ရတနာကျောက်တုံးလေး ၆ တုံးကပြောပြမယ့် သင့်အကြောင်း
lotaya.mpt.com.mm
|
2019-08-15

Shutterstock

လူတစ်ယောက်ရဲ့ရွေးချယ်မှုဟာအဲဒီလူရဲ့စိတ်နေစိတ်ထားနဲ့ သက်ဆိုင်နေတယ်ဆိုတာ သင်သိပါသလား။ တကယ်တော့ လူတွေဟာ ကိုယ့်အကြောင်းကိုယ်အသိဆုံးလို့ ဘယ်လိုပဲပြောပြော ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်က ကိုယ့်အကြောင်းပြောပြတာကို နားထောင်ချင်ကြတာချည်းပါပဲ။ ဒီတော့ ဒီတစ်ခေါက်မှာလည်း ပရိတ်သတ်ကြီးရဲ့အကြောင်းကို ပြောပြပေးဖို့ ကျောက်တုံးလေး ၆ တုံးကို တာဝန်ပေးထားပါတယ်။ သင်တို့လုပ်ပေးရမှာကတော့ ရတနာကျောက်တုံး ၆ တုံးထဲက သင်တို့အမြင်အာရုံကိုပထမဆုံးဖမ်းစားနိုင်မယ့် ရတနာကျောက်တုံးလေး ၁ တုံးကို ရွေးချယ်ပေးပြီးအောက်မှာ နံပါတ်စဉ်အလိုက် ရလဒ်လေးတွေ ပြန်တိုက်ပေးရုံပါပဲ။ သင်ရွေးချယ်လိုက်တဲ့ ကျောက်လေးတွေရဲ့ စွမ်းရည်တွေဟာ သင့်ရဲ့စွမ်းရည်တွေနဲ့အတူတူပါပဲနော်။ ကဲ စလိုက်ကြရအောင်။


(၁)Opalite


Julian Popov /Shutterstock

နံပါတ် ၁ မှာရှိနေတဲ့ Opalite ဆိုတဲ့ ကျောက်တုံးလေးကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သင့်အကြောင်းက ဒီလိုပါ။ ကျောက်လောကမှာရော သဘာဝစွမ်းအင်အရရော Opalite ကျောက်လေးတွေဟာ စွမ်းအင်နဲ့စွမ်းရည်းပြည့်ဝရုံတင်မကဘဲ မြင့်မားတဲ့အထဲမှာ ပါဝင်လို့နေပါတယ်။ Opalite ကိုဆောင်ထားရင် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာမှာ ကောင်းကျိုးတွေဖြစ်စေတတ်တယ်လို့အယူရှိတာကြောင့် ဒီရတနာလေးကို ရွေးချယ်လိုက်တဲ့သင်ဟာ ပေါင်းသင်းဆက်ဆံရာမှာ ဆရာတစ်ဆူပါပဲ။ ကြွားဝါခြင်းတွေ၊ ဂုဏ်မောက်ခြင်းတွေကိုအတွင်းစိတ်ထဲက မနှစ်ခြိုက်တတ်ဘဲ ဘဝကို ပျော်ရွှင်ပေါ့ပါးလွတ်လပ်စွာ နေလိုသူလေးတွေလည်း ဖြစ်လို့နေပါတယ်။ တစ်ခါတစ်ရံစိတ်တိုဒေါသထွက်တဲ့အခါမျိုးမှာတောင် ပေါက်ကွဲမပစ်ဘဲ တစ်ရောသွားပြီး စိတ်ကိုတည်ငြိမ်စွာနေရင်း ဒေါသစိတ်တွေကို ပြေပျောက်အောင် လုပ်တတ်တဲ့အကျင့်လည်း ရှိနေပါသေးတယ်။ စိတ်ဒဏ်ရာရသည့်တိုင်အောင် ကြာကြာမခံစားတတ်ဘဲ မေ့ဖျောက်တတ်သူလေးလည်း ဖြစ်ပါတယ်တဲ့။ သင့်ဘဝမှာအခက်အခဲတွေကတော့ မုန်တိုင်းကြီးတွေလို တစ်လုံးပြီးတစ်လုံးအင်နဲ့အားနဲ့ တိုက်ခတ်လာမှာဖြစ်ပေမယ့်လို့ သင်ရဲ့စိတ်ဓာတ်ဟာအဲဒီမုန်တိုင်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မယ့် ခိုင်မာခြင်းမျိုး၊ မုန်တိုင်းဒဏ်ကိုအသက်သာဆုံးနည်းလမ်းနဲ့ရှင်သန်ဖို့အတွက် ဉာဏ်ပညာနဲ့ပြည့်ဝခြင်းမျိုးတွေ ရှိနေတဲ့ လူစားမျိုးပါ။ ဒါပေမဲ့ စိတ်ခံစားချက်မှာတော့ ထိရှလွယ်တဲ့ စိတ်ခံစားချက်မျိုး ရှိနေတတ်ပြီး တစ်စုံတစ်ယောက်ရဲ့ ကာကွယ်မှုဆန်ဆန်အရိပ်အာဝါသအောက်မှာ နေချင်နေတတ်သူလည်းတစ်ယောက်လည်း ဖြစ်ပါတယ်။


