သင်အကြိုက်ဆုံးပန်းတစ်ပွင့်ကို ရွေးချယ်ပြီး သင့်ရဲ့ လျှို့ဝှက်တဲ့အတွင်းစိတ်အကြောင်းပြောပြမယ်
lotaya.mpt.com.mm
|
2019-08-11

Shutterstock

ပန်းလေးတွေဟာ မတူညီတဲ့အလှတွေ ရှိကြသလို မတူညီတဲ့အဓိပ္ပါယ်ကိုယ်စီလည်း ရှိကြပါတယ်။ ပုံမှာပါတဲ့ ပန်းလေးတွေကို သေချာကြည့်ပါ။ သင့်ကိုကိုယ်စားပြုမယ့်ပန်းလေးတစ်ပွင့်ကို ရွေးချယ်ပါ။ ပြီးရင် သင်ရွေးချယ်လိုက်တဲ့ ပန်းလေးက ပြောပြမယ့် သင့်အတွက်အဖြေကိုအောက်မှာ ဖတ်ကြည့်လိုက်ပါနော်။

(၁) ခတ္တာပန်း



Shutterstock/ By Sophy Ru

ဆောင်ဦးကာလမှာပွင့်လန်းတဲ့ ခတ္တာပန်းပွင့်လေးတွေလိုပဲ သင်ကအဲ့လိုကာလတွေမှာအပျော်ဆုံးဖြစ်တယ်။ တခြားသူတွေကိုအကြံပေးရာမှာ၊အားပေးနှစ်သိမ့်ရာမှာ ဆရာကျသူတစ်ယောက်လည်းဖြစ်တယ်။ ဒါကြောင့်ပဲ သင့်အနားမှာအပေါင်းအသင်းတွေ ခပ်များများအမြဲရှိနေတတ်သူတစ်ယောက်ဖြစ်တယ်။ ခတ္တာပန်းတွေဟာအနှိုင်းမဲ့အလှမျိုးကို ပိုင်ဆိုင်ထားကြပြီး လှတာထက်ပိုတယ်ဆိုတဲ့ သဘောကို ဖော်ပြတဲ့ပန်းတစ်မျိုးပဲဖြစ်ပါတယ်။

(၂) လီလီပန်း



Shutterstock/ By szefei

လီလီပန်းလေးတွေလိုပဲ သင်ဟာအမြဲအားအင်ပြည့်ဝတက်ကြွနေဟန် ရှိသူတစ်ယောက်ပါ။ သင့်ရဲ့ လွှမ်းမိုးမှုရှိတဲ့ ပုံစံက တခြားသူတွေအတွက် စွဲဆောင်မှုတစ်ခုလိုဖြစ်နေတတ်ပါတယ်။ လူတွေက သင့်ရဲ့ ဒီလိုပုံစံကိုအားကျရတယ်။ ကိစ္စတိုင်းမှာ သင်မရှိရင် မပြည့်စုံသလို ခံစားရစေတယ်။ လီလီပန်းတွေက သန့်စင်မှုနဲ့ ကြော့ရှင်းတဲ့အလှကိုကိုယ်စားပြုတဲ့ ပန်းလေးတွေဖြစ်တယ်။ သင်ဟာအကောင်းမြင်စိတ်များပြီး စူးစမ်းစွန့်စားရတာကို သဘောကျသူတစ်ယောက်ဖြစ်တယ်။ ကိစ္စအသစ်တစ်ခုခုကို လုပ်ရတော့မယ်ဆိုရင်အစပိုင်းမှာအမြဲတက်ကြွနေပြီး..နောက်ပိုင်းမှာ ဆက်မလုပ်ပဲ တခြားအကြံဉာဏ်သစ်တွေနောက်ပဲ လိုက်လေ့ရှိတဲ့ လူမျိုးဖြစ်ပါတယ်။

