲ့အိမ်ထောင်ကျမလဲ
lotaya.mpt.com.mm
|
2019-07-21

Pixabay/toanda

……………………………

သင့်ရဲ့အိမ်ထောင်ဖက်က ဘယ်လို ပုံစံမျိုးဖြစ်မလဲဆိုတာ စဉ်းစားကြည့်ဖူးလား။ လူတိုင်းကတော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုအကောင်းဆုံးဆိုတဲ့သူတွေပဲ ဖြစ်စေချင်ကြပေမယ့် တစ်ခါတစ်လေတော့လည်း စိတ်ကူးနဲ့ လက်တွေ့က လွဲတတ်တာမျိုးကိုး။ ဒီတော့ သင်ဘယ်လိုလူမျိုးနဲ့အိမ်ထောင်ကျမလဲဆိုတာ သိချင်လို့ရှိရင်အောက်မှာ ဖော်ပြထားတဲ့ မေးခွန်းလေးတွေကိုဖြေပြီး စမ်းသပ်ကြည့်လို့ရတယ်နော်။




Pixabay/Danatentis

(၁)။ သင့်ရဲ့လက်ရှိအသက်က?

(က) ၂၅နှစ်အောက်

(ခ) ၂၅နှစ်အထက်




Pixabay/NDGPhotoworks

(၂)။ သင်စိတ်ကူးထားတဲ့အိမ်ထောင်ဖက်ရဲ့ပုံစံက

(က) ပိုက်ဆံရှိရမယ်

(ခ) ရုပ်ချောရမယ်




Pixabay/Takmeomoe

(၃)။ ဒီနှစ်ချက်ထဲမှာ သင်သဘောကျတာကိုရွေးပါဆိုရင်

(က) ဉာဏ်ပညာ

(ခ) ရဲရင့်မှု




Pixabay/StartupStockPhotos

(၄)။ လူတစ်ယောက်ကို သင်ဘယ်လိုအချက်တွေနဲ့ဆုံးဖြတ်လဲ

(က) ကိုယ့်ကျင့်တရား

(ခ) ဖော်ရွေမှု




Pixabay/ionasnicolae

(၅)။ သင်ချစ်တဲ့သူနဲ့အတူရှိချိန်ဆိုရင် သင့်စိတ်ထဲမှာ

(က)အနာဂတ်အကြောင်းကိုတွေးမိတယ်

(ခ) ကြည်နူးနေတယ်




Pixabay/Stocksnap

(၆)။ သင့်ရဲ့အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး သင်စဉ်းစားထားတာက

(က)အိမ်ကပေးစားတဲ့သူကိုယူမယ်

(ခ) ကိုယ်ချစ်တဲ့သူကို ယူမယ်




Pixabay/aliceabc0

(၇)။ ဒီမေးခွန်းကအရေးကြီးပါတယ်။ သင့်ဘဝမှာ ချစ်သူဘယ်နှယောက်ရှိခဲ့ဖူးလဲ

(က) ၂ ယောက်နဲ့အောက်

(ခ) ၂ ယောက်နဲ့အထက်

အဖြေမှာ (က)တွေများရင်။




Pixabay/Stocksnap

သင့်ထက်အသက်ကြီးပြီး သင့်ကိုအလိုလိုက်မယ့်သူနဲ့အိမ်ထောင်ကျလိမ့်မယ်။

ဝိုး …။ သင့်ရဲ့အိမ်ထောင်ဖက်က သင့်ထက်အသက်ကြီးပြီး သင့်ကိုအလိုလိုက်မယ့်သူဆိုပါလား။ ဒီလိုဆိုရင် သင့်အနေနဲ့ ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုကို ပိုင်ဆိိုင်ရမှာဖြစ်ပြီး သင့်ရဲ့အိမ်ထောင်ဖက်ကလည်း သင့်ကိုချစ်မှာအမှန်ပါ။

အဖြေမှာ (ခ)တွေများရင်။




Pixabay/Pexels

သင့်ထက်အသက်ငယ်ပြီး ချွဲနွဲ့တတ်သူနဲ့အိမ်ထောင်ကျလိမ့်မယ်။

သင့်ရဲ့အိမ်ထောင်ဖက်က သင့်ထက်လည်း ငယ်မယ်၊ ပြီးတော့ သင့်ကိုလည်း ကလေးတစ်ယောက်လိုမျိုး ဆိုးနေပါလိမ့်မယ်။ သင့်အနေနဲ့ တစ်ခါတစ်လေ စိတ်အနည်းငယ် ညစ်ရကောင်း ညစ်မှာဖြစ်ပေမယ့် သူက ချစ်စရာကောင်းတဲ့သူမျိုး ဖြစ်နေမှာမို့ သင့်အိမ်ထောင်ရေးဟာ မဆိုးဘူးလို့ပြောရမှာပါပဲ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..