(၂) Malachite


Zelenskaya /Shutterstock

Malachite ကျောက်လေးကတော့အတွင်းစိတ်အလှကို ကောင်းကောင်းကြီးကိုယ်စားပြုနေပါတယ်။ နောက်ပြီး ပြောင်းလဲခြင်းတွေ၊အခြေအနေလွဲမှားခြင်းတွေမှာ ကောင်းသောပြောင်းလဲခြင်းမျိုး၊ လွဲမှားခြင်းမျိုးဖြစ်အောင်အဆောင်အနေနဲ့ ဆောင်ထားလေ့ရှိပြီး စိတ်ဓာတ်ကိုပိုမိုကြံ့ခိုင်လာအောင်လည်း ရတနာလေးတွေ လုပ်ဝတ်လေ့ရှိကြပါတယ်။ ဒီတော့ ဒီကျောက်လေးကို ရွေးချယ်လိုက်သူတွေဟာ သူတို့ရဲ့အချစ်ရေးမှာအမြဲတမ်းလိုလို ပြောင်းလဲခြင်းအကြီးကြီးတွေနဲ့ ကြုံတွေ့နေရမှာဖြစ်တာကြောင့်အပြောင်းအလဲတိုင်းကို ပညာရှိစွာနဲ့ ရွေးချယ်မှုမှန်ကန်အောင် စဉ်းစားဆုံးဖြတ်တတ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ မကောင်းမြင်စိတ်ရှိသူတွေနဲ့ ခပ်ဝေးဝေးမှာနေလိုပြီး မဖြစ်မနေပတ်သက်ဆက်ဆံရမယ်ဆိုရင်တောင်အချိန်အတိုင်းအတာတစ်ခုအထိပဲ သည်းခံပေါင်းသင်းတတ်တဲ့ လူမျိုးလေးတွေပါ။ သတိထားရမှာကတော့ သင်ဟာ ပေးဆပ်သူအဖြစ် စိတ်ထဲမှာ ခံယူထားတဲ့အချက်ကိုပါပဲ။ ကိုယ့်ကချည်းပေးဆပ်နေတော့ ကြာရင်သင်တို့ရဲ့ စိတ်လေးတွေ လုံးပါးပါးလာပါလိမ့်မယ်နော်။ “ဟင့်အင်” လို့အကူအညီတောင်းသူတိုင်းကို ငြင်းနိုင်စွမ်းမရှိလောက်အောင်အားနာတတ်သူလေးတွေလည်းဖြစ်ပါသေးတယ်။


