သင့်ရဲ့ ပုန်းကွယ်နေတဲ့ ပါရမီအရည်အချင်းက ဘာဖြစ်မလဲ
lotaya.mpt.com.mm
|
2019-08-03

Pexels/Pixabay

လူတိုင်းမှာ ပါရမီအရည်အချင်း ကိုယ်စီရှိကြပါတယ်။ တချို့ကတော့ ဒါကို သိပြီးအသုံးချတတ်ကြပေမယ့် တချို့တော့ ကိုယ့်မှာ ဘယ်လိုအရည်အချင်းမျိုး ရှိနေလဲဆိုတာ သေချာမသိကြသေးပါဘူး။ သင့်မှာရော ဘယ်လိုအရည်အချင်းမျိုး ပါရမီမျိုးတွေ ပုန်းကွယ်နေမလဲ။ ဒါကို ဖော်ထုတ်ဖို့အောက်က မေးခွန်းလေးတွေကို ဖြေကြည့်လိုက်နော်။


မေးခွန်း (၁) သင့်မှာအခင်ဆုံးသူငယ်ချင်း ဘယ်နှယောက်ရှိလဲ။




Pexels/Helena Lopes

(က) ကိုယ်ကိုယ်တိုင်က ကိုယ့်သူငယ်ချင်းပဲ (၀ မှတ်)

(ခ) ရှိသင့်သလောက် နည်းနည်းရှိပါတယ် (၂ မှတ်)

(ဂ)အများကြီးပဲ (၄ မှတ်)


မေးခွန်း (၂) သင့်သူငယ်ချင်းတွေက သင့်ကို ဘယ်လိုသတ်မှတ်လေ့ရှိကြလဲ။




Pexels/Elle Hughes

(က) စည်းကမ်းရှိတယ် (၄ မှတ်)

(ခ) ပရမ်းပတာဖြစ်တယ် (၂ မှတ်)

(ဂ) ရယ်ရတယ် (၀ မှတ်)


မေးခွန်း (၃) သင့်ရဲ့ တစ်နေ့တာကို ဘယ်လိုအစပြုလေ့ရှိလဲ။




Pexels/Oscar Mikols

(က) လေ့ကျင့်ခန်းလုပ်တယ် ( ၂ မှတ်)

(ခ) သီချင်းလေး တညည်းညည်းနဲ့ပေါ့ (၀ မှတ်)

(ဂ) လုပ်စရာတွေကို တန်းစီတွေးတယ် (၄ မှတ်)


မေးခွန်း (၄) ဒီသုံးမျိုးထဲက သင်အကြိုက်ဆုံးအစားအစာက ဘယ်တစ်ခုလဲ။




Pexels/Engin Akyurt

(က) ပီဇာ (၂ မှတ်)

(ခ) ဘာဂါ (၄ မှတ်)

(ဂ) ကြက်ကြော် (၀ မှတ်)


မေးခွန်း (၅) သင့်ရဲ့အိပ်စက်မှုပုံစံ စက်ဝန်းက ဘယ်လိုမျိုးလဲ။




Pexels/Pixabay

(က) စောစောအိပ် စောစောထ (၄ မှတ်)

(ခ) နောက်ကျမှအိပ် (၂ မှတ်)

(ဂ) တစ်နေ့လုံးအိပ်ငိုက် (၀ မှတ်)


မေးခွန်း (၆) ဒီသုံးမျိုးထဲက ဘယ်တစ်မျိုး ဖြစ်ချင်လဲ။




Pexels/Radu Florin

(က) ဟာသပညာရှင် (၀ မှတ်)

(ခ) မှော်ပညာရှင် (၄ မှတ်)

(ဂ)အကပညာရှင် (၂ မှတ်)


မေးခွန်း (၇) ဖုန်းကို ဘာအတွက်သုံးလဲ။




Pexels/Tyler Lastovich

(က)အရေးပေါ်အတွက်ပဲ (၀ မှတ်)

(ခ) ဖုန်းခေါ်ဖို့ စာပို့ဖို့ (၂ မှတ်)

(ဂ) ဖုန်းကအရာရာပဲအကုန်လုပ်လို့ရတယ် (၄ မှတ်)

ကဲ..အောက်မှာတော့ သင်က ဘယ်လိုအရည်အချင်းမျိုး ရှိနေတဲ့ သူလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။


(ဝ-၉ မှတ်)




Pexels/Negative Space

သင်ဟာ စာရေးဆရာတစ်ယောက်ရဲ့အရည်အချင်းမျိုး ရှိနေသူပါ။အသေးစိတ်တွေကို လိုက်မှတ်တတ်ပြီး ကိုယ့်အတွေးအမြင်တွေကို ဝေမျှပေးလိုတဲ့သူတစ်ဦးပါ။အေးအေးဆေးဆေး နေရတာ ကြိုက်ပြီး သိမြင်စူးစိုက်မှုအားကောင်းတဲ့ သင်ဟာ စာရေးဆရာတစ်ယောက်လို ပါရမီရှိနေပါတယ်။


(၁၀-၁၈ မှတ်)




Pexels/Snapwire

သင်ဟာအားကစားသမားတစ်ယောက်လို စိတ်ဓာတ်သန်မာနေသူ တစ်ဦးပါ။အမြဲတက်ကြွနေပြီး လက်လျှော့တတ်တဲ့ ဗီဇမျိုး မရှိသူပါ။ သင်ဟာ ပြိုင်ပွဲဝင်တိုင်းအနိုင်ရဖို့ သေချာနေတဲ့ စိတ်ဓာတ်မျိုး ရှိတဲ့အတွက်အားကစားသမားသာ ဖြစ်ခဲ့ရင် ချန်ပီယံဆုတွေ တန်းစီနေမယ့်သူမျိုး ဖြစ်ပါတယ်။


(၁၉-၂၈ မှတ်)

[Q27_i11]

Pexels/Pixabay

သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းမျိုး ရှိနေသူ ဖြစ်ပါတယ်။ စမတ်ကျပြီး မှန်ကန်စွာ တွေးခေါ်စဉ်းစားတတ်သလို တစ်ပါးသူတွေအပေါ်လည်း စာနာစိတ်နဲ့ တာဝန်ယူတတ်သူမျိုး ဖြစ်ပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..