သင်ရွေးချယ်တဲ့ တံခါးပေါက်တစ်ခုက ပြောပြမယ့် သင့်ဘဝလမ်းကြောင်း
lotaya.mpt.com.mm
|
2019-08-06

Shutterstock/By SusaZoom

လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဘဝတွေဆိုတာ ထပ်တူမညီနိုင်ကြပါဘူး။ ကျွန်တော်တို့လက်တစ်ဖက်ထဲက လက်ထောင်းအတိုအရှည်မညီတာကိုပဲကြည့်လေ။ စိတ်နေစိတ်ထားပေါ်လိုက်ပြီး ဖြတ်သန်းရမယ့် ဘဝလမ်းကြောင်းတွေဟာလည်း လိုက်ပြီး ပြောင်းလဲတတ်ပါသေးတယ်။ သင်ရော သင့်ဘဝလမ်းကြောင်းလေး ဘယ်လိုပုံစံမျိုးရှိမလဲဆိုတာ သိချင်ပါသလား။

ဒါဆိုရင်တော့အောက်မှာပေးထားတဲ့ ပုံလေး ၄ ပုံထဲက စိတ်ထဲမှာအရင်ဆုံးကြိုက်မိတဲ့ပုံလေး တစ်ပုံကို နှစ်ခါပြန်မစဉ်းစားဘဲ ရွေးလိုက်ပါနော်။ ပထမပုံကို ရွေးမိရင်တော့ (၁) မှာအဖြေရှာနိုင်ပြီး ဒုတိယပုံဆိုရင် (၂) မှာ၊ တတိယပုံဆိုရင် (၃) မှာနဲ့ စတုတ္ထပုံဆိုရင် (၄) တို့မှာအသီးသီး ဖတ်ကြည့်လိုက်ပါနော်။



Shutterstock/By SusaZoom

ပုံ (၁)



Shutterstock/By SusaZoom

ပထမဆုံးပုံကိုရွေးထားတယ်ဆိုရင်တော့ ရလဒ်ဟာ ဒီလိုပါ။ သင်ဟာအေးအေးချမ်းချမ်းနဲ့ဆိတ်ငြိမ်စွာ နေရထိုင်ရတာကို သဘောကျသူတစ်ဦးပါ။ ရှုပ်ရှုပ်ထွေးထွေးကိစ္စရပ်တွေနဲ့ ကိုယ့်ရဲ့ဘဝမှာ သူများကအာရုံလာနောက်တာတွေ၊ လုံးဝမပတ်သက်ချင်သူမျိုးလည်းဖြစ်နေပါတယ်။ ဒါကြောင့် သင်စိတ်ထဲမှာ တကယ်လိုချင်နေတဲ့ ဘဝလမ်းကြောင်းဟာ တစ်ယောက်တည်းရှိလည်း စိတ်ကျေနပ်မှုရရမယ်၊ ပျော်ရွှင်နေရမယ်၊ စိတ်ညစ်ညူးစရာတွေ မရှိတတ်တဲ့ ဘဝလမ်းကြောင်းမျိုးပေါ့။

ဘဝမှာပေါ်ပေါက်လာတဲ့အခွင့်အရေးမှန်သမျှကို တတ်နိုင်သလောက် လွယ်လွယ်ကူကူနဲ့လက်ခံလေ့ရှိမယ်။အရင်ကတည်းကဘဝဆိုတာ ကိုယ်စီတိုင်းအတွက် မတူညီတဲ့နည်းလမ်းတွေနဲ့ ကြမ်းစေတာမလား။အချုပ်အားဖြင့်ဆိုရင်တော့ သင့်ဘဝလေးဟာ သင့်ကို ဘက်ပေါင်းစုံက ထောက်ပံ့သူတွေ၊ ထောက်ပံ့မှုတွေရှိနေပြီးအခြေကျတည်ငြိမ်တဲ့ဘက်ကိုပဲ နောက်ဆုံးတော့ ဆိုက်ရောက်သွားမှာပါ။

ပုံ (၂)



