သရဖူတစ်ခုကို ရွေးချယ်ကာ သင့်အနာဂတ်အတွက်အဖြေရှာလိုက်ပါ
lotaya.mpt.com.mm
|
2019-08-13



Shutterstock/Elegant Solution

စိတ်ပညာမှာတော့ သင့်ရဲ့ မသိစိတ်က ရွေးချယ်မှုတွေ နှစ်သက်မှုတွေက သင့်ရဲ့အတွင်းစိတ်နဲ့အနာဂတ်ကို ထင်ဟပ်နေစေတယ်လို့ ယူဆကြပါတယ်။ ဒီတစ်ခေါက်မှာတော့အနာဂတ်ကို ပြောပြနိုင်တဲ့ သရဖူတွေက သင့်ကို စောင့်ကြိုနေပါတယ်။ သင့်စိတ်ထဲ သဘောအတွေ့ဆုံး သရဖူကို ရွေးချယ်ပြီး သင့်အနာဂတ်အကြောင်းအဖြေရှာလိုက်ပါ။


သရဖူ နံပါတ် (၁) “The Crown Of The Triple Goddess”




Shutterstock/Elegant Solution

နံပါတ် (၁) က သင့်ရွေးချယ်မှုဆိုရင်တော့ သင်ဟာအနာဂတ်မှာ သင့်အတွက် လေးနက်တဲ့ လူတွေကို ရှာဖွေနိုင်ပါလိမ့်မယ်။ သင့်ရဲ့အရာရာကိုအလိုလိုခံစားသိနိုင်တဲ့ စိတ်ကြောင့် လက်ရှိမှာတော့အနားကလူတွေနဲ့အဆင်မပြေတာမျိုးတွေ ရှိနေနိုင်ပေမယ့် ဘယ်သူက ဘယ်လိုဆိုတာ သင့်မှာ ခွဲခြားနိုင်စွမ်းရှိတာကြောင့် သင့်အတွက် တကယ်စစ်မှန်တဲ့ သူတွေနဲ့အနာဂတ်မှာ တွေ့လာနိုင်တာပါ။


သရဖူ နံပါတ် (၂) “The Crown Of Aphrodite”




Shutterstock/Elegant Solution

နံပါတ် (၂) သရဖူက သင့်ရွေးချယ်မှုဆိုရင်တော့ သင့်အနာဂတ်အတွက် ချစ်ခြင်းမေတ္တာတို့ဟာအသင့်စောင့်ကြိုနေပါတယ်။ လူတွေအပေါ် မေတ္တာထားတတ်၊ ဘဝအပေါ်အကောင်းမြင်တတ်ပြီး ဖြစ်လာသမျှကိုအလိုက်သင့် ရင်ဆိုင်ရဲတဲ့ သင့်ရဲ့ စိတ်ဓာတ်ကြောင့်အနာဂတ်မှာ သင်ဟာ ကမ္ဘာကြီးကို လွတ်လပ်စွာ စွန့်စားရှာဖွေသူတစ်ဦး ဖြစ်လာနိုင်ပါတယ်။


သရဖူ နံပါတ် (၃) “The Crown Of Royalty”




Shutterstock/Elegant Solution

ဒီနံပါတ် (၃) သရဖူက သင့်ရွေးချယ်မှုဆိုရင် သင့်အနာဂတ်အတွက်အောင်မြင်မှုတွေက ဆီးကြိုနေပါတယ်။ သင်ဟာ ရည်မှန်းချက်လည်း ကြီးသလိုအမြော်အမြင်လည်း ရှိသူဖြစ်တဲ့အပြင် သင်လိုချင်တာကို မရမချင်း လက်မလျှော့တတ်တဲ့ ဗီဇကြောင့် မလွဲမသွေ လိုချင်တဲ့ ပန်းတိုင်ရောက်မယ့်သူ ဖြစ်ပါတယ်။ သင့်ဘေးမှာအောင်မြင်နိုင်ချေရှိသူတွေကိုပဲ သင်ထားသလို သင့်အောင်မြင်မှုအတွက်အကျိုးမဖြစ်စေမယ့်သူတွေကိုလည်း သင်ဟာ ချန်ခဲ့ဖို့ ဝန်မလေးသူပါ။


သရဖူ နံပါတ် (၄) “The Crown Of The Druids”




နံပါတ် (၄) သရဖူကို သင်ရွေးတယ်ဆိုရင်တော့ သင်ဟာအနာဂတ်မှာအသိပညာဖြန့်ဝေသူတစ်ယောက် ဖြစ်လာမှာပါ။ သင်ကြားလေ့လာခြင်း၊ စာပေဖတ်ရှုခြင်းကို ဝါသနာပါတဲ့ သင်ဟာ ဘဝတစ်လျှောက်လုံး သင်ယူနေရမယ်ဆိုတဲ့ စိတ်မျိုးရှိသူဖြစ်ပါတယ်။ သင့်ဆီမှာ ရှိတဲ့အသိပညာနဲ့ ဗဟုသုတတွေကို ဖြန့်ဝေရတာလည်း သဘောကျသူဖြစ်တဲ့အတွက် လူတွေက တစ်ခုခုသိချင်တိုင်း သင့်ဆီပဲအားကိုးလာရှာကြမှာလည်း ဖြစ်ပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..