သင့်ရဲ့လက်ရှိအသက်ကို ကွက်တိမှန်အောင် ခန့်မှန်းပြမယ်
lotaya.mpt.com.mm
|
2019-07-30

Shutterstock/By Nejron Photo

တီဗီကနေပဲဖြစ်ဖြစ်၊အပြင်မှာသွားရင်းလာရင်းပဲဖြစ်ဖြစ် မျက်လှည့်ပြပွဲတွေ ကြည့်ဖူးပါသလား။ မျက်လှည့်ကိုရော ကြိုက်ပါသလား။ မျက်လှည့်ပညာကိုရော သင်ဘယ်လောက် ယုံကြည်ပါသလဲ။

အခု ကစားရမယ့် Quiz လေးကလည်း မျက်လှည့်တော့မဟုတ်ပေမဲ့ မေးခွန်း (၆)ခုကို မေးပြီး သင့်ရဲ့လက်ရှိအသက်ကို ခန့်မှန်းပြမှာဖြစ်ပါတယ်။ ပေါင်းတာ နုတ်တာတွေပါနိုင်တာမို့လို့ ဖုန်းထဲကပဲဖြစ်ဖြစ်၊အပြင်က စက်ပဲဖြစ်ဖြစ် ဂဏန်းပေါင်းစက်လေးသုံးနိုင်ရင် ပိုကောင်းပါတယ်။ ကဲ….သဘောပေါက်ပြီဆိုရင်အောက်မှာ စလို့ရပါပြီ။



Shutterstock/By romeovip_md

မေးခွန်း (၁) ၁ ကနေ ၁၀အတွင်း ကြိုက်တဲ့ ဂဏန်းတစ်လုံးကို စိတ်ထဲမှာ မှတ်ထားပါ။



Shutterstock/By SVPanteon

မေးခွန်း (၂) ပြီးပြီဆိုရင်တော့ ခုနက ဂဏန်းကို ၂ နဲ့မြှောက်ပေးလိုက်ပါ။



Shutterstock/By Gonzalo Aragon

မေးခွန်း (၃) မြှောက်လဒ်ကို နောက်ထပ် ၅ ထပ်ပေါင်းပေးပါ။



Shutterstock/By flowgraph

မေးခွန်း (၄)အဲဒီပေါင်းလဒ်ကိုမှ ၅၀ နဲ့ ထပ်မြှောက်လိုက်ပါ။ နောက်မေးခွန်းတစ်ခုအတွက် ကဏန်းပေါင်းစက်ဖွင့်ထားတော့နော်။



Shutterstock/By Studio Romantic

မေးခွန်း (၅)အကယ်၍ ဒီ မေးခွန်းကိုဖြေနေတဲ့အချိန် သင်ဟာ ဒီနှစ်ထဲမှာ မွေးနေ့ရောက်ခဲ့ပြီပြီဆိုရင် ၁၇၆၇ ကို မြှောက်လဒ်ကို ၁၇၆၈ နဲ့ထပ်ပေါင်းလိုက်ပါ။ မွေးနေ့မရောက်သေးဘူးဆိုရင်တော့ ၁၇၆၉ နဲ့ပေါင်းပေးနော်။



Shutterstock/By ANDRANIK HAKOBYAN

မေးခွန်း (၆) ကဲ…နောက်ဆုံးလုပ်ရမှာ တစ်ခုပဲကျန်ပါတော့တယ်။အဲဒါကတော့ စောနက ပေါင်းထားတဲ့ ရလဒ်ထဲကနေ သင့်မွေးသက္ကရာဇ်နဲ့ နုတ်လိုက်ပါ။



Shutterstock/By black-sun

အဖြေပေါ်ပါပြီနော်။ မေးခွန်း (၆) ကို ဖြေပြီးသွားတဲ့အခါ သင့်ရဲ့အဖြေဟာ ကဏန်း ၃ လုံးကျန်ပါလိမ့်မယ်။ ရှေ့ဆုံးကတစ်လုံးကတော့ ပထမဆုံးမေးခွန်းမှာ သင်ရွေးချယ်ခဲ့တဲ့ ဂဏန်းဖြစ်ပြီး နောက်က ဂဏန်း ၂ လုံးကတော့ သင့်ရဲ့လက်ရှိအသက်ပါနော်။

[မှတ်ချက်။ တကယ်လို့အဖြေကလွဲနေခဲ့မယ်ဆိုရင် ရှေ့အဆင့်တစ်ခုခုမှာ တွက်တာလွဲသွားတာ ဖြစ်ကောင်းဖြစ်နိုင်တာမို့ နောက်တစ်ခေါက်လောက် ထပ်စမ်းကြည့်ပါဦးနော်။ ကံကောင်းပါစေ။]

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..