လိပ်ပြာလေး (၆) ကောင်က ယူဆောင်လာတဲ့သင့်လက်ရှိဘဝအတွက်အမှာစကား
lotaya.mpt.com.mm
|
2019-08-17



တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့ဘဝကြီးဟာ ကူကယ်ရာမဲ့နေသလိုလို၊ လက်ရှိရောက်နေတဲ့အနေအထားမှာပဲ ဆက်နေရမလိုလို လမ်းကြောင်းပြောင်းရမလိုလို၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ စိတ်ဓာတွေကျပြီး လမ်းတွေပျောက်နေတတ်ကြပါတယ်။ တခြားလူဆီမေးမြန်းပြီးအကြံပေးခိုင်းဖို့ဆိုတာလည်း ကိုယ်ကိုယ်တိုင်တောင် ဘာဘာမှန်းသေချာမှမသိတာ။အဲဒီလိုအခြေအနေမျိုးတွေကို ပြေလည်သွားစေပြီး လက်ရှိသင့်ဘဝအတွက် လိုအပ်နေတဲ့အကောင်းဆုံးအကြံပေးအမှာစကားတွေကိုသိရဖို့ ဒီလိပ်ပြာလေး ၆ ကောင်က ဖော်ဆောင်ပေးသွားမှာပါ။ သင်လုပ်ရမှာကတော့ နံပါတ်တပ်ထားတဲ့ လိပ်ပြာလေး ၆ ကောင်ထဲက တစ်ကောင်ကိုရွေးပြီး သူ့နံပါတ်အတိုင်းအမှာစာတွေကိုအောက်မှာ သွားဖတ်ရုံပါပဲနော်။


suns07butterfly /Shutterstock

(၁) နံပါတ် ၁ လိပ်ပြာလေးကိုရွေးလိုက်မယ်ဆိုရင်တော့ သင့်ဘဝမှာပြောင်းလဲမှုတွေ ကြုံတွေ့နေခဲ့ရပြီးပါပြီ။ ဖြစ်ပြီးခဲ့တာတွေလည်း ဖြစ်ပြီးခဲ့ပြီမလို့အဲဒီအဖြစ်အပျက်ထဲကနေ သင်ခန်းစာတစ်ခုကို ရအောင်ယူလိုက်ပါ။ ဒီကိစ္စရပ်ကိုကြုံတွေ့ရတယ်ဆိုတာအနာဂတ်မှာ ကောင်းခြင်းအဖြာဖြာသင့်ကိုစောင့်ကြိုနေလို့ပဲလို့ မှတ်ယူလိုက်ပါတော့။ ဒီလိုကောင်းခြင်းတွေနဲ့တွေ့ရဖို့အတွက် သင့်ဖက်ကအတိတ်ဖြစ်ရပ်ထဲက ရုန်းထွက်ပြီး သတ္တိရှိစွာနဲ့ မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာ၊ ဒါပေမဲ့ သင့်စိတ်ထဲက ဖြစ်ချင်နေတဲ့အရာတစ်ခုကို လုပ်ရပါလိမ့်မယ်။အိပ်မက်တွေကို ပြန်လည်နှိုးဆွပါ။ မေတ္တာတရားကိုရှေ့တမ်းတင်ပြီးအရာရာလုပ်ကိုင်ပါ။


suns07butterfly /Shutterstock

(၂) လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ကိုယ့်ရဲ့ဒေါသတွေ၊ မာန်မာနတွေမထိန်းနိုင်လို့ ဖြစ်ပျက်ခဲ့ရတယ်ဆိုတာ သင်မေ့နေပြီလား။ ဒေါသကြီးရင်ဘာမဆို မစဉ်းစားမဆင်ခြင်နိုင်တော့ဘဲ စိတ်ထဲပေါ်လာတဲ့အတိုင်း လက်တွေ့မှာလုပ်တတ်တာမျိုးတွေကို ပညာရှိနည်းနဲ့ ဆင်ခြင်ပါ။ ခေါင်းမာတာတွေလျှော့၊အရမ်းကြီးပုံအောမချစ်မိလိုက်စေပါနဲ့။ ဒါဆိုသင်ဘဝလေးအေးချမ်းသွားပါလိမ့်မယ်။


suns07butterfly /Shutterstock

(၃)အကောင်းကြိုက်တယ်၊အမြင့်မှန်းတယ်။ ဒါပေမဲ့ ဒီလိုအောင်မြင်မှုတွေဟာ သင့်ဆီကို လွယ်လွယ်နဲ့တော့ရောက်လာမှာမဟုတ်ပါဘူး။ ပိုကောင်းတဲ့အနေအထားကို နေ့စဉ်ဖြေးဖြေးချင်းတက်လှမ်းဖို့ကြိုးစားပါ။ မနက်ဖြန်အတွက် ဒီနေ့ကတည်းက ပြင်ဆင်ထားပါ။ သင့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ထုဆစ်ပုံဖော်ရမယ်ဆိုတာ မမေ့ပါနဲ့။ နေ့ရက်တိုင်းကို ခွန်အားပြည့်ပြည့်ဝဝနဲ့ မေတ္တာတရားရှေ့တမ်းတင်ပြီး ရှေ့ကိုပဲကြည့်လျှောက်ပါ။ ပန်းတိုင်ဟာမဝေးတော့ပါဘူး။


