သင်က ဘယ်လိုစိတ်နေစိတ်ထားရှိသူလဲ (Apha,Beta,or Omega?)
lotaya.mpt.com.mm
|
2019-08-04

Shutterstock/By Brasil Creativo

လူတွေရဲ့ စိတ်နေစိတ်ထားကို ပညာရှင်တွေကအမျိုးအစားတွေ ခွဲခြားသတ်မှတ်ထားပါတယ်။ ဒီထဲကမှ Alpha, Beta နဲ့ Omega တို့ကတော့အဓိကအကျဆုံး စိတ်နေစိတ်ထားသုံးမျိုးဖြစ်ပါတယ်။ ဒီတော့ သင်က ဘယ်လိုအမျိုးအစားထဲမှာပါလဲ သိပါသလား။ မသိသေးရင်အောက်ကမေးခွန်းလေးတွေကို ဖြေကြည့်လိုက်ပါနော်။

မေးခွန်းတွေကို ဖြေဆိုရာမှာ မှားတယ်၊ မှန်တယ်မရှိပါဘူး။ ဘယ်ဟာပိုလုပ်သင့်တယ်လို့ ထင်တဲ့အဖြေကိုလည်း မရွေးပါနဲ့။ သင့်ရဲ့လက်တွေ့ဘဝနဲ့အမှန်တကယ်ကိုက်ညီတဲ့အဖြေတွေကိုရွေးချယ်ပါ။ နောက်ဆုံးမှာတော့ ရမှတ်တွေအားလုံးပေါင်းပြီး သင်က ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာ သိနိုင်ပါလိမ့်မယ်။

ထုံးစံအတိုင်းပဲ ကိုယ့်ရမှတ်လေးတွေကို စာရွက်တစ်ရွက်အပေါ်မှာ ချမှတ်ထားနိုင်ရင် ပိုကောင်းပါတယ်။

ကဲ…အောက်မှာ စလိုက်ရအောင်….။



Shutterstock/By CHAINFOTO24

(၁) လူများများရှိတဲ့ ပွဲအခမ်းအနားတွေရောက်ရင် သင်ဘာလုပ်နေလေ့ရှိလဲ။

(က) ကိုယ်လုပ်ချင်တာအကုန်လျှောက်လုပ်တယ်

(ခ) လူတွေနဲ့ စကားလိုက်ပြောတယ်

(ဂ) ချောင်ကျကျနေရာတစ်ခုမှာ ထိုင်တယ်

(က= ၂ မှတ်၊ ခ= ၃ မှတ်၊ ဂ= ၁မှတ်)



Shutterstock/By nd3000

(၂) သင် Gym ဆော့တာ(သို့) လေ့ကျင့်ခန်းလုပ်လေ့ရှိလား။

(က) တစ်ခါမှ မလုပ်ဖူးဘူး

(ခ) နည်းနည်းပါးပါးလုပ်ဖူးတယ်

(ဂ) လုပ်နေတာကြာပြီ

(က= ၁ မှတ်၊ ခ= ၂ မှတ်၊ ဂ= ၃မှတ်)



Shutterstock/By nd3000

(၃) ဒီထဲက ဘယ်တူရိယာပစ္စည်းကို သဘောအကျဆုံးလဲ။

(က) ဂစ်တာ

(ခ) တယော

(ဂ) ဒရမ်

(က= ၂ မှတ်၊ ခ= ၁ မှတ်၊ ဂ= ၃မှတ်)



Shutterstock/By Svitlana Sokolova

(၄) သင့်မှာအရမ်းခင်ရတဲ့ သူငယ်ချင်း ဘယ်လောက်တောင်ရှိလဲ။

(က) တစ်ယောက်နှစ်ယောက်ပေါ့

(ခ) ၅ယောက်လောက်ရှိမယ်

(ဂ)အများကြီးရှိတယ်

(က= ၁ မှတ်၊ ခ= ၂ မှတ်၊ ဂ= ၃ မှတ်)



Shutterstock/By verbaska

(၅) သင်အမြင့်ကြောက်တတ်သလား။

(က) မကြောက်ဘူး

(ခ) ကြောက်တယ်

(ဂ) နေရာအနေအထားပေါ်မူတည်တယ်

(က= ၃ မှတ်၊ ခ= ၁ မှတ်၊ ဂ= ၂ မှတ်)



