သိမလိုနဲ့ တကယ်တမ်းလုံးဝမသိနိုင်တဲ့ ဉာဏ်စမ်းမေးခွန်း (၆) ခု
lotaya.mpt.com.mm
|
2019-07-28


Pixabay/ PIX1861

လွယ်မလိုနဲ့ခက်လေ၊ တွေးလေအဖြေနဲ့ပိုဝေးလေဆိုတာ ဒီလိုမေးခွန်းမျိုးတွေပါနော်။ သင်ရော လူတိုင်းမဖြေနိုင်ကြတဲ့ ဉာဏ်စမ်းမေးခွန်းတွေကို ဖြေနိုင်ပါ့မလား။



Pixabay/ksbaeg

မေးခွန်း (၁) Lobster လို့ခေါ်တဲ့ ပုစွန်ထုပ်ကြီးတွေမှာ ခြေချောင်း၊လက်ချောင်းပေါင်း ဘယ်နချောင်းရှိတယ်လို့ထင်လဲ။

(က) ၆ ချောင်း (ခ) ၈ ချောင်း (ဂ) ၁၀ ချောင်း (ဃ) ၁၂ ချောင်း



Pixabay/geralt

မေးခွန်း (၂) 100K ကို ကဏန်းနဲ့ဖော်ပြရမယ်ဆိုရင်

(က) 1,000 (ခ) 100,000 (ဂ) 10,000 (ဃ) 100,000,000



Pixabay/ Anemone123

မေးခွန်း (၃) “…၊ ပဲခူးရောက်ရောက်” ဆိုတဲ့စကားပုံကို ဆက်ပါ။

(က) ကိုယ့်လှေကိုယ်ထိုး (ခ) တစ်နေ့တစ်လံ (ဂ) လက်ခမောင်းခတ်လို့



Pixabay/ Clker-Free-Vector-Images

မေးခွန်း (၄) ညီညီ့အဖေရဲ့ဦးလေးဟာ ဦးဘဖြစ်ပြီး…. ဦးဘဟာမွေးချင်းနှစ်ယောက်ထဲကအငယ်ဖြစ်တဲ့အပြင် ဦးဘတို့မွေးချင်းနှစ်ယောက်စလုံးက ယောက်ျားလေးတွေပဲဆိုပါစို့။ ဒါဆို ညီညီနဲ့ ဦးဘအထက်ကတစ်ယောက်နဲ့ ဘာတော်လဲ။



Pixabay/Clker-Free-Vector-Images

မေးခွန်း (၅) ကျွန်တော့မှာ လျှာပါပေမယ့် စကားတော့မပြောနိုင်ဘူး၊ ခြေထောက်မပါပေမယ့် တစ်ခါတစ်လေတော့ လမ်းလျှောက်ထွက်လေ့ရှိတယ်။ ကျွန်တော်ဟာဘာလဲ။



Pixabay/1195798

မေးခွန်း (၆)အောက်ပါထဲမှ ဘယ်ရီသီးအုပ်စုထဲ မပါဝင်တဲ့အသီးနှစ်မျိုးကိုရွေးပါ။

(က) စတော်ဘယ်ရီ (ခ) ငှက်ပျောသီး (ဂ) ရက်စ်ဘယ်ရီ (ဃ) ဖရဲသီး (င) ထောပတ်သီး (စ) ဘလူးဘယ်ရီ

အဖြေမှန်လေးတွ တိုက်ကြည့်ရအောင်။

(၁) Lobster လို့ခေါ်တဲ့ ပုစွန်ထုပ်ကြီးတွေမှာ လက်မလို့ခေါ်တဲ့ ၁ စုံရယ်၊ ကိုယ်ပိုင်းမှာ ခြေချောင်းသေးသေးလေးတွေ ၄ စုံရယ် ပါရှိတာကြောင့် စုစုပေါင်း (ဂ) ၁၀ စုံပါပါတယ်။

(၂)အဖြေမှန်ကတော့ (ခ) 100,000 ပါ။ 100K မှာရှိရင်းစွဲ 100 က 100 ဖြစ်ပြီး K ဆိုတာဟာ သုညသုံးလုံးပါထောင်ကဏန်းကို ကိုယ်စားပြုတာကြောင့် 100, 000 ပဲဖြစ်ပါတယ်။

(၃) ကိုယ့်လှေကိုယ်ထိုး၊ ပဲခူးရောက်ရောက်ဆိုတဲ့ စကားပုံလေးဟာ မြန်မာ့ရိုးရာစကားပုံတစ်ခုဖြစ်ပြီး ဘယ်အရာမဆို ငါ့ဟာငါလုပ်တာ ဘာဖြစ်ဖြစ်မင်းတို့အပူမပါဘူးဆိုတဲ့ တစွတ်ထိုးသမားတွေအတွက် စကားပုံကောင်းတစ်ခုပါ။အဖြမှန်က (က) ဖြစ်ပါတယ်။

(၄) ညီညီ့ဖခင်ရဲ့ဦးလေးဟာ ဦးဘဆိုရင် ဦးဘနဲ့ ညီညီ့အဖေရဲ့အဖေနဲ့က ညီတစ်ကိုတော်ပါတယ်။ ဦးဘကတော့အငယ်ပေါ့။ ဒါဆို ညီညီနဲ့ဆွေမျိုးစပ်ကြည့်မယ်ဆိုရင်အဘိုးအရင်းတော်စပ်ပါတယ်နော်။

(၅) ဘွတ်ဖိနပ်ပါ။

(၆) (က) စတော်ဘယ်ရီ နဲ့ (ဂ) ရက်စ်ဘယ်ရီ တို့ဟာ ဘယ်ရီသီးမိသားစုထဲမပါဝင်ဘဲနဲ့ ကျန်တဲ့ ငှက်ပျောသီး၊ ဖရဲသီး၊ ထောပတ်သီးနဲ့ ဘလူးဘယ်ရီစတဲ့အသီးတွေကတော့ ဘယ်ရီသီးမိသားစုထဲ ပါဝင်ပါတယ်တဲ့။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..