(၃) Sunstone


ntv /Shutterstock

ကြွယ်ဝခြင်းကိုကိုယ်စားပြုနေတဲ့ Sunstone လေးတွေကတော့အမှီအခိုကင်းခြင်းနဲ့ စစ်မှန်ခြင်းတွေကို ကိုယ်စားပြုနေပါတယ်။ သူ့ကိုဆောင်ထားရင် ကိုယ်တတ်မြောက်တဲ့ပညာတွေကို ဖော်ပြရာမှာ ကောင်းကျိုးတွေယူဆောင်လာပေးတဲ့အပြင်အောင်မြင်နဲ့သာယာဝပြောခြင်း၊ ကံကောင်မှုတွေကိုလည်း ယူဆောင်လာတတ်တယ်လို့အယူရှိကြပါတယ်။ ဒီတော့ Sunstone လေးကို ရွေးချယ်လိုက်သူကတော့အကောင်းမြင်ဝါဒီသမားတစ်ယောက်ဆိုတာအသေအချာပါပဲ။ သင့်ရဲ့အနာဂတ်ဟာလည်း ကျောက်လေးရဲ့အရောင်အတိုင်း ထွန်းလင်းတောက်ပမှုတွေသာ ကြုံတွေ့ရမှာဖြစ်ပြီး နောက်ကိုလှည့်ကြည့်တတ်တဲ့လူမျိုးမဟုတ်ဘဲ ရှေ့ကိုသာ ဆက်ဆက်လျှောက်နေတတ်သူလည်းဖြစ်ပါသေးတယ်။ သင့်ဘဝကြီးဟာအရာရာမျှတမှုရှိတယ်၊ လိုက်လျောညီထွေဖြစ်ပြီး ရိုးရိုးရှင်းရှင်း၊အညွန့်တလူလူနဲ့ဖြစ်နေတတ်ပြီးအသင်းအဖွဲ့နဲ့လည်းနေတတ်သူလေးတွေပါ။


(၄) Mahogany Obsidian


Mehmet Gokhan Bayhan /Shutterstock

အင်အားနဲ့ ရန်သူမှန်သမျှအောင်မြင်စွာရင်ဆိုင်နိုင်မယ့် စွမ်းအားတွေပေးတယ်လို့အယူရှိကြတဲ့ ဒီရတနာကျောက်လေးကို ရွေးချယ်လိုက်ရင်တော့ သင့်ဘဝမှာ ငြီးငွေ့ဖွယ်အဟောင်းတွေထဲက ဖောက်ထွက်ပြီး လမ်းသစ်ဖောက်ကာလျှောက်ဖို့အချိန်တန်ပြီလို့အကြံပေးချင်ပါတယ်။ ကံကောင်းခြင်းတွေနဲ့ပြည့်စုံပြီး တင့်တယ်လွန်းတာကြောင့် မနာလိုဝန်တိုမှုတွေကို ဘယ်သူ့အပေါ်မှာမှမထားသင့်ဘူးဆိုတာလေးလည်း သတိပေးပါရစေနော်။ ပြဿနာကတော့ ဘဝကိုအရမ်းပြီးပြည့်စုံလွန်းချင်နေတဲ့ စိတ်ထားကြောင့် မလိုလားအပ်ဘဲ စိတ်ဖိဆီးမှုတွေ၊ မကျေမနပ်မှုတွေ၊အားမရမှုတွေနဲ့ စိတ်ဆင်းရဲခံနေတတ်တဲ့ သင်ပါပဲ။ တကယ်တော့ သင်ဟာအများသူတွေရဲ့အားကျမှုကို တိတ်တခိုးခံနေရတဲ့သူဆိုတာ သင်မသိသေးလို့ပါ။ ကိုယ့်ဘဝကိုပြန်ပြီး စမ်းစစ်ကြည့်လိုက်ပါ၊ ဘယ်လောက်ပြီးပြည့်စုံတယ်ဆိုတာ တွေ့ပါလိမ့်မယ်။


