သင်ရွေးချယ်တဲ့အရွက်လေးတွေက ပြောပြမယ့် သင့်ရဲ့အားသာချက်
lotaya.mpt.com.mm
|
2019-08-10

Shutterstock

ဒီစိတ်ပညာစမ်းသပ်ချက်ကတော့ သင်ဟာ ဘယ်လိုအားသာချက်တွေနဲ့ ဘဝကို ဖြတ်သန်းမယ့်သူလဲဆိုတာအဖြေရှာပေးသွားမှာ ဖြစ်ပါတယ်။အရွက် ၅ မျိုး ပေးထားတဲ့အနက် သင်အနှစ်သက်ဆုံး ဖြစ်တဲ့ တစ်မျိုးကို ရွေးချယ်ပြီး သင့်ရဲ့အားသာချက်အကြောင်းကို ဖော်ထုတ်လိုက်ပါ။


(၁) သင်ဟာ စွန့်စားတတ်တဲ့ စိတ်ခွန်အားရှိသူတစ်ယောက်ပါ။




Shutterstock/LAURA_VN

နံပါတ်တစ်အရွက်လေးကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ ဘဝနဲ့ ပတ်သက်လို့ သတ္တိအပြည့်ရှိသူဖြစ်ပြီး စိန်ခေါ်မှုတွေကိုလည်း ဘယ်တော့မှ မကြောက်တတ်ပါဘူး။အမြဲတိုးတက်ဖို့ ကြိုးစားနေသူဖြစ်ပြီး ဟန်ဆောင်မှုလည်း ကင်းပါတယ်။ သင့်ဘေးနားကလူတွေကလည်း သင့်ရဲ့ ရဲရင့်ရိုးသားမှုကြောင့် သင့်ကို ပိုပြီးချစ်ခင်လေးစားနေတာ ဖြစ်ကြပါတယ်။


(၂) သင်ဟာ လက်တွေ့ကျပြီးအမှီအခိုကင်းသူဖြစ်ပါတယ်။




Shutterstock/HAENG

နံပါတ်နှစ်အရွက်ကို ရွေးတဲ့သင်ဟာ လက်တွေ့ကျအမှီခိုကင်းသူမို့ သင်လျှောက်နေတဲ့ ဘဝလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုရှိသူဖြစ်ပါတယ်။အပေးအကမ်းရက်ရောပြီး သင်ချစ်တဲ့သူတွေအတွက်ဆို စွန့်လွှတ်စွန့်စားရမှာ ဝန်မလေးသူ ဖြစ်ပါတယ်။အများလုပ်လို့ လိုက်လုပ်ရတာထက် ကိုယ့်စိတ်က ကြိုက်မှလည်း လုပ်တတ်သူ ဖြစ်ပါတယ်။


(၃) သင်ဟာ ထိုးထွင်းမြင်နိုင်တဲ့ဉာဏ် သိပ်ကြီးသူပါ။




Shutterstock/Nattika

နံပါတ် (၃) ကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ သင့်ရဲ့ သိပ်ကိုနားလည်လွယ်ပြီး မြင့်မားတဲ့ ဉာဏ်ကြောင့် လောကမှာ ဖြစ်ပျက်နေတာတွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရာမှာ သိပ်ကို ကျွမ်းကျင်ပါတယ်။ ဒီလိုအတွေးအမြင်တွေ ကောင်းနေဖို့လည်း သင့်မှာ ကိုယ်ပိုင်အချိန် များစွာ လိုအပ်ပါတယ်။အကြံဉာဏ်ပေးရာမှာလည်း တော်ပြီး သူများတွေ မမြင်တဲ့အသေးစိတ်တွေကိုပါ သိမြင်တတ်သူပါ။


(၄) သင်ဟာ ပျော်တတ်ပြီးအကောင်းမြင်စိတ်ကြီးသူဖြစ်ပါတယ်။




Shutterstock/Veniamin Kraskov

နံပါတ် (၄) ကို ရွေးတယ်ဆိုရင် သင်ဟာ မွေးရာပါအကောင်းမြင်စိတ် ရှိသူဖြစ်ပါတယ်။ လွယ်လွယ်နဲ့ စိတ်မပျက်တတ်ဘဲအကောင်းမြင်တတ်လို့ ပျော်ရွှင်မှုကိုလည်းအမြဲရှာတွေ့သူဖြစ်ပါတယ်။ ဝမ်းနည်းစရာ ကြုံလာရင်တောင် ကိုယ့်ကိုယ်ကိုအမြန်ဆုံး ပြန်တည်ဆောက်နိုင်သူ ဖြစ်ပါတယ်။


(၅) သင်ဟာ ဉာဏ်ကောင်းပြီး လွတ်လပ်မှုကို မြတ်နိုးသူပါ။




Shutterstock/COLOA Studio

သင့်စိတ်က လွတ်လပ်ပြီး စိတ်ဝင်စားစရာတွေကိုအမြဲလိုချင်တာကြောင့် ပျင်းစရာကောင်းတဲ့ ဘဝဆိုတာမျိုးကို သင်မကြိုက်ပါဘူး။ ဘယ်သူမှ မတွေးမိတဲ့ ထူးထူးခြားခြားအတွေးစိတ်ကူးတွေလည်း ပိုင်ဆိုင်ထားသူပါ။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိပြီး သင့်ရဲ့အချိန်တွေ၊ မေတ္တာတရားတွေ၊ စိတ်ခံစားမှုတွေကိုလည်း တစ်ပါးသူတွေအတွက် ဝေမျှဖို့ ဝန်မလေးသူဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း သင့်ကို လူတွေ ပိုချစ်ကြတာပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..