Shutterstock/By SusaZoom

ပုံ ၂ ကို ရွေးမယ်ဆိုရင်တော့ သင်ဟာအမြဲတမ်းအရှေ့ကိုပဲ ဆက်လျှောက်နေတတ်တဲ့လူစားမျိုးလို့ ပြောချင်ပါတယ်။ တစ်နေရာထဲမှာအတည်တကျ ရပ်မနေနိုင်ဘဲ ပေါ်လာသမျှအခွင့်အရေးတွေကိုအသုံးချ၊ နောင်အဆင်မပြေတာ နောက်မှရှင်းမယ်၊အခုတော့ ရှေ့ဆက်လျှောက်မယ်ဆိုပြီး ခံယူချက်ထားထားပုံပါပဲ။ ဒါကြောင့် သင့်ဘဝရော၊ တခြားလူတွေအမြင်မှာ သင်ကရော သူတို့အတွက်တော့ လုံးဝခန့်မှန်းရခက်တဲ့လူစားမျိုးပါတဲ့။ ဒီလိုလူမျိုးတွေရဲ့ဘဝဟာအမြင့်ကိုရောက်ရင်လည်း မထင်မှတ်ထားဘဲဝုန်းခနဲရောက်သွားတတ်တာမျိုး ရှိပေမယ့် ဆိုးကျိုးအနေနဲ့ကတော့ သေသေချာချာဘာကိုမှမစဉ်းစားဘဲ တစွတ်ထိုးတစောက်ကန်းလုပ်တတ်တာပါပဲ။

ပုံ (၃)



Shutterstock/By SusaZoom

အပေါင်းအသင်းတွေနဲ့ တရုန်းရုန်းနေရတာကြိုက်တယ်၊အဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားဖို့ကြိုက်တဲ့ ဝင်ဆံ့သူလေးပေါ့။ ဒါကြောင့်လည်း ဘဝလမ်းကြောင်းဟာ ဆက်တိုက်ဆိုသလို စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်ကြည်နူးစရာ၊အတွေ့အကြုံအသစ်၊ လူအသစ်တွေနဲ့ ပြည့်နှက်နေပြီးအရောင်စုံနေတတ်ပါတယ်။အသစ်သစ်တွေကိုအမြဲမပြတ်စူးစမ်းလေ့လာဖို့ ကြိုးစားနေတတ်ကာ ဘဝရဲ့အလှအပတရားတွေကိုလည်း တကယ်ခံစားတတ်သူလေးတွေလည်ဖြစ်ပါသေးတယ်။ ဉာဏ်ကောင်းတယ်၊ ဟာသဉာဏ်ရွှင်တယ်၊ ချစ်ဖို့ကောင်းပြီး လူတွေကို ပျော်ရွှင်စေတတ်တာကြောင့် သင့်ရဲ့ဘဝခရီးလမ်းကို ပြောပြပါဆိုရင် ပြိုင်ပွဲဝင်ပြေးလမ်းထက် ဘဝကို ခရီးတစ်ခုသွားနေရသလိုပဲ စီးမြောလို့ကောင်းတဲ့ပုံစံမျိုးလေးပါလို့ ပြောချင်ပါတယ်။

ပုံ (၄)



Shutterstock/By SusaZoom

နောက်ဆုံးပုံကို ရွေးခဲ့သူလေးတွေအတွက်ကတော့ ဒီလိုပါ။ သင့်ဘဝမှာအထီးကျန်ခြင်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် သင်ကတော့အထီးကျန်ခြင်းကို လုံးဝမမှုတဲ့ပုံစံမျိုးနဲ့ နေထိုင်နေတတ်ပါတယ်။ တစ်ယောက်တည်းနေရတာကိုပဲ ခပ်ကြိုက်ကြိုက်ပေါ့။ ဒါကြောင့် သင့်ဘဝလမ်းကြောင်းဟာလည်း တည်တည်ငြိမ်ငြိမ်နဲ့ တစ်ယောက်တည်း ရှိတတ်တာပိုများနေပါလိမ့်မယ်။ ပတ်ဝန်းကျင်က ဖြစ်ပျက်သမျှအပူ၊အအေးစတဲ့ ခံစားချက်တွေကိုလည်း စိတ်ထဲမှာ စွဲနစ်နေအောင် ထည့်မထားတတ်သည့်အပြင်ကိုမှ စိတ်လှုပ်ရှားခြင်းလည်း များများစားစား ရှိမှာမဟုတ်ပါဘူး။

အတွေးအခေါ်ရော လုပ်ပုံကိုင်ပုံ သွားပုံလာပုံကအစအမြဲတမ်းအေးအေးဆေးဆေးလေးပဲ ရှိနေတတ်ပြီး လူစုလူဝေးတွေ၊ လူအများနဲ့ မပြုံးချင်လည်းပြုံးပြရ၊ စကားမပြောချင်လည်း ပြောရနဲ့ဆိုတဲ့ လူမှုဆက်ဆံရေးတေေွကိုလည်း ဝေးဝေးကရှောင်တတ်သူလေးတွေပါ။ ဘဝမှာ ချစ်ရသူပေါ်လာခဲ့ရင်လည်းအဲဒီသူကိုပဲ နှစ်နှစ်ကာကာစွဲစွဲလန်းလန်းရှိတတ်ပြီး ဘဝတစ်ခုလုံးပုံပေးတတ်သူလေးတွေပါတဲ့။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..