ArchMan /Shutterstock

(၄) ဘဝကိုရှုထောင့်အသစ်ကနေ ကြည့်ဖို့အတွက်အချိန်ကျရောက်လို့နေပါပြီ။ သင့်ရဲ့ဘဝဟာ ဖြစ်ချင်တာတွေ၊ တိုးတက်ချင်တာတွေများလွန်းလို့ ဘဝရဲ့အလှအပတရားတွေကိုတောင် သင့်မှာမခံစားနိုင်ရှာတော့တာကို သတိထားမိရဲ့လား။ မိသားစုအတွက်အချိန်မပေးဖြစ်တာ၊ မိတ်ဆွေတွေကို ရှောင်ဖယ်မိနေတာ၊ ချစ်ရသူကိုပစ်ထားမိနေတာအပြင် သင့်မှာပျော်ရွှင်မှုရော ရှိပါသေးရဲ့လား။ ဒါကြောင့် ဘဝမှာတစ်ခါလေးပဲဖြစ်ဖြစ် ပြေးလမ်းကြောင်းပေါ်မှာ ခဏလေးအရှိန်သတ်ပြီးအနားယူကြည့်ပါ။ လမ်းသစ်တွေ၊ ပျော်ရွှင်မှုအသစ်တွေ၊ ခံစားချက်အသစ်တွေကို ရပါလိမ့်မယ်။ ဒါပေမဲ့လည်း သင့်ရဲ့မသိစိတ်ကတော့ ရောက်နေတဲ့နေရာထက်ကိုအမြဲတမ်းပိုပိုအထက်ကိုတက်ချင်နေဦးမှာပါပဲ။


suns07butterfly /Shutterstock

(၅) နေထိုင်လာခဲ့တဲ့ဘဝတစ်ခုလုံးစာပဲ ခင်မင်ခင်မင်၊ ခင်တာ ၅ နာရီလောက်ပဲ ကြာကြာ ဘယ်လိုလူမျိုးက သင့်ကိုအကူအညီလာတောင်းတောင်း မငြင်းနိုင်ဘဲ ကူညီတတ်သူလေးပေါ့။ ဒါပေမဲ့လည်း တစ်ခါတစ်လေမှာ ကိုယ်ကပဲပေးဆပ်သူဖြစ်နေရပြီး ရယူခြင်းမရှိတဲ့အခါအလိုမကျဖြစ်နေရတယ်မလား။ ဒီအတွက်ဘာမှ သောကရောက်မနေပါနဲ့။ သင်မွေးဖွားလာကတည်းကိုက နတ်သား သို့မဟုတ် နတ်မိမယ်တစ်ယောက်ရဲ့ စိတ်ထားနဲ့မွေးဖွားလာသူဆိုတာ သတိပေးပါရစေ။ ကိုယ်ကူညီနိုင်ရင် စေတနာထားပြီး စိတ်သန့်သန့်နဲ့ကူညီလိုက်ပါ။ မကူညီချင်တော့ဘူးဆိုရင်တော့ ငြင်းတတ်အောင်အခုကတည်းက ကြိုးစားပါတော့။


suns07butterfly /Shutterstock

(၆) ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မွေးဖွားလာတဲ့သင့်အတွက်အခုအချိန် ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်သိနေပါတယ်။ လေးနက်တဲ့စိတ်ထား၊ တာဝန်ယူတတ်တဲ့စိတ်ဓာတ်တွေကြောင့်လည်း ပြဿနာဟာ လျှင်လျှင်မြန်မြန်ပဲ ဖြေရှင်းပြီးသွားပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ကိစ္စတိုင်းကို မလိုအပ်ဘဲအရမ်းကြီးလေးလေးနက်နက်နဲ့ စိတ်နှစ်မထားဖို့ပါပဲ။ နောက်ပြီးအခုအချိန်ဟာ ပျော်ရွှင်မှုတွေကို ကောင်းကောင်းကြီးခံစားရဖို့အသင့်လျော်ဆုံးပါပဲနော်။ ခဏလောက် စိတ်ရောကိုယ်ကိုပါအနားပေးပါ။ ခဏလေးအနားပေးလိုက်ရုံနဲ့ စတားတစ်ယောက်မဖြစ်မှာမှမဟုတ်တာနော်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..