လူတွေရဲ့အမြင်မှာ သင်က ဘယ်လိုလူတစ်ယောက်လဲ? (စိတ်ပညာ စမ်းသပ်ချက်)
lotaya.mpt.com.mm
|
2019-08-02

Shutterstock/By StunningArt

လူတွေကိုယ့်ကို ဘယ်လိုမြင်ကြလဲဆိုတာ လူတိုင်းသိချင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self confidence)အနည်းအများပေါ်မူတည်ပြီးသာ နည်းနည်းသိချင်သူတွေ၊ များများသိချင်သူတွေ ကွဲပြားကြပါတယ်။ ဘာပဲပြောပြောပါ။ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ ကိုယ့်ပုံရိပ်ဘယ်လောက်ရှိလဲဆိုတာ သိထားရင် ကိုယ်လည်း ပြင်သင့်တာပြင်နိုင်မှာမို့ သိထားတာမမှားပါဘူး။

ယခုစမ်းသပ်ချက်ကို တချို့ကုမ္ပဏီကြီးတွေရဲ့ HR တွေကအသုံးပြုလေ့ရှိကြပါတယ်။ ဒီစမ်းသပ်ချက်မှာ ဘယ်လိုပါဝင်ရမလဲဆိုတော့ မေးခွန်းတစ်ခုချင်းစီမှာ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းအဖြေတစ်ခုရွေးပါ။ ပြီးရင်အဲ့အဖြေအတွက်အမှတ်ကို မှတ်ထားပါ။ နောက်မေးခွန်းတွေရဲ့အဖြေမှာလည်း ကိုယ့်ရဲ့ရမှတ်တွေကို မှတ်ပါ။ ပြီးရင် ရမှတ်အားလုံးပေါင်းပြီး ကိုယ့်အဖြေကိုအောက်ဆုံးမှာတိုက်ကြည့်ရုံပါပဲ။ စာရွက်တစ်ခု (သို့) Calculator လေးတစ်ခုနဲ့ ရမှတ်လေးတွေတစ်ခုချင်းပေါင်းသွားရင်ပိုကောင်းပါတယ်နော်။

ကဲ…ဒါဆိုအောက်မှာ စဖြေလို့ရပါပြီ။




Shutterstock/By stockfour

(၁) တစ်နေ့တာရဲ့ ဘယ်အချိန်မှာ ကိုယ့်စိတ်ကအပျော်ရွှင်အပေါ့ပါးဆုံးလဲ။

(က) မနက်ပိုင်း (ခ) နေ့ခင်းနဲ့ညနေပိုင်း (ဂ) ညပိုင်း

(က= ၂ မှတ်၊ ခ= ၄ မှတ်၊ ဂ= ၆ မှတ်)




Shutterstock/By Morocko

(၂) သင်လမ်းလျှောက်ရင် ခြေလှမ်းတွေက…

(က) ခပ်ကြဲကြဲ သွက်သွက် (ခ) ခပ်စိပ်စိပ် သွက်သွက် (ဂ) ရှေ့လှမ်းလှမ်းကိုကြည့်ရင်း ခပ်နှေးနှေး (ဃ) ခေါင်းကြီးငုံ့ရင်း ခပ်နှေးနှေး (င)အရမ်းနှေးတယ်

(က= ၆မှတ်၊ ခ= ၄မှတ်၊ ဂ= ၇မှတ်၊ ဃ=၂မှတ်၊ င= ၁မှတ်)




Shutterstock/By PhotoByToR

(၃) လူတွေနဲ့စကားပြောတဲ့အခါ သင်က…

(က) လက်ပိုက်ရင်း မတ်တပ် (ခ) လက်နှစ်ဖက်ယှက်ရင်း (ဂ) ခါးထောက်တယ် (ဃ) တစ်ဖက်လူကို သွားသွားပုတ်တယ် (င) မေးစေ့ပွတ်လိုက်၊ဆံပင်သပ်လိုက်ပဲ

(က= ၄မှတ်၊ ခ= ၆ မှတ်၊ ဂ= ၂မှတ်၊ ဃ= ၁မှတ်)




Shutterstock/By Roman Samborskyi

(၄) သင့်အတွက် ထိုင်ခုံမှာ သက်သောင့်သက်သာရှိတဲ့ ထိုင်ပုံထိုင်နည်းက..

(က) ခြေနှစ်ချောင်းကို ဆန့်ဆန့်ကြီးထားတာ (ခ) ခြေနှစ်ချောင်း ချိတ်ထားတာ (ဂ) ခြေထောက်ကြီးရှေ့ကိုဆန့်ထုတ်ထားတာ (ဃ) ခြေတစ်ချောင်း ခုံပေါ်တင်ထိုင်တာ

(က= ၄မှတ်၊ ခ= ၆မှတ်၊ ဂ= ၂မှတ်၊ ဃ= ၁မှတ်)




Shutterstock/By Yuganov Konstantin

(၅) တစ်ခါတစ်လေအိပ်မက်ထဲမှာ သင်ဟာ…..