(၃) နှင်းဆီပန်း



Shutterstock/ By Volosina

အနီရောင်နှင်းဆီလေးတစ်ပွင့်လိုပဲ သင်ဟာအမြင်လှအောင်နေသလို ကိုယ့်ဆီဦးတည်လာနေသူတွေကို ဆူးချွန်တွေနဲ့ ခပ်ရဲရဲ တုန့်ပြန်တတ်သူတစ်ယောက်ဖြစ်တယ်။ ပြောစရာရှိရင် ဝေ့ဝိုက်မနေဘဲ တည့်တိုးပြောတတ်တဲ့ သင့်ရဲ့ပုံစံကြောင့်အများစုရဲ့ ချစ်ခင်နှစ်သက်မှုကို ပိုင်ဆိုင်ရတယ်။ ပွင့်ပွင့်လင်းလင်းရှိသူ၊ ရဲရင့်သူ၊ ယဉ်ကျေးသူတစ်ယောက်ဖြစ်တယ်။ ကြိုတင်ပြင်ဆင်မှုရှိတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး ဘဝအတွက်လည်းအနာဂတ်အစီအစဉ်တွေ ကြံဆထားသူတစ်ယောက်ဖြစ်တယ်။ ကိုယ်လိုချင်တာကို ရအောင်ယူတတ်တာ သင့်အတွက် ကောင်းပေမယ့်လည်း တခါတလေမှာတော့ စိတ်ကိုဖြေလျှော့ပြီးအနားယူဖို့ လိုနေပါတယ်။

(၄) နှင်းဆီနက်



Shutterstock/ By SayHope

ရှားပါးတဲ့ နှင်းဆီနက်လိုပဲ သင်ဟာလည်းအများနဲ့မတူတဲ့ ပုံစံနဲ့ နေထိုင်သူတစ်ယောက်ဖြစ်တယ်။ သင့်ရဲ့ စိတ်ကူးအတွေးအခေါ်တွေဟာလည်းအခြားသူတွေထက် ထူးခြားမှုရှိတယ်။ နောက်လိုက်မဟုတ်၊အမြဲ ဦးဆောင်သူဖြစ်တယ်။ လူတွေကို ကိုယ့်ဘက်ပါအောင် စည်းရုံးတတ်ပေမဲ့ ဘယ်တော့မှ သူတို့အပေါ် မှီခိုလေ့မရှိတာလည်း သင့်ရဲ့အကျင့်တစ်ခုပါပဲ။

(၅) ကျုးလစ်ပန်း



Shutterstock/ By haru

ကျုးလစ်ပန်းလေးတွေဟာ ကျော်ကြားမှုနဲ့ ပြည့်စုံတဲ့ချစ်ခြင်းတို့ကို ကိုယ်စားပြုတယ်။ သင့်မှာအဲ့အရာနှစ်ခုစလုံးကို ပိုင်ဆိုင်ထားတယ်။ ကြင်နာတတ်ပြီး ချစ်ခင်သဘောကောင်းသူလို့ လူတွေက သင့်ကို သတ်မှတ်ထားတယ်။ သင်က စိတ်ခံစားချက်ကို ဦးစားပေးလွန်းတာကြောင့် တစ်ခုခုဆို ထိလွယ်ရှလွယ်လေ့ရှိတယ်။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် နှလုံးသားရော ဘဝတစ်ခုလုံးပါ ပုံအောပြီးချစ်လေ့ရှိတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အရေးကြီးပြီး ၊ တစ်ခါတလေဖြစ်တတ်တဲ့ မဝံ့မရဲမပြတ်သားတဲ့စိတ်တွေကို ပြင်ဆင်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

(၆) သစ်ခွပန်း



Shutterstock/ By RACOBOVT

သစ်ခွပန်းလေးတွေလိုပဲ သင်ဟာ ကမ္ဘာကြီးရဲ့ ဘယ်အရပ်ဒေသပဲရောက်ရောက် နေသားကျအောင် နေတတ်တယ်။ သစ်ခွတွေဟာအဖိုးတန်ဆုံးပန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။အဲ့ဒီလိုပဲ သင်ဟာ သာမန်ထက်ထူးခြားသူတစ်ယောက်ဖြစ်တယ်။ သင်ဟာအမြဲကြိုးစားသူတစ်ယောက်ဖြစ်ပြီး မျှော်မှန်းထားသမျှကို ရရှိအောင် စွမ်းဆောင်နိုင်သူတစ်ယောက်ဖြစ်တယ်။ ပြဿနာတွေဖြေရှင်းရာမှာလည်း ပါရမီရှိသူမို့ သူငယ်ချင်းတွေကြားအကြံပေးလည်း ဖြစ်တယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..