Shutterstock/By Aspen Photo

(၆) တစ်ယောက်တည်း ထမင်းစားရတာ သင့်အတွက်အဆင်ပြေလား။

(က) ပြေပါ့

(ခ) ကိစ္စမရှိပါဘူး

(ဂ) မပြေဘူး

(က= ၁ မှတ်၊ ခ= ၂ မှတ်၊ ဂ= ၃ မှတ်)



Shutterstock/By Ermolaev Alexander

(၇) ဒီ (၃) မျိုးထဲက ဘယ်ဟာကိုအကြိုက်ဆုံးလဲ။

(က) စာအုပ်ဖတ်တာ

(ခ) ရုပ်ရှင်ကြည့်ရတာ

(ဂ) သီချင်းနားထောင်ရတာ



Shutterstock/By ilovephoto_KA

(၈) တစ်နေရာရာမှာ တန်းစီစောင့်ဆိုင်းရတာ သင့်အတွက်အဆင်ပြေလား။

(က) မပြေဘူး။ ပျင်းတယ်

(ခ)အရေးကြီးကိစ္စမရှိရင်အိုကေပါတယ်

(ဂ) ဘာမှမဖြစ်ပါဘူး

ကဲ….အခုဆို မေးခွန်းတွေအားလုံးပြီးသွားပါပြီ။ သင့်အဖြေ (၈) ခုရဲ့ ရမှတ်တွေကို ပေါင်းကြည့်ပါဦး။ ပြီးရင် ကိုယ့်ရမှတ်နဲ့တိုက်ပြီး ကိုယ့်ရဲ့စိတ်နေစိတ်ထားက ဘယ်အမျိုးအစားထဲမှာပါနေလဲဆိုတာအောက်မှာ ကြည့်လိုက်နော်။

ရမှတ် (၈ - ၁၃) – Beta



Shutterstock/By Master1305

Beta သမားတွေဟာ လူတွေကြားထဲဝင်ရောရတာထက် ကိုယ့်ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ ပျော်မွေ့ကြတယ်။ Introvert တစ်ယောက်ဖြစ်တာကြောင့် လူတွေအာရုံစိုက်နေရင်လည်း မနေတတ်ကြပါဘူး။ Beta သမားအများစုရဲ့အိပ်မက်ကတော့ ကိုယ်ချစ်ခင်ရသူအနည်းငယ်နဲ့ မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းလိုတာပါပဲ။

ရမှတ် (၁၄ - ၁၉) - Omega



Shutterstock/By Viktor Gladkov

Omega သမားတွေဟာ လူတွေကြားထဲမှာပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းနေရတာပဲဖြစ်ဖြစ် သူတို့အတွက်အဆင်ပြေပါတယ်။ တခြားလူတွေရဲ့အမြင်ကို ဂရုမစိုက်ဘဲကိုယ့်စိတ်ထဲ ရှိသလို နေတတ်ကြသူတွေလည်း ဖြစ်တယ်။ ဒါပေမဲ့ Omega သမားတွေဟာ တာဝန်ယူတတ်မှု၊ ဇွဲလုံ့လကြီးမှု စတာတွေမှာတော့အားနည်းကြသူတွေဖြစ်ပါတယ်။

ရမှတ် (၂၀ - ၂၄) – Alpha



Shutterstock/By G-Stock Studio

Alpha သမားတွေဟာ Extrovert သမားတွေဖြစ်ကြပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားကြကာအဖွဲ့တိုင်းမှာ ဦးဆောင်သူတွေ ဖြစ်ကြတယ်။အလုပ်ခွင်မှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် ပင်ကို ပုံစံကိုက သြဇာရှိတဲ့ပုံပေါ်ပြီး လူတွေကလည်း သင့်နားမှာ ဝန်းရံချင်ကြတယ်။ တခါတရံမှာ Alpha သမားတွေဟာ တစ်ကိုယ်ကောင်းဆန်တတ်ကြပြီး ဒေါသထွက်လွယ်လို့ ပေါင်းရသင်းရခက်သူတွေလို့ပြောရင်လည်း မမှားပါဘူး။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..