(က)အမြင့်တစ်ခုခုကနေ ပြုတ်ကျနေတယ် (ခ) တစ်ခုခုကို တွန်းလှန်ရုန်းကန်နေရတယ် (ဂ) တစ်ခုခု/တစ်ယောက်ကို လိုက်ရှာနေတယ် (ဃ) လေပေါ်ပျံနေ၊မျောနေတယ် (င)အိပ်မက်မက်လေ့မရှိဘူး (စ) ကိုယ့်အိပ်မက်တွေက ပျော်စရာတွေချည်းပဲ

(က= ၄မှတ်၊ ခ= ၂မှတ်၊ ဂ= ၃မှတ်၊ ဃ= ၅မှတ်၊ င= ၆မှတ်၊ စ= ၁မှတ်)




Shutterstock/By KRIACHKO OLEKSII

(၆) သင်အကြိုက်ဆုံးအရောင်က…

(က)အနီ/လိမ္မော် (ခ)အနက် (ဂ)အဝါ/အပြာ (ဃ)အစိမ်း (င) ခရမ်း/နက်ပြာ (စ)အဖြူ (ဆ) မီးခိုး/အညို

(က= ၆မှတ်၊ ခ= ၇မှတ်၊ ဂ= ၅မှတ်၊ ဃ= ၄မှတ်၊ င= ၃မှတ်၊ စ= ၂မှတ်၊ ဆ= ၁မှတ်)




Shutterstock/By stockfour

(၇) သင်ကြိုးစားပမ်းစားနဲ့အလုပ်လုပ်နေတုန်း တစ်ခုခု (ဥပမာ-မီးပျက်သွားတာ၊အင်တာနက်လိုင်းကျသွားတာ) ကြောင့်အလုပ်ကို ရပ်လိုက်ရတယ်ဆိုရင် သင်က…

(က) ပျော်ပြီလေ…နားရတာပေါ့ (ခ)အရမ်းတွေ ဒေါသထွက်မယ် (ဂ) စိတ်ရှုပ်ပေမယ့် နားရတာပေါ့

(က= ၆မှတ်၊ ခ= ၄မှတ်၊ ဂ=၂မှတ်)




Shutterstock/By Damir Khabirov

ကဲ…သင့်အမှတ်တွေအားလုံးပေါင်း ဘယ်လောက်ရပါသလဲ။ ကိုယ့်အမှတ်စုစုပေါင်းနဲ့အောက်မှာ ကိုယ့်အတွက်အဖြေကို တိုက်ကြည့်လိုက်ပါဦး။

ရမှတ် ၄၀ ကျော် - လူတွေက သင့်ကို ရှိန်ကြတယ်။ သင့်ကို မာနကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ဆရာလုပ်တတ်တယ်လို့ သူတို့စိတ်ထဲမှာ မှတ်ယူထားတယ်။ ဒါပေမဲ့ သူတို့က သင့်ကိုအားကျတယ်။ သင့်လိုလူတစ်ယောက်ဖြစ်ချင်တယ်။ သူတို့မိတ်ဆွေတစ်ယောက်အနေနဲ့အတွင်းကျကျ ပေါင်းဖက်ဖို့ကျ မဝံ့မရဲဖြစ်တတ်ကြပါတယ်။

ရမှတ် ၂၆ မှ ၃၉ ကြား - တခြားလူတွေက သင့်ကို ဖျတ်လတ်တက်ကြွသူ၊ တည်ကြည်တယ်၊ ဦးဆောင်နိုင်စွမ်းရှိတဲ့လူတစ်ယောက် ထင်မြင်ကြတယ်။ သင့်ကို စွန့်လွှတ်စွန့်စားဝံ့သူ၊ ဘာမဆို ဘဝမှာ တစ်ခေါက်တော့ လုပ်ဖူးရမယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင်ဖြစ်တယ်လို့ ယူဆကြပြီး သင့်ရဲ့အဖွဲ့ထဲမှာ ပါဝင်ဖို့ဆိုရင်အမြဲတက်ကြွကြလေ့ရှိပါတယ်။

ရမှတ် ၁၆ မှ ၂၅ ကြား - လူတွေက သင့်ကို စဉ်းစားတွေးခေါ်တတ်သူ၊ လက်တွေ့ဆန်သူ၊အရည်အချင်းရှိသူတစ်ယောက်အဖြစ် မြင်ကြတယ်။ သင်က လွယ်လွယ်နဲ့ သူငယ်ချင်းမဖွဲ့တတ်သူတစ်ယောက်ဖြစ်သလို၊ သူငယ်ချင်းဖြစ်ပြီဆိုရင်လည်းအရမ်းကို သစ္စာရှိအားကိုးရသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေအပေါ် သစ္စာရှိသလို၊ ကိုယ့်အပေါ် သစ္စာဖောက်ခဲ့ရင်လည်း တော်ရုံခွင့်မလွှတ်တတ်တော့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ရမှတ် ၁၅အောက် - လူတွေက သင့်ကို ရှက်တတ်လွန်းတယ်၊ ဆုံးဖြတ်ချက် မပြတ်သားဘူး၊ ကိုယ့်ကိုယ်ကိုယ်အားမကိုးဘူးလို့ မြင်ကြပါတယ်။ ပြီးတော့ တော်ရုံကိစ္စဆိုရင်လည်း လိုတာထက်ပိုပြီး သောကရောက်တတ်သူလို့ မြင်ကြပါတယ်။ တချို့ကတော့ သင့်ကို ပျင်းစရာကောင်းတယ်လို့ထင်ကြတယ်။ ဒါပေမဲ့…အဲ့လိုထင်တဲ့လူတွေဟာ သင့်အကြောင်း ကောင်းကောင်းမသိကြသူတွေသာလျှင်ဖြစ်တယ်။ သင်နဲ့ တကယ်ခင်မင်ပြီး သင့်အကြောင်းတွေအတွင်းကျကျသိသူတွေကတော့အဲ့လို လုံးဝမတွေးကြပါဘူး။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..