ဒီ စကားထာ (၆)ခုထဲက တစ်ဝက်လောက်မှန်အောင်ဖြေနိုင်ရင် သင်ဟာဆရာကြီးပါ
lotaya.mpt.com.mm
|
2019-07-25

Pixabay/mohamed_hassan

စကားထာတွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ။ သေချာတာကတော့ ရှေးတုန်းကတည်းက ရှိခဲ့တဲ့ စကားထာတွေဟာ သင်ထင်သလောက် ခန့်မှန်းရမလွယ်ဘူးဆိုတာပါ။အောက်မှာ ဖော်ပြထားတဲ့ စကားထာတွေကို တစ်ချက် ဖြေကြည့်လိုက်ပါဦး။အဲဒီထဲကမှ (၃)ခုလောက်ကို မှန်အောင်ဖြေနိုင်ပြီဆိုရင် သင်ဟာ ဆရာကြီးအဆင့် ဝင်သွားပါပြီနော်။




Pixabay/ rawpixel

(၁)။ ငယ်စဉ်ကရင်ခွင်ပိုက် ၊ ကြီးစေလိုလို့တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက်

- သားသမီး

- တပည့်

-အိုး

- ရွှံ့




Pixabay/JellWellington

(၂)။ ဟိုဘက်ဘေးကဖြူဖြူ ၊ ဒီဘက်ဘေးကဖြူဖြူ ၊အလယ်မှာရွှေမင်းသမီးလေး

- ကြက်ဥ

- ဖယောင်းတိုင်

- မီးခြစ်

- သဲသောင်




Pixabay/Quangpraha

(၃)။ ကျူပင်ကြို ၊ ကျူပင်ကြား လောင်းလှေလေးနဲ့သွား

-အပ်ချည်လုံး

- ရက်ကန်းလွန်းအိမ်

- ဝါးပင်

- ချိန်ခွင်




Pixabay/timkraaijvanger

(၄)။ ရင်ဝယ်ထားသားလည်းမဟုတ် ၊ မြေမသက်ငှက်လည်းမဟုတ် ၊အမြီးကောက် ကြောင်လည်းမဟုတ်

- စောင်းကောက်

- စွန်

- ပတ္တလား

- လွယ်အိတ်




Pixabay/ mohamed_hassan

(၅)။ (၁၆)ပြည်အပိုင်စိုး မင်းမျိုးမဟုတ်ပါ ၊ ကုသိုလ်ကံမကောင်း ခေါင်းခြေလက်မပါ

- တင်းတောင်း

- စပါးကျည်

- ပြည်တောင်း

- ပူဖောင်း




Pixabay/StockSnap

(၆)။အိမ်ရှိပေမယ့်လူမရှိ ၊ လူရှိပေမယ့်အသံမကြားရ

- သင်္ချိုင်း

- ငှက်လှောင်အိမ်

- ဇရပ်

- ဘုန်းကြီးကျောင်း

အဖြေမှန်တွေကအောက်ပါအတိုင်းဖြစ်ပါတယ်။

၁။အိုး

၂။ ဖယောင်းတိုင်

၃။ ရက်ကန်းလွန်းအိမ်

၄။ စောင်းကောက်

၅။ တင်းတောင်း

၆။ သင်္ချိုင်း

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..