သင်ရွေးတဲ့ပုံပေါ် မူတည်ပြီး သိနိုင်မယ့် သင့်ရဲ့ စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2019-07-27

Pixabay

အခု quiz လေးကတော့ သင်ရွေးလိုက်တဲ့ ပုံလေးအပေါ် မူတည်ပြီး သင့်ရဲ့ စိတ်နေစိတ်ထားအကြောင်းကအဖြေထွက်လာမှာ ဖြစ်ပါတယ်။ သင်ချစ်တဲ့သူတွေရဲ့ စိတ်၊ သင်ကိုယ်တိုင်ရဲ့ စိတ်ကို သေချာသိချင်တယ်ဆိုရင်တော့အောက်က ပုံလေး ၆ ပုံထဲက စိတ်ထဲမှာအနှစ်သက်ဆုံးလို့ ခံစားရတဲ့ ပုံတစ်ပုံကို ရွေးချယ်ကြည့်လိုက်နော်။


ပုံ (၁)




Pixabay/jeonsango

နံပါတ်(၁) သစ်ရွက်ပုံလေးကို ရွေးထားတယ်ဆိုရင် .. သင့်ဟာအရာတစ်ခုခုကို လေ့လာရမှာ စိတ်အားထက်သန်သူပါ။ သင်က စွန့်စားရတာကို ကြိုက်တယ်။ သင့်က သနားတတ်သူဖြစ်သလို သူငယ်ချင်းကောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူတို့လိုအပ်တဲ့အချိန် ၊အကူအညီလိုတဲ့အချိန်မှာ သင်က ကူညီပေးဖို့အဆင်သင့်ဖြစ်နေတတ်သူပါ။ သင့်က ရည်မှန်းချက်ကြီးသူလည်းဖြစ်လို့ ရလာတဲ့အခွင့်အရေးတွေကိုလည်း ကောင်းကောင်းအသုံးချနိုင်သူပါ။


ပုံ (၂)




Pixabay/pixel2013

နံပါတ်(၂) ပန်းပွင့်ပုံလေးကို ရွေးထားတယ်ဆိုရင် .. သင်ဟာ သနားညှာတာစိတ်နဲ့ ဆတ်ဆတ်ထိမခံသူလေးပါ။ သင့်က ဦးစားပေးတတ်သူ ၊ ကိုယ့်ကိုယ်ကိုထက် တခြားသူတွေကို ပိုဦးစားပေးတတ်တယ်။ သင့်ရဲ့ဦးစားပေးတတ်တဲ့ စိတ်ကြောင့် သင့်အပေါ်အခွင့်အရေးယူမယ့်လူတွေ ရှိလာနိုင်လို့ ကိုယ့်ကိုယ်ကိုအရင်ဦးစားပေးလိုက်ပါ။


ပုံ (၃)




Pixabay/PublicDomainPictures / 17913 images

အစက်အပျောက်ပုံလေးကို ရွေးထားတယ်ဆိုရင် … သင်ဟာ စိတ်လှုပ်ရှားနေတဲ့အခြေအနေမျိုးမှာ စိတ်ကို တည်ငြိမ်အောင်ထားနိုင်သူပါ။ သင့်ကအသေးစိတ်တွေကိုအရမ်းဂရုတစိုက် လုပ်တတ်တဲ့သူပါ။ တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီးရင်လည်း ဘယ်သူတွေတားတား ၊ ဘယ်အရာတွေကပဲ တားတား လုပ်ကိုလုပ်ရမှ ကျေနပ်တတ်သူပါ။အချစ်ရေးမှာတော့ သင်တစ်ခါချစ်မိသွားတာနဲ့အားလုံးကို ပုံအပ်သွားမယ့်သူမျိုးပါ။


ပုံ (၄)




Pixabay/JillWellingtond

နှင်းပွင့်ပုံကို ရွေးထားတယ်ဆိုရင် … သင်ဟာ စွန့်စွန့်စားစားလုပ်ရတာကို ကြိုက်သူဖြစ်သလို တခြားသူတွေအတွက်အနစ်နာခံသူပါ။ ဆုံဖြတ်ချက်ချပြီးသွားရင်လည်း ရည်မှန်းချက်အောင်မြင်သွားအောင်အဆုံးထိလုပ်တတ်သူပါ။


ပုံ (၅)




Pixabay/Free-Photos

ပင်လယ်ရေပြင်ကို ရွေးထားတယ်ဆိုရင် … သင်ဟာအခက်အခဲတွေကို ကြံကြံခံနိုင်သူပါ။ သင်ရွေးလိုက်တဲ့ ပင်လယ်ပြင်လိုပဲ သင့်ဘဝမှာအခက်အခဲတွေရှိတယ်။ ကြုံလာရတဲ့အခက်အခဲတိုင်းကိုတော့ ကြံကြံခံနိုင်သူပါ။


ပုံ (၆)




Pixabay/stux

ခရုခွံပုံကို ရွေးထားတယ်ဆိုရင် … သင့်ဟာ စူးစမ်းရှာဖွေတတ်သူပါ။ သင်ကအသစ်သစ်တွေကို ဖန်တီးရတာကြိုက်ပြီး ပြဿနာတွေရဲ့အဖြေကိုအမြဲရှာဖွေနေတတ်သူပါ။ သင်က ခက်ခဲတဲ့လမ်းကို ရွေးဖို့အထိ သတ္တိရှိသူဖြစ်ပြီးအားကိုးရလောက်တဲ့သူ ဖြစ်တာကြောင့် လူတွေက သင့်ရဲ့အကြံဉာဏ်တွေကို လေးစားကြတယ်။ ကိစ္စတစ်ခုခုကို မလုပ်ခင်မှာအရင်စဉ်းစားပြီးမှ လုပ်သင့် ၊ မလုပ်သင့်ကို ဆုံးဖြတ်တတ်သူပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..