
Shutterstock/By Africa Studio
ဟုတ်ပါတယ်။ ဒီမေးခွန်းလေးတွေက နည်းနည်း ခက်ပါတယ်နော်။ တော်တော်များများလည်းအကုန်မှန်အောင်မဖြေနိုင်ပါဘူး။ ဒါကြောင့် သေချာလေးစဉ်းစားပြီးမှ ဖြေပါ။အဖြေမှန်တွေကိုတော့အောက်ဆုံးမှာဖော်ပြထားပါတယ်။
Shutterstock/By shutter_o
(၁) ရုံးဝန်ထမ်းနှစ်ယောက်ဟာ A4 နှစ်မျက်နှာကို စာစီဖို့အချိန် ၂ မိနစ်ပဲ ကြာပါတယ်တဲ့။ တကယ်လို့ A4 ၁၀ မျက်နှာကို ၂ မိနစ်အတွင်း စာစီချင်ရင် ဝန်ထမ်းဘယ်နှစ်ယောက်ကို စာစီခိုင်းရမလဲ။
(က) ၂ ယောက်
(ခ) ၅ ယောက်
(ဂ) ၁၀ ယောက်
Shutterstock/By MJTH
၂။ လူနှစ်ယောက် ကျောချင်းကပ်ထားရာကနေ ရှေ့ကို ၅ပေစီ လျှောက်တယ်။ ပြီးတော့ ညာဘက်ကို ကွေ့လိုက်ကြပြီး ၁၂ ပေစီ ထပ်လျှောက်တယ်။အခုသူတို့ကြားမှာ ဘယ်နှပေကွာသွားပြီလဲ။
(က) ၁၇ ပေ
(ခ) ၃၄ ပေ
(ဂ) ၂၆ ပေ
Shutterstock/By Art Alex
၃။ သန်ဘက်ခါမရောက်ခင်တစ်ရက်က စနေနေ့ရောက်ဖို့ (၅) ရက်အလိုဖြစ်တယ်ဆိုရင် ဒီနေ့ဟာ ဘာနေ့လဲ။
(က) စနေ
(ခ) တနင်္ဂနွေ
(ဂ) တနင်္လာ
Shutterstock/By Anatoliy Sadovskiy
၄။အုတ်နီခဲတစ်လုံးဟာ (တစ်ပိဿာ +အုတ်ခဲကျိုးတစ်ပိုင်း) ရဲ့အလေးချိန်နဲ့ ညီမျှတယ်ဆိုရင်အုတ်နီခဲတစ်လုံးက ဘယ်နှပိဿာ ရှိလို့လဲ။
(က) ၅၀ ကျပ်သား
(ခ) တစ်ပိဿာ
(ဂ) တစ်ပိဿာ ၅၀ ကျပ်သား
(ဃ) ၂ ပိဿာ
၅။အောက်ပါ ကိန်းတန်းမှာ နောက်ဆုံးက ကွက်လပ်မှာ ဘာဖြည့်ရမလဲ။
(က) 62
(ခ) 81
(ဂ) 109
အဖြေမှန်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ (ဂ) ၁၀ ယောက်
၂။ (ဂ) ၂၆ ပေ
၃။ (ခ) တနင်္ဂနွေနေ့
၄။ (ဃ) ၂ ပိဿာ
၅။ (ခ) 81
ကဲ…ဘယ်နှခုမှန်လဲ …ပြောကြည့်ပါဦး။
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။