(၅) Howlite


Nyura /Shutterstock

မိုးပြာရောင်ရှိနေတဲ့ Howlite ကျောက်လေးတွေကတော့ စိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေတယ်လို့အယူရှိနေပါတယ်။ ပြင်ပအနှောက်အယှက်တွေကို ဖယ်ရှားပေးနိုင်တာမလို့ စိတ်ရဲ့တည်ငြိမ်မှုကို ကောင်းစွာရစေတာပါ။ ဒါကြောင့်လည်း တရားထိုင်တဲ့နေရာတွေ တော်တော်များများမှာအလှဆင်ကျောက်တုံးတွေ၊အဆောင်တွေအဖြစ်အသုံးပြုကြတာပေ့ါ။ စိတ်ဖိဆီးမှုတွေ၊ စိုးရိမ်မှုတွေကို လျော့ကျစေတဲ့ တည်ငြိမ်မှုရတနာကျောက်တုံးလေးပါ။ ဒီကျောက်လေးကို ရွေးချယ်လိုက်မယ်ဆိုရင်တော့အိပ်မက်တွေကို လက်အလွှတ်မခံလိုက်ပါနဲ့လို့ ရှေးဦးစွာ ပြောချင်ပါတယ်။ ကျားမှာမဖျောက်ဖျက်နိုင်တဲ့အစင်းတွေရှိသလိုမျိုး သင့်ဘဝသင်လည်း ပြောင်းလဲမှုတွေ လုပ်လို့မရဘူးဆိုပြီး စိတ်ထဲမှာ စွဲမှတ်ထားတာမျိုးကို လုံးဝဖျောက်ဖျက်ဖြစ်လိုက်ပါ။ တခြားသူတစ်ယောက်ကို ကိုယ့်ရဲ့ဘဝပုံပေးပြီး ကြိုက်သလိုစီရင်ခွင့်ပေးနေတာကိုလည်း ရပ်တန်းကရပ်လိုက်ပါတော့။ သင့်ဘဝရဲ့ကောင်းသောပြောင်းလဲခြင်းတွေကို ကြုံတွေ့ရဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး ကိုယ်လိုချင်တဲ့ဘဝကို မဖြစ်ဖြစ်အောင်တည်ဆောက်လိုက်စမ်းပါ။


(၆) Dalmatian Jasper


Coldmoon Photoproject /Shutterstock

စိတ်ခံစားချက်တွေနဲ့ ပြုလုပ်လိုက်တဲ့အပြုအမူတွေကို ထိန်းညှိပေးပြီးအဆိုးရွားဆုံးအခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရင်တောင် တည်ငြိမ်မှုကို ဖြစ်ပေါ်စေတယ်၊ မှန်ကန်တဲ့ရွေးချယ်မှုတွေကိုလည်း လမ်းပြပေးတတ်တယ်ဆိုတဲ့အယူအဆမျိုးရှိနေပါတယ်။ Dalmatian Jasper ကို ရွေးလိုက်သူဟာ မေတ္တာတရားတွေလွှမ်းခြုံထားလေ့ရှိပြီး ပျော်ပျော်နေတတ်တယ်၊ ဘဝမှာသူများတွေထက်အသက်ဝင်ဝင်နေထိုင်တတ်သူလေးတွေပါ။ စွန့်စားရတာတွေနဲ့ မိတ်ဆွေသစ်တွေကို ဘဝထဲသွင်းဖို့အတွက်အမြဲတစေရှာဖွေလေ့ရှိပြီး ဘဝမှာမပျော်ရွှင်တဲ့ရက်ဆိုလို့ မရှိသလောက်ပါပဲတဲ့။ ဒါပေမဲ့ သင့်ရဲ့အတိတ်ကာလက နာကျင်စရာအဖြစ်အပျက်တွေကိုတော့ လက်လွှတ်ပေးလိုက်ဖို့အချိန်သင့်နေပါပြီ။ ခွင့်လွှတ်သင့်တာခွင့်လွှတ်၊ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသင့်တာဆိုရင်လည်း ဖြေရှင်းလိုက်ကာ ဘဝကိုအခုပျော်တာထက်အဆပေါင်းများစွာအချုပ်အနှောင်ကင်းကင်းနဲ့ ပျော်ဖို့အချိန်သင့်နေပါပြီနော်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..