သင်သွားလိုတဲ့ လမ်းတစ်ခုကို ရွေးချယ်ပြီး သင့်ရဲ့ ဘဝပုံရိပ်ကို ရှာဖွေကြည့်ပါ
lotaya.mpt.com.mm
|
2019-08-18



ကျွန်တော်တို့ ရွေးချယ်မှုတစ်ခုပြုလုပ်လိုက်တိုင်းအဲ့ဒါရဲ့အကျိုးဆက်က ကျွန်တော်တို့အပေါ် သက်ရောက်မှုတစ်ခုအမြဲရှိလေ့ရှိပါတယ်။ တကယ်တော့ လက်ရှိကိုယ့်ဘဝဖြစ်တည်မှုဆိုတာကိုက ဘဝတစ်လျှောက် ကိုယ့်ရဲ့ရွေးချယ်မှုတွေအရ ပုံပေါ်လာတာပဲ မဟုတ်ပါလား။အခု ဒီ Test လေးကလည်း ဒီသဘောတရားကိုပဲအခြေခံပါတယ်။ ရွေးချယ်မှုတစ်ခုပြုလုပ်ပြီး သင့်ရဲ့ ဘဝပုံရိပ်ကို ပြန်ဖော်ကြည့်ဖို့ပါပဲ။အပေါ်က ပုံလေးကို သေချာပြန်ကြည့်ပေးပါ။ သင်တစ်ယောက်တည်း သွားရမယ့်လမ်းတစ်ခုကို ရွေးပါဆိုရင်အဲ့ဒီလမ်း (၃) ခုထဲက ဘယ်လမ်းကိုများ ရွေးချင်ပါသလဲ။

ရွေးချယ်လို့ ပြီးပြီဆိုရင်တော့ သင့်အတွက်အဖြေကိုအောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါနော်။

(၁) ကွေ့ကောက်ကောက်လမ်းမ




Shutterstock/By Daniel_Kay

သင်က စိတ်ရှည်သည်းခံတတ်သူတစ်ယောက်ဖြစ်တယ်။ သင့်ရဲ့ လုံ့လဝိရိယကောင်းမွန်မှုကြောင့် မထင်မှတ်ထားတဲ့အကျိုးကျေးဇူးတွေ ခံစားရလေ့ရှိတယ်။ တချို့ကတော့ သင့်ကို မပြတ်သားဘူး။ တွေဝေတတ်တယ်လို့ ထင်ကြပေမဲ့ သင်ကတော့ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံဖို့လမ်းကိုပဲ ရွေးလေ့ရှိတယ်။ ဆုံးဖြတ်ချက်တွေချဖို့ရှိလာရင်လည်း ဘေးလူတွေရဲ့အမြင်ထက် ကိုယ့်အတွင်းစိတ်က လာတဲ့ စိတ်ကူးနောက်ကိုပဲ လိုုက်လေ့ရှိပြီးအဲ့ဒီအတွက် ဖြစ်လာမယ့်အကျိုးဆက်ကိုလည်း ကျေနပ်စွာ ခံယူတတ်သူတစ်ယောက်ဖြစ်ပါတယ်။

(၂) ဖြောင့်ဖြူးသောလမ်းမ




Shutterstock/By SergeyIT

သင်ဟာ ဘဝတစ်လျှောက်မှာအတက်အကျ၊အကွေ့အကောက်တွေနဲ့ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရမှုတွေကို ဖြတ်သန်းလာပြီးပြီဖြစ်လို့အေးဆေးတည်ငြိမ်ပြီး ချောမွေ့ပြေပြစ်တဲ့ ဘဝလမ်းမျိုးကိုသာ ရွေးချယ်လိုသူတစ်ယောက်ဖြစ်တယ်။ ဘဝမှာ စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေလည်းအတော်အသင့် ရှိခဲ့ပြီးဖြစ်သလို၊ ကြေကွဲဝမ်းနည်းဖွယ် ဇာတ်လမ်းမျိုးစုံကိုလည်း ကြုံခဲ့ဖူးပြီမို့ နောက်ဆုံးမှာအေးငြိမ်းတည်ငြိမ်မှုကိုသာ လိုချင်တော့တာပဲဖြစ်တယ်။ တခြားသူတွေက ဒီလမ်းဟာ ပျင်းဖို့ကောင်းတယ်လို့ ထင်နိုင်ပေမယ့်လည်း သင့်အတွက်တော့အခြေအနေတိုင်းမှာ ပျော်ရွှင်အောင်နေတတ်ပြီဆိုတာကို သူတို့မသိကြသေးတာပဲဖြစ်ပါတယ်။

(၃) ကြမ်းတမ်းတဲ့လမ်း




Shutterstock/By paulista

သင်က ကျဉ်းထဲကြပ်ထဲကျရောက်ပြီး ခက်ခဲတဲ့ရွေးချယ်မှုတွေ လုပ်ရတာ သဘောကျသူဖြစ်ပါလိမ့်မယ်။ စွန့်စားရတာကိုမှ နှစ်သက်ပြီး ဘာပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ ပုံသေအစီအစဉ်မရှိတာက သင့်ရဲ့ စတိုင်ပါပဲ။ တခါတလေတော့လည်းအဲ့ဒီစတိုင်ကြောင့်ပဲ ဒုက္ခခဏခဏ ရောက်ရပါသေးတယ်။ ဒါပေမဲ့ ကြုံခဲ့ရသမျှက သင့်အတွက် ဘဝသင်ခန်းစာတွေပဲမို့အဲ့ဒီဒုက္ခတွေကပဲ ယနေ့သင်ဆိုတာကို ဖြစ်လာစေတာပါပဲ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..